စင်ကာပူတွင် ဒစ်ဂျစ်တယ် အသက်မွေးမှုဆိုင်ရာ ယာဉ်မောင်းလိုင်စင် စတင်သုံးစွဲ


စင်ကာပူတွင် ဒစ်ဂျစ်တယ် အသက်မွေးမှုဆိုင်ရာ ယာဉ်မောင်းလိုင်စင် စတင်သုံးစွဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တက္ကစီများ၊ ဘတ်စ်ကားများ၊ ပုဂ္ဂလိက အငှားယာဉ်များနှင့် ယာဉ်မောင်းများအတွက် ဒစ်ဂျစ်တယ် အသက်မွေးဝမ်းကြောင်း ယာဉ်မောင်းလိုင်စင်များကို ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့Land Transport Authority (LTA) မှ ဧပြီလ ၁ ရက်နေ့တွင် စတင်သည်။
LTA သည် ၂၀၂၃  ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍  အသက်မွေးဝမ်းကြောင်း ယာဉ်မောင်းလိုင်စင်ကတ်များကို ယခင်လို  ထုတ်‌ပေးတော့ မည် မဟုတ်ဘဲ ဒစ်ဂျစ်တယ်လိုင်စင်ကို ထုတ်ပေးသွားမည် ဖြစ်သည်။ 

ဘတ်စ်ကားအကူများအတွက် အသက်မွေးမှု လိုင်စင်များကိုလည်း ဒစ်ဂျစ်တယ်သို့ ပြောင်းလဲရန် သတ်မှတ်ထားသည်။

ဒစ်ဂျစ်တယ်လိုင်စင်ကို Singpass အက်ပ်တွင် အလိုအလျောက် ရယူနိုင်သည်။ အက်ပ်၏ "My Cards" တွင် နိုင်ငံသားကတ်နှင့်အတူ ယာဉ်မောင်းလိုင်စင်ကို တွေ့ရမည် ဖြစ်သည်။

အသက်မွေးဝမ်းကြောင်းလိုင်စင်အတွက်  အခကြေး S$40 ကို ယခင်အတိုင်း ဆက်လက်ကောက်ခံသွားမည် ဖြစ်သည်။
သက်မွေးမှု ယာဉ်မောင်းလိုင်သစ်အတွက် စစ်ဆေးမှု အောင်မြင်သည့်သူများသည် အလုပ်လုပ်ရက် ၂၀ အတွင်း အက်ပ်တွင် လိုင်စင် ပေါ်လာမည် ဖြစ်သည်။

Source: CNA
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 150 times