ဓာတ်ဆီ၊ ဒီဇယ်၊ ဟိုက်ဘရစ်ကားတွေဝယ်မယ်ဆိုရင်


ပြည်တွင်းမှာကားဝယ်တဲ့အခါ ဓာတ်ဆီကား၊ ဒီဇယ်ကားနဲ့ဟိုက် ဘရစ်ကားဆိုပြီး ရွေးချယ်ရာမှာ အမြဲစဉ်းစားရတဲ့အရာတစ်ခုဖြစ် ပါတယ်။

တစ်ဦးနဲ့တစ်ဦး အ ကြိုက်တူညီမှုမရှိသလို ကားတွေ မှာလည်း အသုံးဝင်ပုံနဲ့ အားနည်း ချက်၊ အားသာချက်တွေကလည် ကွာခြားကြပါတယ်။

ဒီဇယ်နဲ့ ဓာတ်ဆီအင်ဂျင်အ ကြောင်းကို ပြောမယ်ဆိုရင် လောင်စာဆီတွေအကြောင်းကို အရင်ဆုံးလေ့လာဖို့ လိုအပ်ပါ တယ်။ ဓာတ်ဆီနဲ့ ဒီဇယ်ဆိုတာ ရေနံစိမ်းကနေ ချက်လုပ်ရာက ထုတ်လုပ်ရရှိတဲ့ လောင်စာဆီ တွေဖြစ်ပါတယ်။ ဓာတ်ဆီကို ဒီဇယ်ထက် ပိုမိုချက်လုပ်ရတာဖြစ်ပြီး ဓာတု ပစ္စည်းပါဝင်မှုလည်း ပိုနည်းတာ ကြောင့် ပေါက်ကွဲအားပိုကောင်း ပါတယ်။ ဓာတ်ဆီကပိုပြီးကျိုချက် ရတာကြောင့် ကုန်ကျစရိတ်ပိုများ ပြီးဈေးလည်း ပိုမြင့်ပါတယ်။ဒီဇယ်ကတော့ ဓာတ်ဆီလောက်မကျိုချက်ရတော့ဘဲ ဈေးကလည်း ဓာတ်ဆီလောက်မမြင့်ပါဘူး။

ဓာတ်ဆီကပိုသန့်ပြီး ပေါက်ကွဲအား ပိုကောင်းတာကြောင့်အင် ဂျင်ပါဝါမြင့်ကားတွေနဲ့ ပြိုင်ကားတွေမှာ ဓာတ်ဆီအင်ဂျင်တွေကို တပ်ဆင်ထုတ်လုပ်မှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဒီဇယ် ကားကိုတော့ ကားတွေစတင် ထုတ်လုပ်တဲ့အချိန်ကတည်းက ဒီဇယ်အင်ဂျင်တွေနဲ့ တပ်ဆင် ထုတ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ပေါ့ပါး ပြီး ပေါက်ကွဲအားပိုကောင်းတဲ့ ဓာတ်ဆီအင်ဂျင်တွေကို တပ်ဆင်ထုတ်လုပ်လာခဲ့ကြတာပါ။ ဓာတ်ဆီကားတွေက ပြည်တွင်းမှာ လူကြိုက်နည်းတဲ့ကားတွေ ဖြစ်ကြ ပါတယ်။ ဓာတ်ဆီကားတွေကို ပြည်တွင်းဈေးကွက်မှာ လူကြိုက် နည်းရတဲ့အကြောင်းကတော့ ဓာတ်ဆီဈေးကြီးမြင့်မှုကြောင့် ကုန်ကျစရိတ်က ဒီဇယ်ကားထက်ပိုတာ၊ ဓာတ်ဆီကားကျွမ်းကျင်တဲ့ ပြုပြင်သူနည်းပါးတာ၊ ပြုပြင်ရ တာခက်ခဲပြီး နည်းပညာမြင့်တဲ့ ကားတွေဆိုရင် အပိုပစ္စည်းရှားပါးတဲ့ပြဿနာတွေကြောင့် ဖြစ်ပါ တယ်။

ဒီဇယ်ကားတွေကတော့ အင်ဂျင်ပိုင်း ပြုပြင်ရတာလွယ်ကူပြီး ပြည်တွင်းမှာ ကျွမ်းကျင်သူပေါ များတာ၊ ဓာတ်ဆီလောက်ဈေး မကြီးတာကြောင့် ကုန်ကျစရိတ် သက်သာတာ၊ အပိုပစ္စည်းလည်း ပေါများစွာရရှိနိုင်တာတွေက လူ ကြိုက်များစေတဲ့ အဓိကအချက် တွေဖြစ်ပါတယ်။ ဓာတ်ဆီကားနဲ့ ဒီဇယ်ကား အဓိကကွာခြားချက်က ဓာတ်ဆီ ကားတွေက လောင်စာဆီသန့်၊ဓာတ်ငွေ့ထုတ်လွှတ်မှုသန့်၊ ကား သန့်ပြီး အင်ဂျင်အရုန်းအဆွဲ ကောင်းတယ်ဆိုပေမယ့် ကား မတော်တဆဖြစ်လို့ ဓာတ်ဆီကား တွေက ပေါက်ကွဲအားပိုကောင်း ပြီး မီးလောင်လွယ်တာနဲ့ ပြည် တွင်းမှာ ပြုပြင်မယ်ဆိုရင် ဆား ဗစ်ရှာရတာခက်ခဲတာတွေဖြစ် ပါတယ်။

ဒီဇယ်ကားတွေကတော့ ဈေးကွက်ထဲမှာ လူကြိုက်များပြီး ပြည်တွင်းမှာလည်း ပြုပြင်ရလွယ် ကူတာတွေ့ရပါတယ်။ ဒီဇယ်အင် ဂျင်တွေ ဓာတ်ဆီလောက်ဆီ မသန့်တာ၊ အင်ဂျင်မသန့်တာ၊အင်ဂျင်အရုန်းအဆွဲကလည်း ဓာတ်ဆီလောက်မကောင်းတာ တွေ့ရပါတယ်။ ဒါ့အပြင် နောက်ထပ်ကွာခြားချက်တစ်ခုကတော့ ဓာတ်ဆီအင်ဂျင်တွေက CNG နဲ့ နှစ်မျိုးသုံးအဖြစ် တပ်ဆင်အသုံးပြုနိုင်ပေမယ့် ဒီဇယ်အင်ဂျင်တွေကတော့ နှစ်မျိုးသုံးအဖြစ် တွဲဖက် အသုံးပြုလို့မရနိုင်တာ ကွာခြား ချက်တစ်ခုဖြစ်ပါတယ်။

ဓာတ်ဆီနဲ့ ဒီဇယ်ကားတွေအပြင် အခုနောက်ပိုင်းပြည်တွင်း မှာ လူကြိုက်များလာတဲ့ကား အမျိုးအစားတစ်ခုကတော့ Hybrid အင်ဂျင်သုံးကားတွေ ဖြစ်ပါတယ်။ ဟိုက်ဘရစ်အင်ဂျင်ဆိုတာက တော့ ဓာတ်ဆီအင်ဂျင်နဲ့ ဘက်ထ ရီမော်တာပေါင်းစပ်ထုတ်လုပ်တဲ့ကားအမျိုးအစားဖြစ်ပါတယ်။ ကားစတင်ထွက်ခွာချိန်မှာ ဓာတ်ဆီအင်ဂျင်က စတင်အလုပ် လုပ်ပြီး သတ်မှတ်မြန်နှုန်းတစ်ခု ရောက်ချိန်မှာ ဘက်ထရီမော်တာ တွေက ကားရွေ့လျားမှုအတွက် ဆက်လက်လုပ်ဆောင်တာဖြစ်ပါ တယ်။ အဲဒီလိုရွေ့လျားနိုင်ဖို့အ တွက် မော်တာတွေက ကြီးမား သလို ဘက်ထရီအိုးတွေကလည်း ကြီးပါတယ်။

ဘက်ထရီတွေက အရွယ်အ စားကြီးမားသလို ဈေးလည်းမြင့် ပါတယ်။ အဲဒီအချက်ကတော့ပြည်တွင်းဈေးကွက်အတွင်းမှ လူ ကြိုက်နည်းမှုကို ဖြစ်စေတဲ့ အ ချက်ဖြစ်ပါတယ်။ ဟိုက်ဘရစ် ကားတစ်စီးဝယ်တော့မယ်ဆိုရင် ဘက်ထရီဈေးနှုန်း ကြီးမြင့်မှု ကြောင့် အများစုက လက်ရှောင် သွားကြပါတယ်။ ဒါပေမဲ့ ဟိုက်ဘရစ်ကား တွေရဲ့ ဆီစားနှုန်းက သာမန် ဓာတ်ဆီကားတစ်စီးရဲ့ ဆီစားနှုန်းအောက်ထက်ဝက်လောက်လျော့ နည်းတာ တွေ့ရပါတယ်။

အဲဒါ ကြောင့် ဓာတ်ဆီ၊ ဒီဇယ်နဲ့ ဟိုက် ဘရစ်ကားတွေထဲက ဘယ်ကား ကောင်းတယ်၊ ဘယ်ကား မကောင်းဘူးဆိုတာထက် ကိုယ် အသုံးပြုမယ့်နေရာ၊ သုံးစွဲနိုင်တဲ့ ငွေကြေးပမာဏအတိုင်းအတာ တွေကို ချိန်ဆဝယ်ယူသင့်ပါ တယ်။

 

Read 1261 times