စက်သုံးဆီအရောင်းဆိုင် ၉၉ ဆိုင်တွင် အထူးဈေးနှုန်းဖြင့် ဒီဇယ်ဆီဖြန့်ဖြူးရောင်းချပေးသွားမည်


စက်သုံးဆီအရောင်းဆိုင် ၉၉ ဆိုင်တွင် အထူးဈေးနှုန်းဖြင့် ဒီဇယ်ဆီဖြန့်ဖြူးရောင်းချပေးသွားမည်


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဖက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများသက်သာသောဈေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေအမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စက်သုံးဆီ မှာယူတင်သွင်းခဲ့သည့်ကုမ္ပဏီ ၂၆ ခု၊ ဒီဇယ်ဆီဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူး ရေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပြီး ဇန်နဝါရီ၁၁ရက်မှစတင်၍ ကုမ္ပဏီ ၁၀ ခု တိုင်းဒေသကြီး ပြည်နယ်များကို စက်သုံးဆီအရောင်းဆိုင်စုစုပေါင်း ၅၉ ဆိုင်တွင် စတင်ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် အထူးဈေးနှုန်းဖြင့် ရောင်းချပေမည့် စက်သုံးဆီအရောင်းဆိုင်များတွင် ဒီဇယ်ဆီများကို မြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေညှိစီးဌာနမှ ထုတ်ပြန်ထားသော ရည်ညွှန်း ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ 
ဒီဇယ်ဆီများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီအရောင်း ဆိုင်များတွင် သတ်မှတ်ရေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ
ဖုန်း ၀၉-၆၆၄၀၇၅၆၈၃
၀၉ ၆၆၄၅၉၆၃၂၇
၀၉ ၆၈၇၆၃၅၉၄၃
၀၉ ၆၇၆၃၂၀၈၂၆

စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး
ဖုန်း -၀၁-၂၅၀၂၇၀

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း
ဖုန်း ၀၉-၄၂၁၀၀၆၇၉၄

တို့ကို ဆက်သွယ်တိုင်ကြားနိုင် ကြောင်း သိရာသည်။
တိုင်းဒေသကြီး/ပြည်နယ်များတွင် သတ်မှတ်ရေးနှုန်းဖြင့် စတင်ရောင်းချပေးနေသည့် စက်သုံးဆီအရောင်းဆိုင်တို့မှာ ပူးတွဲဖော်ပြပါဇယားအတိုင်း ဖြစ်ပါသည်--

 

 

 

Read 4488 times