စက်သုံးဆီအတွက် ဒေါ်လာရရှိနိုင်ရေးနှင့် စပ်လျဉ်း၍ ဗဟိုဘဏ် ကြေညာချက် ထုတ်ပြန်


စက်သုံးဆီအတွက် ဒေါ်လာရရှိနိုင်ရေးနှင့် စပ်လျဉ်း၍ ဗဟိုဘဏ် ကြေညာချက် ထုတ်ပြန်

စက်သုံးဆီတင်သွင်းသူများ နိုင်ငံခြားငွေကြေးလွယ်ကူစွာ ရရှိနိုင်ရေးနှင့် စပ်လျဉ်း၍  မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကြေညာချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။



ပြည်သူလူထုထံအသိပေးချက်

ရက်စွဲ ၊ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်

 စက်သုံးဆီတင်သွင်းသူများသို့ နိုင်ငံခြားငွေကြေးလွယ်ကူစွာ ရရှိနိုင်ရေး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်များနှင့် စက်သုံးဆီလုပ်ငန်းရှင်ကြီးများ ဆွေးနွေးဆောင်ရွက်လျက်ရှိပြီး တိုင်းပြည်စီးပွားရေးကို အဓိက ထိန်းကျောင်းပံ့ပိုးပေးနေသော အခြားဆက်စပ်ဝန်ကြီးဌာန များနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံခြားငွေ ဈေးနှုန်းဆွဲတင်နေမှုများ အွန်လိုင်းမှ တရားမဝင် နိုင်ငံခြားငွေများ ရောင်းဝယ်သူများအပေါ် ယုံကြည်ဆောင်ရွက်ခြင်း မပြုကြပါရန် နှင့် နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို လည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်



စက်သုံးဆီတင်သွင်းသူများသို့ နိုင်ငံခြားငွေကြေးလွယ်ကူစွာ ရရှိနိုင်ရေး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်များနှင့် စက်သုံးဆီလုပ်ငန်းရှင်ကြီးများ ဆွေးနွေးဆောင်ရွက် ။

 

ယခုကာလများတွင် အမေရိကန်နိုင်ငံဗဟိုဘဏ် မှ အတိုးနှုန်းမြှင့်တင်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိပြီး ထပ်မံ၍ အတိုးနှုန်းမြှင့်တင်သွားမည်ဟု ကြေငြာမှုများကြောင့် အမေရိကန် ဒေါ်လာ အားကောင်းပြီးတန်ဖိုးတက်နေသဖြင့် ၎င်းနှင့် လဲလှယ်သည့် အခြားငွေကြေးများမှာ တန်ဖိုးကျဆင်းလျက်ရှိပါသည်။ ကမ္ဘာ့နိုင်ငံအများစုအနေဖြင့်လည်း မိမိတို့၏ ငွေကြေးများ ခိုင်မာမှုရှိစေရန် ၊ တိုင်းပြည်စီးပွားရေးတိုးတက်မှုရှိစေရန် အစီအမံများချမှတ်ပြီး နိုင်ငံခြားအရန် ငွေကြေးများ နှင့် အစိုးရ မှ အခွန်သက်သာခွင့်များ ၊ အသုံးစရိတ်များ ကျခံသုံးစွဲပေးမှုများဖြင့် ထိန်းကျောင်းလျက်ရှိပါသည်။

 

ကမ္ဘာ့ရေနံဈေးနှုန်း အပြောင်းအလဲများနှင့် ကုန်သွယ်မှု မညီမျှ သည့် အကြောင်းရင်းများကြောင့် ငွေကြေးတည်ငြိမ်မှုရှိစေရန်နှင့် စီးပွားရေးအားကောင်းစေရန် မိမိတို့နိုင်ငံအနေဖြင့်လည်း ကုန်သွယ်မှုဝါဒ နှင့် ငွေကြေးမူဝါဒများဖြင့် စီးပွားရေးလုပ်ငန်းများ မြန်ဆန်စွာလည်ပတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တရားမဝင်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတား ဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန်ရည်ရွယ်ပြီး နိုင်ငံခြားငွေများ ပြတ်လပ်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများ ပြတ်လပ်မှုများဖြစ်ပေါ်ပြီး စက်သုံးဆီဈေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြရေး သားလျက်ရှိပါသည်။

 

ကုန်ဈေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့် ဆက်စပ်၍ စက်သုံးဆီဈေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများ လွယ်ကူစွာရရှိနိုင်ရေး ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး၊ တိုင်းပြည် စီးပွားရေးကို အဓိကထိန်းကျောင်းပံ့ပိုးပေးနေသော အခြား ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိပါသည်။

 

သို့ဖြစ်၍ တရားမဝင် သတင်းမီဒီယာများ၏ လှုံဆော်မှုများ ကို ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ကြောင့်ကြမှုများမဖြစ်ကြပါရန်နှင့် နိုင်ငံခြားငွေ ဈေးနှုန်း ဆွဲတင်နေမှုများ ၊ အွန်လိုင်းမှ တရားမဝင် နိုင်ငံခြားငွေများ ရောင်းဝယ်သူများအပေါ်ယုံကြည် ဆောင်ရွက်ခြင်းမပြုကြပါရန်နှင့် နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်း လုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့်စည်းမျဉ်းများအရ ထိရောက်စွာအရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

(၂၇-၈-၂၀၂၂)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

Read 28482 times