နေ့စဉ် မြို့အဝင်အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ရောဂါ ထောက်ခံချက်များ ပါရှိမှုရှိ၊ မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိ


ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် မြို့အဝင်အထွက်ဂိတ်များတွင် စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ

 

နေ့စဉ် မြို့အဝင်အထွက် ဂိတ်များမှ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များမှ ခရီးသွားပြည်သူ တို့အား နှာခေါင်းစည်းများ တပ်ဆင်သွားလာရန်အသိပညာပေးခြင်း၊

 

ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နေထိုင် သွားလာရေး ၊ ခရီးသွားမှတ်တမ်းရယူခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ထောက်ခံချက်များ ပါရှိမှုရှိ။မရှိ စစ်ဆေးခြင်း များဆောင်ရွက်လျက်ရှိပါသည်။

 

ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းများကို မြို့နယ်ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ (SRT) အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင် များ၊

 

မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ နေ့စဉ်နံနက်(၈)နာရီမှ ည(၁၀)နာရီ အထိ အလှည့်ကျ တာဝန်ချ စနစ်ဖြင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။

 

Ref: MOI

Read 451 times