နောက်တံခါး အတွင်းက ဖွင့်မရရင် ပြုလုပ်သင့်သောအချက်များ


ခါးလော့ မချထား သောလည်း တံခါး အတွင်းဘက် လက်ဆွဲကွင်း ကနေ ဖွင့်လို့မရဘဲ အပြင် လက်ဆွဲကွင်းကနေ ဖွင့်မှရ ရင် အဖြစ်များဆုံး က ဒီ child lock ခလုတ် လေး ကြောင့်ပါ။

အဲ့ဒါကတော့ကားလေးတွေရဲ့နောက်တံခါးအတွင်းဘက်မှာပါတဲ့ ကလေးလုံခြုံရေး (child lock )ခလုတ် လေး ပါဘဲ။

တခါတလေ ဒီခလုတ်လေးအား
▪ ကားရေဆေး သန့်ရှင်းရေးလုပ်ခြင်း 
▪ မတော်တဆထိမိ သွားခြင်း
▪ ကလေးများ ဆော့ခြင်း 
စသည်ဖြင့် သတိမထားမိဘဲ child lock on သွားတတ်ပါတယ်။

ဒီအခါမှာတော့ ပြသာနာ စပါပြီ။
တံခါးlock မချထားလည်း တံခါး အတွင်း လက်ဆွဲကွင်း ကနေ ဖွင့်လို့မရတော့ ပါဘူး ။ အပြင် လက်ဆွဲကွင်းကနေ ဖွင့်မှ ရပါတယ် ။
♤ တချို့ဆို အပြင်ကဖွင့်ရတယ် ။
အတွင်းကဖွင့်မရလို့ မှန်ချ ၊ အပြင် လက်ဆွဲကွင်း ကို လှမ်းဆွဲဖွင့် နဲ့ ဒုက္ခတွေ။
♤ နောက်ဆုံး တံခါးပျက်နေ တယ်ဆိုပြီးဆိုင်သွားပြတဲ့လူတွေလည်းရှိပါတယ်။
ဒါကို ဆိုင်တချို့ ကလဲ ရှင်းမပြဘဲ ဟိုစမ်းဒီစမ်း လုပ်ရင်း လူအခြေနေကြည့်ပြီး ရိုက်ပါတော့တယ်။
ဘယ်အချိန်တွေမှာ child lock on ထား သင့်သလဲဆိုရင် နောက်ခန်း၌ လူကြီးမပါဘဲ ကလေးများ ထိုင်စီးတဲ့အချိန် မှာ on ထားတာ အကောင်းဆုံးပါ။

(ကလေးတွေ တံခါးဂျက် ကို ဆွဲမိပီး တံခါးပွင့်မှာစိုးလို့ပါ)

ခလုတ် တည်နေရာကတော့ ပုံထဲမှာပြထားတဲ့ နေရာမှာပါခင်ဗျာ။

 
Read 3117 times