နယ်သာလန်ကုမ္ပဏီ Lightyear မှနေရောင်ခြည်စွမ်းအင်ဖြင့်မောင်းနှင်သည့်ကားကိုပြသလိုက်ပါသည်။
ယင်းကားကို Lightyear One ဟုအမည်ပေးထားပြီး နေရောင်ခြည်မှပြောင်းလဲလိုက်သည့်လျှပ်စစ်စွမ်းအင်များကိုဘက်ထရီထဲတွင်ထည့်သွင်းသိမ်းဆည်းထားပါသည်။
ဘက်ထရီကိုအားအပြည့်သွင်းထားပါကမိုင် ၅၀၀ မောင်းနှင်နိုင်ပါသည်။
နေရောင်ခြည်အလွန်ရရှိသည့်ဒေသများတွင်တစ်ခါအားသွင်းထားပါကလနှင့်ချီတောင်မောင်းနှင်နိုင်သည်ဟု ကုမ္ပဏီကပြောကြားပါသည်။
အီလက်ထရစ်ကားများသည်အားသွင်းစက်ကွန်ရက်များရှိသည့်ဒေသများမှာသာမောင်းနှင်နိုင်သည့်အတွက်ကုမ္ပဏီမှပြောသည့်အတိုင်းသာလနှင့်ချီမောင်းနှင်နိုင်မည်ဆိုပါကအလွန်အဆင်ပြေမည်ဖြစ်ပါသည်။
နေရောင်ခြည်အနည်းငယ်သာရရှိရင်တောင်ယင်းကားကိုအားဖြည့်နိုင်သည်ဟုကုမ္ပဏီမှပြောပါသည်။
ထို့ပြင်နေအိမ်သုံးအားသွင်းပလက်ပေါက်များမှတောင်ကားကိုအားဖြည့်နိုင်ပါသည်။
တစ်နာရီကြာ 3.7kW အားသွင်းပေါက်မှအားဖြည့်ပါက ၂ မိုင်မောင်းနှင်နိုင်သည်ဟုကုမ္ပဏီမှပြောပါသည်။
ကား၏ခေါင်းမိုးများတွင်တပ်ဆင်ထားသည့် Solar Panel များမှရရှိသည့်လျှပ်စစ်ကိုကားတင်မကနေအိမ်၊ စမတ်ဖုန်းလိုအီလက်ထရောနစ်ကိရိယာများနှင့်အခြားအီလက်ထရစ်ကားများကိုအားဖြည့်ပေးနိုင်ကြောင်းသိရသည်။
Lightyear ကိုတည်ထောင်သူများသည်ယခင်က Solar Team Eindhoven အဖွဲ့ဝင်များဖြစ်ပြီး ယင်းအဖွဲ့တွင်လူလေးယောက်စီး Stella အမည်ရနေရောင်ခြည်စွမ်းအင်သုံးကားကိုတီထွင်ခဲ့ဖူးပါသည်။
ယင်းကားကို ၂၀၁၄ ခုနှစ်တွင်အမေရိကန်တွင်မောင်းနှင်ပြသခဲ့ဖူးပါသည်။
ကုမ္ပဏီက Lightyear One ကို ၂၀၁၉ ခုနှစ်တွင် ၁၀ စီးသာထုတ်လုပ်ရောင်းချမည်ဖြစ်ပါသည်။
၂၀၂၀ ခုနှစ်တွင်နောက်ထပ်အစီး ၁၀၀ ကိုရောင်းချမည်ဖြစ်ပါသည်။