Auto Gear နှင့် Manual Gear တို့၏ ကွာခြားချက်များ


Auto ဂီယာစနစ်ပါသောကားတစ်စီးမှာဂီယာတံတစ်ချက်ထိုးပြီးသည်နှင့်လီဗာကိုနင်းလိုက်ရုံသာဖြစ်ပါသည်။

ဒရိုင်ဘာခြေဖျားနှစ်ဖက်စလုံးအလုပ်လုပ်ရသည့် ရိုးရိုး manual Gear စနစ်ပါသည့်ကားများမှာ ကားစထွက်သည်နှင့်ကလပ်နင်းရပြီး ဂီယာပြောင်းတိုင်းကလပ်ခြေနင်းတံကိုနင်းရသည်မှာအလုပ်တစ်ခု ဖြစ်ပါသည်။

အော်တိုဂီယာစနစ်ပါသည့်ကားမျိုးတွင်တော့ဒရိုင်ဘာသက်သာပါသည်။

ညာဘက်ခြေတစ်ဖက်တည်းဖြင့်အလုပ်လုပ်ရပြီး ဘရိတ်ခြေနင်းတံနှင့်လီဗာနှစ်မျိုးသာ အလုပ်လုပ်ရပြီး ဘယ်ဘက်ခြေထောက်မှာလုပ်စရာမလိုအပ်တော့ပါ။

ရှေ့တွင်အန္တရာယ်တစ်ခုခုရှိပါကဘရိတ်နင်းလိုက်ရုံသာဖြစ်ပြီး လီဗာနင်းထားသည့်ညာခြေဖျားကို ဘရိတ်ခြေနင်းတံအပေါ်ပြောင်းနင်းလိုက်ရုံဖြစ်ပါသည်။

သို့သော်အော်တိုဂီယာစနစ်မှာအန္တရာယ်အရမ်းများပါသည်။

ကားမောင်းတတ်ခါစမကျွမ်းကျင်သေးသည့်မိန်းကလေးများသည်ဘရိတ်နှင့်ဂီယာမှားနင်းမိတတ်သောကြောင့် ယာဉ်တိုက်မှုဖြစ်သည့်သတင်းများမကြာခဏကြားရတတ်ပါသည်။

မတော်တဆမှုမျိုးကိုရှောင်လွှဲနိုင်ရန် Auto Makerများက Driver Override စနစ်ကိုတီထွင်လာကြပါသည်။

Brake Override System ဆိုသည်မှာအော်တိုဂီယာစနစ်အမှားတစ်ခုခုဖြစ်ပါကဘရိတ်နင်းမည့်အစားလီဗာကို မတော်တဆထိမိသွားခဲ့ရင်တောင်မှ Brake Override စနစ်မှာကားကိုရပ်တန့်သွားစေရန်ထိန်းချုပ် ပေးနိုင်ပါသည်။

အမှားတစ်ခုခုကြောင့်မူမမှန်သည့်ကားအရှိန်မြင့်တက်လာမှု (သို့မဟုတ်) လီဗာကိုမှားနင်းခြင်းမျိုးကိုလွှမ်းမိုးပြီး ဘရိတ်ဖမ်းပေးနိုင်သည့် Brake Override စနစ်ကို Smart Pedal ဟုလဲခေါ်ပါသည်။

 

Smart Stop Technology ဆိုသည်မှာ Brake Override စနစ်ကိုပထမဆုံးစတင်အသုံးပြုနိုင်သည့်ကားမှာ BMW 750 Model ဖြစ်ပြီး ၁၉၈၀ ခုနှစ်လောက်ကတည်းကတီထွင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

Brake Override system ဟုခေါ်သည့် Smart Stop Technology ကိုအဆင့်မြင့်ကားများတွင် တပ်ဆင်လာကြပါသည်။

ယင်းအမြင့်ကားများမှာလီဗာကြိုးမှသရော်တယ်တံခါးအဖွင့်အပိတ်ကိုတိုက်ရိုက်ဆက်သွယ်ပြီးအလုပ်လုပ်စေ သည့်စနစ်မျိုးမသုံးတော့ပါ။

Drive-by-wire စနစ်ကိုသုံးတဲ့ Electronic Throttle စနစ်ဖြစ်ပြီးအာရုံခံဆင်ဆာများသုံးပါသည်။

ဘရိတ်ခြေနင်းတံများနှင့်လီဗာခြေနင်းပြားများတွင်ပါအာရုံခံဆင်ဆာများတပ်ဆင်ထားပါသည်။

ဆင်ဆာများမှပေးပို့သည့်သတင်းအချက်အလက်များအရကွန်ပျုတာကသာအရာအားလုံးကိုထိန်းကျောင်း ပါသည်။

Brake Override စနစ်ကိုအီလက်ထရွန်နစ်စနစ်များနှင့် ပြည့်စုံအောင်ဖွဲ့စည်းတည်ဆောက်ထားပြီး အာရုံခံဆင်ဆာများတပ်ဆင်ထားပါသည်။

ပုံမှန်မဟုတ်သောကားအရှိန်နှုန်းမြှင့်တင်ခြင်းနှင့်အီလက်ထရွှန်နစ်စနစ်ချွတ်ယွင်းအားနည်းချက်များကြောင့် ကားအရှိန်နှုန်းမြှင့်တက်မှုမှားယွင်းပါကဆင်ဆာများမှထောက်လှမ်းပေးပို့သောသတင်းအချက်အလက်များကို အခြေခံ၍ကွန်ပျုတာ ECU(Electronic Control Unit) မှကားတစ်စီးလုံးကိုအန္တရာယ်ဖြစ်စေနိုင်သောအရှိန်တိုး မြှင့်မှုအမိန့်ညွှန်ကြားချက်ကိုပယ်ဖျက်ပြီးကားအမြန်ဆုံးရပ်တန့်သွားစေရန်အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ပါသည်။

မှားယွင်းသောလီဗာနင်း၍ ကားအရှိန်မြှင့်တင်ရန်ညွှန်ကြားချက်ကိုကွန်ပျုတာ ECU မှလွှမ်းမိုးပယ်ဖျက်ပြီး အမြန်ဆုံးကားရပ်တန့်သွားရန်ချက်ချင်းတုန့်ပြန်နိုင်သောစနစ်ကို Brake Override စနစ်ဟုခေါ်ပါသည်။

ယာဉ်မောင်းသူ၏အာရုံစူးစိုက်မှုမပါဘဲမတော်တဆအရှိန်မြှင့်လီဗာတံကိုမှားယွင်း၍ နင်းမိသကဲ့သို့ဖြစ်စဉ်မျိုး ဖြစ်ပွားရသောအခြေအနေများ(အော်တိုဂီယာကားများတွင်) ယာဉ်မောင်းသူကလီဗာပေါ်မှခြေဖျားများကိုပြန် ခွာလိုက်သော်လည်းကားပေါ်မှအခြားအရာဝတ္တုတစ်ခုခုကြောင့်လီဗာကိုဖိမိခြင်း၊ယာဉ်မောင်းသူသည်ဘရိတ်ခြေ နင်းတံနှင့်လီဗာ(၂) မျိုးစလုံးကိုတပြိုင်တည်းမတော်တဆနင်းမိခြင်း၊လျှပ်စစ်ပိုင်းဆိုင်ရာမှားယွင်းချက်တစ်ခုခု ကြောင့်ယာဉ်မောင်းသူ၏အားထုတ်ကြိုးပမ်းမှုမပါဘဲ လီဗာနင်းသကဲ့သို့ကားအရှိန်တိုးလာခြင်း ဖြစ်တတ်ပါသည်။

ယင်းအခြေအနေမျိုးကြုံလာခဲ့ပါကဒရိုင်ဘာသည်မရည်ရွယ်ထားဘဲကားစက်ရှိန်မြှင့်ပြီး အန္တရာယ်ကိုဝင်တိုက် မိခြင်းမျိုးမဖြစ်စေရန် Brake Override စနစ်မှကာကွယ်ပေးပါသည်။

အလွန်တိုတောင်းသည့်မီလီစက္ကန့်အချိန်အတွင်းတွင်အန္တရာယ်ဖြစ်မည့်ဘေးကိုတားဆီးနိုင်ပါသည်။

ယင်းစနစ်များတွင်လီဗာမှားနင်းမိတာတောင်မှယင်းအမိန့်ကိုကျော်လွှားပြီး ကွန်ပျုတာ ECU မှ Throttle လေတံခါးကိုပိတ်လိုက်ပါသည်။

Throttleလေတံခါးပိတ်လိုက်သောကြောင့် အင်ဂျင်လည်ပတ်နှုန်း speed လုံးဝကျသွားပြီး Idle speed တွင်သာလည်ပါတော့သည်။

Auto Gear မှအင်ဂျင် slow လည်သည့်အချိန်တွင်အလုပ်မလုပ်ပါ။

တချို့စနစ်များတွင်လောင်စာဆီပို့စနစ်ကိုလုံးဝလျှော့ချပေးရန် ECU ကညွှန်ကြားပြီး Injector များတွင်ဆီဖြန်း ပေးခြင်းနည်းသွားပါကအင်ဂျင်လည်ပတ်နှုန်းကျသွားပြီး ကားရပ်သွားပါလိမ့်မည်ဖြစ်သည်။

Brake Override Systemမှာလီဗာအမှားကြောင့်ဖြစ်ပွားရသည့် Accident များကို ဘယ်လောက်အထိ လျှော့ချပေးနိုင်သလဲဆိုသည်ကို NHTSA ကလေ့လာခဲ့ပါသည်။

Brake Override စနစ်က အသုံးချတတ်သူယာဉ်မောင်းများအတွက်ဘေးကင်းလုံခြုံမှုပေးနိုင်သည့်Safety Feature တစ်ခုဖြစ်ပါသည်။

မော်တော်ယာဉ်ထုတ်လုပ်သူမှာလည်း ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရရှိရေးအတွက် ပိုပြီးကောင်းတဲ့ကားများကို တစ်နှစ်ထက်တစ်နှစ်ဆန်းသစ်လာအောင်သုတေသနပြုကြိုးပမ်းအားထုတ်လာကြပါသည်။

ခေတ်ပေါ်မော်ဒယ်မြင့်ကားများတွင်အီလက်ထရွန်နစ်စနစ်နှင့်ထိန်းကျောင်းသည့် Drive-by-wire စနစ်ကို သုံးစွဲလာကြပါသည်။

အီလက်ထရွန်နစ်စနစ်များနှင့်ထိန်းကျောင်းသည့်အမြင့်ကားများတွင် Brake Override စနစ်တပ်ဆင်အသုံးပြုရ တာပိုမိုလွယ်ကူရှင်းလင်းပါသည်။

ကားလောကတွင်နာမည်ကြီးကျော်ကြားသည့်Audi, Mercedes-Benz နဲ့ Volkswagen ကားကုမ္ပဏီများကလည်း (၂၀၁၀) ခုနှစ်ကစပြီး Brake Override စနစ်ကိုတပ်ဆင်ထုတ်လုပ်နေကြပါသည်။

ကိုရီးယား Hyundai ကားသစ်တွေမှာလည်း Brake Override System ကိုတွေ့ရမည်ဖြစ်ပြီးဂျပန် Toyota နဲ့ Lexus ကားများတွင်လည်းတပ်ဆင်ထားပါသည်။

Auto ဂီယာနဲ့ကားမောင်းပြီးဘရိတ်နှင့်လီဗာမှားတတ်သည့်ဆယ်ကျော်သက်လူငယ်ယာဉ်မောင်းများ အတွက်တော့ Brake Override system ကယာဉ်တိုက်မှုတွေလျော့နည်းသွားအောင်ကူညီပေးပါလိမ့်မည် ဖြစ်ပါသည်။

Read 14360 times