ဒီဇယ်အင်ဂျင်သည် ဓာတ်ဆီအင်ဂျင်ထက် အသုံးများသည်။
ဒီဇယ်အင်ဂျင်သည် ပါ၀ါစွမ်းအားကောင်းခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ ပြုပြင်ထိန်းသိမ်းစရိတ်နည်းပါးခြင်း၊ အကြမ်းခံ၍ ကြာရှည်အသုံးခံခြင်း စသော အားသာချက်များရှိသည်။
အားနည်းချက်များမှာ အင်ဂျင်သံဆူညံလွန်းခြင်း၊ ဒီဇယ်မီးခိုုးထွက်ခြင်းနှင့် ပတ်ဝန်းကျင် လေထုညစ်ညမ်းခြင်းတို့ဖြစ်သည်။
ထို့ပြင် ဒီဇယ် အိတ်ဇော မီးခိုးကြောင့် အနီးပတ်ဝန်းကျင်မှ လူများကို ကျန်းမာရေးထိခိုက်စေနိုင်သည်။
နည်းပညာမြင့်သော ဒီဇယ်ကားများတွင် အိတ်ဇောမီးခိုးအထွက်နည်းစေရန် Clean Diesel Technology ကို အသုံးပြုထားသည်။
ဒီဇယ်အင်ဂျင်အသုံးချမှု နယ်ပယ်ကျယ်ပြန့်သဖြင့် မော်တော်ယာဉ်များတွင် သာမက အခြားကဏ္ဍများတွင်လည်း ဒီဇယ်အင်ဂျင်ကို ပုံစံအမျိုးမျိုးဖြင့် အသုံးပြုနေကြသည်။
သက်တမ်းကြာ အိုဟောင်းနေသော ဒီဇယ်ကားများနှင့် ဒီဇယ်အင်ဂျင်များတွင် ထူးခြားချက်တစ်ခုမှာ အိတ်ဇောမီးခိုး အထွက်များနေခြင်းဖြစ်သည်။
မီးခိုးထွက်သင့်သည်ထက်ပိုမိုများပြားနေခြင်းသည် ထိုအင်ဂျင်တွင် ချွတ်ယွင်းချက် အပြစ်များရှိနေ၍ ဖြစ်သည်။
ပြီးပြည့်စုံသော ဒီဇယ်အင်ဂျင်တစ်လုံးသည် စက်နိုးရလွယ်ကူသကဲ့သို့ အိတ်ဇောမီးခိုးလည်းမထွက်သလောက်နည်းပါသည်။
အင်ဂျင် compression ကောင်းခြင်း၊ ပန့်၊ နော်ဇယ်များကောင်းခြင်း၊ လေနှင့်လောင်စာဆီအချိုးမှန်ကန်ခြင်း၊ အင်ဂျင်ဝိုင် အကောင်းစားသုံးထားခြင်း၊ ပန့်၊ နော်ဇယ်များကောင်းခြင်း၊ လေနှင့် လောင်စာဆီအချိုးမှန်ကန်ခြင်း၊ အင်ဂျင်ဝိုင် အကောင်းစားသုံးထားခြင်း၊ စက်နိုးမော်တောကောင်းခြင်း၊ အင်ဂျင်လေအဝင်ကောင်းခြင်း၊ တာဘို ချာဂျာသုံးထားခြင်း စသော အချက်များ ပြည့်စုံသဖြင့် စွမ်းရည်ပြည့်ဝသော ဒီဇယ်အင်ဂျင်တစ်လုံးဖြစ်သည်။
ဒီဇယ်အင်ဂျင်တစ်လုံးတွင် ဒီဇယ်အိတ်ဇော မီးခိုးမဲများထွက်ခြင်းသည် မကောင်းသောလက္ခဏာဖြစ်သည်။
ဒီဇယ်မီးခိုး(Soot) များသည်အင်ဂျင်ဝိုင်တွင် ပျော်ဝင်ပြီး အင်ဂျင်ဝိုင်၏ အရည်အသွေးများကို ကျဆင်းစေသည်။
Soot မီးခိုးအမှုန်များကြောင့်အင်ဂျင်ဝိုင်များကို ပိုမိုပျစ်ချွဲလာပြီး ဒီဇယ်အင်ဂျင်၏ ချောဆီလည်ပတ်မှုစနစ်ကို အဟန့်အတားဖြစ်စေသည်။
မီးခိုး(soot) များသည် အင်ဂျင်ဝိုင်တွင် ပျော်ဝင်ပြီး အင်ဂျင်ဝိုင်၏အရည်အသွေးများကို ကျဆင်းစေသည်။
Soot မီးခိုးအမှုန်များကြောင့် အင်ဂျင်ဝိုင်များကို ပိုမိုပျစ်ချွဲလာပြီး ဒီဇယ်အင်ဂျင်၏ ချောဆီလည်ပတ်မှု စနစ်ကို အဟန့်အတားဖြစ်စေသည်။
မီးခိုး(soot)အမှုန်များသည် ဗားနစ်(Varnish) နှင့်ကာဗွန်အဖြစ်ပြောင်းလဲ၍ အင်ဂျင်ဝိုင်ထဲတွင် အနယ်အနှစ်(sludge)များဖြစ်သွားသည်။
ထိုအရာများသည် အင်ဂျင်အတွင်းပိုင်းပစ္စည်းများ ဖြစ်သော piston ring,ဆလင်ဒါ၊ ဗားများနှင့် ဘယ်ရင်များကို ပွန်းစားစေပြီး အင်ဂျင်သက်တမ်းတိုစေသည်။
အင်ဂျင်ဝိုင် filterဘူးတွင်လည်း ကာဗွန်အမှုန်များနှင့် sludge အနယ်အနှစ်များကြောင့် အင်ဂျင်ဝိုင် သန့်စင်အောင် စစ်ပေးနိုင်သော စွမ်းရည်ကျဆင်းစေသည်။
ဒီဇယ်အင်ဂျင် ကိုင်တွယ်မောင်းနှင်ရသော အော်ပရေတာများနှင့် ယာဉ်မောင်းများသည် ဒီဇယ်မီးခိုးအထွက်များသော အခြေအနေမျိုးကြုံရပါက အဘယ်ကြောင့်ဖြစ်ရသည်ကို သိရှိထားသင့်သည်။
ဒီဇယ်အင်ဂျင် တစ်လုံးတွင် မူမမှန်သောမီးခိုးများထွက်ပေါ်နေသော အကြောင်းတရားများမှာ ဒီဇယ်ဆီအရည်အသွေးညံ့ခြင်း၊ နော်ဇယ်များ၊ ဆီပန်းမှု စပရေး ပုံစံမမှန်ခြင်း၊ နော်ဇယ်များ ပွန်းစားပြီး ကျနေခြင်း၊ Injection Pump ကျနေခြင်း၊ ဒီဇယ်ကယ်လီဘရေးရှင်း(cali-bration) ချိန်တွယ်မူမမှန်ခြင်း၊ တိုင်မင်မမှန်ခြင်း၊ Idle Speed မြန်လွန်းနေခြင်း၊ Air Cleaner မှလေစစ်ပိတ်နေ၍ အင်ဂျင်အသက်ရှူကြပ်ခြင်း၊ Piston Ring ကွင်းများ စားပြီးချောင်လွန်းနေခြင်း၊ Valve အထိုင်နှင့် Valve Seal, Valve Guide များမလုံတော့ခြင်း၊ အတွင်းမီးလောင်ပေါက်ကွဲသော အင်ဂျင်(Internal Combustion Engine,ICE)များတွင် Sot မီးခိုးမဲ(ကျပ်ခိုး) များဖြစ်ပေါ်လာရခြင်းမှာ လောင်စာဆီများ အပြည့်အဝ မီးမလောင်ခြင်းကြောင့် ဖြစ်သည်။
အပြည့်အဝမီးလောင်ပေါက်ကွဲခြင်းကို Complete Combustion ဖြစ်သည်ဟု ခေါ်သည်။
အင်ဂျင်အတွင်းတွင် လေနှင့်လောင်စာဆီအချိုးမှန်ကန်ပြီး အပြည့်အဝမီးလောင်ပေါက်ကွဲခြင်း(Complete Combustion) ဖြစ်ပါက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့နှင့်ရေ(H2O) သာထွက်လာရမည်။
အင်ဂျင်အတွင်းတွင် အပြည့်အဝလောင်ကျွမ်းမှုမျိုးမဖြစ်သည်က များသည်။
လောင်စာဆီများသည် ဟိုက်ဒြိုကာဗွန်(Hydrocarbons) ဒြပ်ပေါင်းများသာဖြစ်သည်။
မပြည့်ဝသော လောင်ကျွမ်းမှု(Incomplete Comubstion) မှုကြောင့် မသန့်ရှင်းသော ကာဗွန်အမှုန်အမွှားများသည် အင်ဂျင်အိတ်ဇောပိုက်မှ တစ်ဆင့်ပြည်ပလေထဲသို့ ပြန့်နှံ့သွားသည်။
အင်ဂျင်အိတ်ဇောအငွေ့များတွင် မီးခိုး ကျပ်ခိုး(soot) အမှုန်များပါ၀င်ပါက အင်ဂျင်အတွင်း အစိတ်အပိုင်းများဖြစ်သော Piston, Ring, Valve နှင့်အိတ်ဇောမန်နီဖို့ပိုက်လိုင်းများတွင် ကာဗွန်ချိုးများစုပုံ ပိတ်ဆို့လာမည်။
အင်ဂျင်အတွင်း လည်ပတ်နေသော ချောဆီအင်ဂျင်ဝိုင်၏ အရည်အသွေးများကိုလည်း ကျဆင်းသွားစေသည်။
အားနည်းချက်များကို စစ်ဆေးပြုပြင်ခြင်း
ဒီဇယ်အင်ဂျင်တစ်လုံးသည် အိတ်ဇောမီးခိုးမဲများ အလွန်အကျွံထွက်နေလျှင် တစ်ခုခုမှားနေသည်မှာ သေချာသည်။
ဖြစ်ပေါ်နေသော ချွတ်ယွင်းအားနည်းချက်ကိုရှာရမည်။
ဒီဇယ်နော်ဇယ်(Nozzle)ထပ်ဖျားများတွင် ကာဗွန်ချိုးများပိတ်၍ ဆီဖြန်းပေးသော ပုံစံမှန်ကန်မှု ရှိမရှိ စစ်ဆေးပါ။
နော်ဇယ်အားလုံးကို သန့်ရှင်းဆေးကြော၍ Nozzle Tester ဖြင့်ပြန်ချိန်ပါ။
ဆီပန်းပုံစံ(spray patterns)မှန်ကန်မှု ရှိပါစေ။
Injection Pump ကိုပြန်ချိန်ပါ။
Pump Testing ပြန်လုပ်ပါ။
Air Cleaner မှလေစစ်များကို ဖုန်၊ သဲ၊ အမှိုက်များရှင်းလင်းပေးပါ။
လေစစ်ဇကာ မကောင်းပါက အသစ်လဲပါ။
အင်ဂျင်ဝိုင်နှင့် ဆီစစ်ဘူး အသစ်လဲပေးပါ။
အင်ဂျင်ဝိုင်ရွေးချယ်သုံးစွဲရာတွင် အင်ဂျင်ထုတ်လုပ်သူ ညွှန်ကြားသော အင်ဂျင်ဝိုင်ဂရိတ်ကိုသုံးပါ။(သို့မဟုတ်) ဒီဇယ်အင်ဂျင်အတွက်သီးသန့်လာသော မာတီဂရိတ် အင်ဂျင်ဝိုင််အကောင်းစားကိုသုံးပါ။
တ်နိုင်လျှင် Fully Syn-thetic အင်ဂျင်ဝိုင်ကိုသုံးပါ။
ဒီဇယ် Fuel Filter အသစ်လဲပေးပါ။
ဆာလဖာပါ၀င်မှုနည်းသော Low Sulfur Diesel အမျိုးအစားကိုသုံးပါ။
အင်ဂျင်တိုင်မင်(Eingine Timing) ကိုပြန်စစ်ဆေးပြီးချိန်ပါ။
ဒဇယ်ပန့်တိုင်မင် စောလွန်းခြင်း၊ နောက်ကျခြင်းသည် ဒီဇယ်ပေါက်ကွဲ လောင်ကျွမ်းမှုကို ပြောင်းလဲစေသည်။
ဒီဇ်အင်ဂျင်၏ သဘာဝသည် Compression ဖိသိပ်အားဖြင့်သာ မီးလောင်ပေါက်ကွဲပါသည်။
အင်ဂျင် compression ကျလျှင် မီးလောင်ကျွမ်းမှု အပြည့်အဝမဖြစ်ပါ။
ထို့ကြောင့် အင်ဂျင် compression test လုပ်ပါ။
အင်ဂျင် compression ကျနေပါက အင်ဂျင် head ဖွင့်ပါ။
Exhaust Valve နှင့် Inlet Valve အခြေအနေများကို စစ်ဆေးပါ။
အင်ဂျင် Head အိတ်ဇောအထွက်ပေါက်တွင် ကာဗွန်ချိုးများ ပိတ်ဆို့ညစ်ပတ်နေပါက သန့်ရှင်းဆေးကြောရပါမည်။
ဗားဆီးလ်(Seal), ဗား Guide များကောင်း/မကောင်း၊ အင်ဂျင်ဝိုင်လုံ/မလုံ၊ ဗားမျက်နှာပြင်များလုံ/မလုံစစ်ဆေးပါ။
အကောင်းဆုံးမှာ Engine Head ဆားဗစ်ဆိုင်တွင် အပ်နှံ၍ Head ကို အကောင်းဆုံးဖြစ်သွားစေရန် ပြုပြင်သင့်သည်။
အင်ဂျင် compression ကျနေပါက ပစ္စတင် Ring ကွင်းနှင့် ဆလင်ဒါနံရံမျက်နှာပြင်များလည်း စားနိုင်သည်။
Ring ကွင်းများအစုံလိုက်လဲရုံဖြင့်ရလျှင် Ring ကွင်းများအသစ်လဲပါ။
အကယ်၍ ဆလင်ဒါပွန်းစားပြီး position ပါစားနေပါက အင်ဂျင်ဘလောက်ချရပါမည်။
အင်ဂျင်အကြီးဆုံး ပြင်ဆင်မှုကဲ့သို့ ပတ်ကားလုပ်ရပါတော့မည်။
အိတ်ဇောစနစ်တွင် ကာဗွန်ချိုးများ ပိတ်ဆို့နေနိုင်သည်။
အိတ်ဇော EGR ဗားများပါ၀င်သော အမျိုးအစားပါက EGR ဗားမှ ကာဗွန်ချိုးများကို သန့်ရှင်းပါ။
အိတ်ဇောစနစ် ပိတ်ဆို့နေလျှင် Back Pressure ဖြစ်ပြီး အင်ဂျင်၏ လေအဝင်ကို ထိခိုက်စေနိုင်သည်။
အိတ်ဇောမာဖလာဘူးတွင် ကာဗွန်ချိုးများ ပိတ်နေပါက အိတ်ဇောဘူးအသစ်တစ်လုံး လဲပေးပါ။
တာဘိုချာဂျာသုံးသော ကားများတာဘိုချာဂျာကို စစ်ဆေးပါ။
ဆာဗစ်စင်လုပ်ပါ။
ကာဗွန်ချိုးများသည် တာဘိုချာဂျာအုံတွင်လည်း ကပ်တွယ်နေတတ်သည်။
ခေတ်ပေါ်ကားများတွင် အောက်ဆီဂျင် ဆင်ဆာ ကောင်း/မကောင်းစစ်ဆေးရန်လိုပါသည်။
ဒီဇယ်မီးခိုး(soot)များသည် သင့်ကားအင်ဂျင်သက်တမ်းကို တိုစေရုံသာမက ပတ်ဝန်းကျင်လေထုကိုလည်း ညစ်ညမ်းစေသည်။
သင်၏ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနို်င်သည်။
မြို့ပြလေထုညစ်ညမ်းမှုကို တိုးမြင့်စေသည်။
ဒီဇယ်အိတ်ဇောမီးခိုး(soot) များကြောင့် ဖန်လုံအိမ်အာနိသင်ကို တိုးပွားစေပြီး (Global Warming) ကမ္ဘာကြီး ပူနွေးလာမှုကိုလည်း ဖြစ်ပေါ်စေသည်။
သင့်ကား ဒီဇယ်မီးခိုးများ အလွန်အကျွံထွက်နေခြင်းသည် တည်ဆဲမော်တော်ယာဉ်ဥပဒေနှင့်လည်း ငြိစွန်းနေသော ကိစ္စဖြစ်သည်။
ထို့ကြောင့် မီးခိုးများအထွက်များနေခြင်းကို လျစ်လျူရှုမထားပါနှင့်။