ဒီဇယ်အင်ဂျယ် နော်ဇယ်နှင့် Injection Pump


ဒီဇယ်အင်ဂျင်ကို ဓာတ်ဆီအင်ဂျင်ထက် ပို၍အသုံးများပါတယ်။ မော်တော်ယာဉ်များသာမက၊ စက်ယန္တရားကြီးများ၊ မီးစက်ကြီးများ၊ ရေစုပ်စက်ကြီးများ၊ လယ်ယာကဏ္ဍသုံးစက်ပစ္စည်းတွေမှာလဲ ဒီဇယ်အင်ဂျင်ကို အသုံးပြုကြပါတယ်။

ထို့အပြင် စက်လှေကြီးများ၊ မော်တော်ဘုတ်နှင့် သင်္ဘောများမှာလည်း အင်ဂျင်ပါဝါစွမ်းအားကြီးမားသော ဒီဇယ်အင်ဂျင်ကိုသာ အသုံးပြုကြပါတယ်။

ဒီဇယ်အင်ဂျင်ကို Compression Engine လို့လည်းခေါ်ဆိုကြပါတယ်။ ဒီဇယ် အင်ဂျင်တွင် မီးပေးစနစ်၊ ကွိုင်ပလပ် များမပါဝင်ဘဲ အင်ဂျင် Compression မီးအားတစ်ခုတည်းဖြင့် နော်ဇယ်များမှ ဖြန့်ပေးသော ဒီဇယ်ဆီကို မီးလောင်ပေါက်ကွဲပြီး Compression ဖိအားမြင့်မားပြီး ပေါက်ကွဲမှုပြင်းထန်သောကြောင့် အင်ဂျင်ဘလောက်ကို ခိုင်ခံကြီးမားစွာ သွန်းလောင်းပြုလုပ်ထားရပါတယ်။ ဒါကြောင့် ဓာတ်ဆီအင်ဂျင်များထက် ပိုမိုထုထည်ကြီးမားပြီး တောင့်တင်းတာပါ။ လေးလံပြီး စက်သံကြမ်းတမ်းပါတယ်။ ဒီဇယ်အင်ဂျင်ကို စတင်စိတ်ကူးပြီး တီထွင်ပေးခဲ့သော ပညာရှင်များကတော့ ဂျာမန်လူမျိုး ဒေါက်တာရူးဒေါ့ဖ်ဒီဇယ်ဖြစ်ပါတယ်။ မူလတီထွင်သူကို ဂုဏ်ပြုသောအားဖြင့် ဒီဇယ်အင်ဂျင်ဟုခေါ်ခဲ့ကြခြင်းဖြစ်ပါတယ်။

ဒီဇယ်အင်ဂျင်နှင့် ဓာတ်ဆီအင်ဂျင်တို့၏ အဓိကခြားနားချက်မှာ လောင်စာဆီပို့စနစ် (Fuel System) ပါ။ ဒီဇယ်အင်ဂျင်တွင် လောင်စာဆီကို Injection Pump နှင့် နော်ဇယ်များမှ ဖြန့်ဝေပေးပါတယ်။ ဓာတ်ဆီအင်ဂျင်ကတော့ လောင်စာဆီပို့စနစ်မှာ ကာဗရိုက်တာစနစ်ကိုသုံးခဲ့ပြီး ယခုအခါ FFI ခေါ် Fleetromic Fuel Injection စနစ်ဖြင့် လောင်စာဖြန့်ဝေပေးပါတယ်။ဒီဇယ်အင်ဂျင်တွင် မီးပေးစနစ် (Injection System) မပါဘဲ Compression ဖိအားဖြင့်သုံးပြီး နော်ဇယ်များမှ ဆီဖြန်းပေးချိန်တွင် မီးလောင်ပေါက်ကွဲသွားတာပါ။ ဓာတ်ဆီကားများတွင် မီးကွိုင်၊ ပလပ်များကိုသုံးပြီး ဒစ်စတြီဗျူတာမှ မီးဖြန့်ဝေပေးတာပါ။ အင်ဂျင်မီးတိုင်မင်ကိုက်ဖြစ်စေရန် Spank Plug များမှ မီးပွားပွင့်ပြီး ဓာတ်ဆီလေအရောကို မီးလောင်ပေါက်ကွဲစေတာပါ။

ဒီဇယ်အင်ဂျင်နှင့် ဓာတ်ဆီအင်ဂျင်တို့တွင် တူညီသောအချက်များမှာ အအေးခံစနစ်၊ ချောဆီပို့စနစ် (Lubricant System) စက်နိုးမော်တာစနစ်နှင့် ဒိုင်နမိုချာဂျင်စနစ်များ တူညီကြပါတယ်။ သို့သော်လည်း ဒီဇယ်အင်ဂျင်သည် Compression မြင့်မားသဖြင့် အင်ဂျင်စက်နှိုးရန် မော်တာဘက်ထရီမှာ အားကောင်းရပါတယ်။ ထို့ကြောင့် ဒီဇယ်ကားများတွင် ဘတ်ထရီအိုးအရွယ်အစားကြီးပြီး စက်နှိုးမော်တာမှာလည်း လှည့်အားကောင်းသော အမျိုးအစား ဖြစ်ရပါမယ်။ ဒီဇယ်ကားကို ထိန်းသိမ်းကိုင်တွယ် မောင်းနှင်သူများအနေဖြင့် ဘတ်ထရီ၊ ဒိုင်နမိုနှင့် စတက်တာ မော်တာ(Starter Motor)တို့ကို အထူးဂရုစိုက်ရပါမယ်။ ဒီဇယ်ကားကိုင်တွယ်ရသောကားဆရာများနှင့် ကားအုံနာများအတွက် သတိပြုသင့်သောအချက်များကို တင်ပြလိုပါတယ်။ ဒီဇယ် Injection Pump နှင့် နော်ဇယ်များအကြောင်းသည် ကျယ်ပြန့်ပါတယ်။ ဒီဇယ် အင်ဂျင်တစ်လုံးကို အထူးဂရုစိုက်သင့်သောအရာများမှာ ဘတ်ထရီ၊ ဒိုင်နမို၊ စက်နှိုးမော်တာ၊ အင်ဂျင်ဝိုင်၊ ဒီဇယ်ပန့်၊ ပလန်ဂျာနှင့် နော်ဇယ်များဖြစ်ပါတယ်။

ဒီဇယ်အင်ဂျင်တစ်လုံးတွင် အများဆုံးဖြစ်တတ်သောပြဿနာများမှာ ဘက်ထရီစက်နှိုးမော်တာနှင့် အင်ဂျင်အနိုးထိုင်းသော ပြဿနာများဖြစ်ပါတယ်။ ဒီဇယ်အင်ဂျင်တစ်လုံးစက်နှိုးရခက်ခဲသော အားနည်းချက်အကြောင်း တရားများစွာရှိပါတယ်။

- ဘက်ထရီအားမရှိခြင်း

- ဘက်ထရီကြိုးပလက်များ ဘက်ထရီခေါင်းများချောင်နေခြင်း

- ဘက်ထရီချာဂျင် အဝင်နည်းခြင်း၊ ဒိုင်နမိုမီးထွက် မကောင်းခြင်း

- ဒီဇယ်ဆီလိုင်းပိတ်နေခြင်း၊ ဆီလိုင်းတွင် လေဆို့နေခြင်း

- ဒီဇယ်ဆီတွင် ရေများရောပါနေခြင်း

- အင်ဂျင် (Heat Plut) ဂလိုးမီးများမကောင်းခြင်း

- စက်နှိုးမော်တာ ဆွဲအားမကောင်းခြင်း

- အင်ဂျင် Compressiom ဖိအားကျနေခြင်း

- ပလန်ချာများစားပြီး ပန့်ကျနေခြင်း

- နော်ဇယ်များ မကောင်းခြင်း

- Injection တိုင်မင်များနေခြင်း

- ပန့်၊ Step Valve သို့ သော့မီးမရောက်ခြင်း

ဒီဇယ်အင်ဂျင်တစ်လုံးကို စက်နှိုးလိုက်လျှင် အင်ဂျင်ချက်ချင်းနိုးနိုင်ရန် အဓိကကျသောအချက်များမှာ မော်တာလှည့်အားကောင်းပြီး အင်ဂျင် Compressiom လုံဖို့လိုပါတယ်။ ကြိုတင်အပူပေးတဲ့ ဂလိုးမီး(Heat ပလပ်များ) ကောင်းပြီး Heat ပလပ်တိုင်မာ ပုံမှန်အလုပ်လုပ်ရပါတယ်။ ပန့်နှင့် နော်ဇယ်များ ဆီပို့အားကောင်းပြီး Injection timing မှန်ရပါတယ်။ ဒီအချက်တွေပြည့်စုံအားကောင်းမှ ကားသော့လှည့်ပြီး မော်တာဆွဲလိုက်တာနဲ့ ဒီဇယ်အင်ဂျင် ချက်ချင်းနိုးမှာပါ။

Readmore;တစ်ပတ်အတွင်းအရောင်းရဆုံးကားဈေးနှုန်းများ

ဘက်ထရီခေါင်းနဲ့ ဘက်ထရီကြိုးအဆက်က လွတ်ပြီးချောင်နေမယ်၊ ဘက်ထရီအားအပြည့်မရှိ၊ မော်တာကလည်း ဆာဗစ်စင်မလုပ်တာကြာတော့ ရုန်းအားဆွဲအားမကောင်း၊ ဂလိုးမီးပလပ်တွေက နှစ်လုံးလောက်က ညာနေမယ်ဆိုရင်တော့ အဲဒီအင်ဂျင်မျိုး စက်နှိုးရတာခက်ခဲနေပါလိမ့်မယ်။ဘက်ထရီမော်တာ၊ ဒိုင်နမိုတွေကို ဂရုတစိုက်စစ်ဆေးပြီး ထိန်းသိမ်းပေးဖို့လိုပါတယ်။ ပုံမှန်ဆားဗစ်လုပ်ပေးရပါတယ်။ ဘက်ထရီကြိုး၊ ဘက်ထရီခေါင်းတွေ တင်းကျပ်နေဖို့လိုပါတယ်။ ဘက်ထရီထဲမှာ အက်ဆစ်ပျော်ရည် Level အပြည့်ရှိပြီး အက်ဆစ်ပါဝါဒီဂရီတွေလည်း မှန်နေအောင် စစ်ဆေးပြုပြင်ပေးပါ။ ဘက်ထရီအားအဝင် ချာဂျင်ကောင်းဖို့ ဒိုင်နမို၊ လုပ်ဆောင်ချက်တွေမှန်ရပါတယ်။ စက်နှိုးမော်တာမှာ ကာဗွန်တွေ၊ အာမေချာ၊ ကြေး စိတ်ခေါင်းတွေကောင်းဖို့ ပုံမှန် Service လုပ်ပေးရပါတယ်။ မော်တာဆွဲအား နည်းနည်းလေးအိပြီး ကျတာနဲ့ချက်ချင်းပြင်ပါ။

ဂလိုးပလပ်တွေ ကောင်းကောင်းအပူပေးနိုင်မှ ဒီဇယ်အင်ဂျင်စက် နှိုးရလွယ်ပါတယ်။ ဒီဇယ်အင်ဂျင်စပြီးနှိုးတဲ့အ ချိန်မှာ အင်ဂျင်အေးနေတာကြောင့် ပူသွားအောင်၊ ဂလိုးမီးနဲ့အပူပေးရပါတယ်။ ပစ်စတင်လေးလုံးထိုး အင်ဂျင် တစ်လုံးမှာ Heat Plug လေးလုံး တပ်ဆင်ထားပါတယ်။ ပလပ်လေးလုံးမှာ ပလပ်နှစ်လုံးလောက်ကျွမ်းနေမယ် ဆိုရင် အင်ဂျင်တစ်ချက် တည်းနဲ့ မနိုးနိုင်တော့ပါဘူး။ကားသော့ဖွင့်လိုက်တာနဲ့ ဒတ်ခ်ျဘုတ်မှာ ကွိုင်ပုံသဏ္ဍာန် မီးနီလင်းလာပြီး ငါးစက္ကန့်လောက်မှာ မီးရောင်ပျောက် သွားပါလိမ့်မယ်။ Heat Plug ကို စက္ကန့်ပိုင်းအချိန်တိုလေးပဲ မီးပေးရပါတယ်။ ဒါကို Relay Timer ကဖြတ်ပေးပါတယ်။ Timer Relay မကောင်းရင် Heat Plug တွေလောင်သွားနိုင်ပါတယ်။ Heat Plug တစ်လုံးခြင်းကို ကောင်း၊ မကောင်းဝါယာတစ်စ ထောက်ပြီး စမ်းသပ်ကြည့်နိုင်ပါတယ်။

ဆီတိုင်ကီထဲက ဒီဇယ်ဆီတွေ ပန့်နဲ့နော်ဇယ်ထဲမရောက်ခင် သန့်စင်တဲ့လောင်စာဆီဖြစ်အောင် Fuel Filter ဗူး က စစ်ဆေးပေးပါတယ်။ ဒီဇယ်ထဲမှာ ရေတွေရောပါလာရင်လည်း ဆီစစ်ဗူးကအောက်မှာကျန်နေအောင် လုပ်ပေးပါတယ်။ Injection Pump အရင် ဆီလိုင်းထဲမှာ လေခိုမနေအောင် Hand Pump ရိုက်ပြီး လေချူပေးရပါတယ်။ ဆီတိုင်ကီကနေ ဆီပန့်ရောက်တဲ့အထိ ဆီလိုင်းထဲမှာဒီဇယ်ဆီတွေ(လေမခိုဘဲ) တင်းနေအောင် Hand Pump က လုပ်ပေးပါတယ်။ ဒီဇယ် Filter ဘူး အောက်ခြေနားမှာ ရေဖောက်ချနိုင်အောင် ပလပ်ပေါက်ကလေး တစ်ပေါက်ရှိပါတယ်။ မကြာခဏရေတွေ ဖောက်ချပေးရပါတယ်။

ဒီဇယ်အင်ဂျင်သုံး ပလန်ဂျာ၊ ပန့်နှင့် နော်ဇယ်အစိတ်အပိုင်းတွေကို အနုစိတ်/အသေးစိတ် တိတိကျကျလုပ်ပေး ထားပါတယ်။ mm ရဲ့ အပုံတစ်ထောင်ပုံ 1/1000mm တစ်ပုံလောက်အထိကို တိကျလွန်းတာကြောင့် အင်ဂျင် မှာသုံးတဲ့ ဒီဇယ်ဆီဟာ အထူးသန့်ရှင်းဖို့လိုပါတယ်။ မျက်စိနဲ့မမြင်နိုင်အောင်အထိ သေးငယ်လွန်းတဲ့အမှုန်အမွှား၊ အညစ်အကြေးတွေကြောင့် ပလန်ဂျာ၊ ပန့်နှင့် နော်ဇယ်တွေပျက်စီးပွန်းစားသွားနိုင်ပါတယ်။ အရည်အသွေး မှန်ကန်တဲ့ ဆီစစ်ဗူးကို ရွေးချယ်သုံးဖို့လိုပါတယ်။ ပလန်ဂျာတွေ၊ နော်ဇယ်တွေက တန်ဖိုးကြီးပါတယ်။ ဆီသန့်ဖို့ အရေးကြီးပါတယ်။ ရေနံစိမ်းက ချက်လုပ်တဲ့ဒီဇယ်ဆီမှာ ဖယောင်းတွေ၊ ဆာလဖာ တွေရောပါလာတတ်ပါတယ်။ အေးလွန်းတဲ့ဒေသတွေမှာ ဖယောင်းများတဲ့ ဒီဇယ်ဆီဆိုရင် ဆီပိုက်လိုင်းတွေ ပိတ်တတ်ပါတယ်။ ဆာလဖာပါဝင် နှုန်းနည်းပါးတဲ့ ပရီမီယံဒီဇယ်ကိုသုံးပါ။

ဒီဇယ်ဆီစစ်ဗူးမှန်မှန်လဲဖို့ အရေးကြီးပါတယ်။ အရည်အသွေး ကောင်းတဲ့ဆီစစ်ဗူးကိုသုံးပါ။ ဈေးကွက်ထဲမှာဈေး ပေါတဲ့ ခပ်ညံ့ညံ့ဆီစစ်ဗူးအတုတွေက ပလန်ဂျာနဲ့နော်ဇယ်တွေကို ဒုက္ခပေးနိုင်ပါတယ်။ ဒီဇယ်ဆီထဲမှာ ရေနံကို စားသုံးပြီး အသက်ရှင်နိုင်တဲ့အဏုဇီဝပိုးလေးတွေရှိပါတယ်။ ဒီပိုးမွှားလေးတွေက ရေနံကိုစားပြီး အကျိအချွဲတွေ ထုတ်ပါတယ်။ ဒီဇယ်တိုင်ကီထဲမှ ဆီအနယ်အနှစ်တွေ၊ ရေတွေ၊ ရေနံစားပိုးတွေကြောင့် ဒီဇယ်ဆီတွေညစ်ပတ်လာပြီး ဆီပိုက်လိုင်းထဲမှာ ပိတ်ဆို့တတ်ပါတယ်။ ဆီတိုင်ကီကိုဖြုတ်ပြီး သန့်ရှင်းဆေးကြောဖို့လိုပါတယ်။ဒီဇယ်တိုင်ကီထဲမှာ ဆီလုံးဝပြတ်သွားတဲ့အထိမသုံးရပါ။ ဆီလိုင်းတွေ၊ နော်ဇယ်ပိတ်တွေထဲမှာ လေခိုနေတတ်ပါ တယ်။ ဆီလိုင်းမှာ လေခိုသွားရင် အင်ဂျင်စက်ထိုးရပ်သွားနိုင်ပါတယ်။ ဒီဇယ်ကားကြီးတွေမှာ ပန့်နော်ဇယ်ဆီ လိုင်းလေခိုသွားရင် ဒုက္ခရောက်နိုင်ပါတယ်။ ကီလိုမီတာ ၁၅၀၀၀-၂၀၀၀၀ လောက်သုံးပြီးတိုင်း ဆီစစ်ဘူးအသစ်လဲပေးပါ။

ဒီဇယ်အင်ဂျင်ဆိုတာ Compression ကောင်းဖို့လိုပါတယ်။ Compression ကျသွားရင် စက်နှိုးရခက်ခဲစေပါတယ်။ ပစ်စတင်ရိန်းတွေစားပြီး ဘားမလုံတာ၊ အင်ဂျင်ဂတ်စ်ကတ်မလုံတာ၊ Head နဲ့ အင်ဂျင်ဘယ်လောက်ဖမ်းထားတဲ့ Head bold တွေ ချောင်နေရင်လည်း Compression ကျတက်ပါတယ်။ဒီဇယ်အင်ဂျင်မှာ နော်ဇယ်၊ ပလန်ဂျာနဲ့ပန့်က အဓိကကျပါတယ်။ နော်ဇယ်တွေပြန်ချိန်ဖို့လိုသလို Injection Pump ကိုလည်း ပြန်စစ်ဖို့လိုပါတယ်။ မိုင် ၁၀၀,၀၀၀ လောက်သုံးပြီး နော်ဇယ်ကိုယ်ထည်တွေဖြုတ် ပြီးဆေး ကြောသန့်ရှင်းပါ။ ပြန်ချိန်ပါ။ နော်ဇယ်ကိုယ်ထည်အတွင်းမှာ Needle Valte ရှိပြီး စပရိန်နဲ့ဖိထားပါတယ်။ ပလန်ဂျာကဆီဖိအားဖြင့်တွန်းလိုက်တဲ့အချိန်မှာ နော်ဇယ်မှာရှိတဲ့ Needle Value တုန်ခါပြီး ဆီအမှုန်အမွှားတွေ ဖွာထွက်လာပါလိမ့်မယ်။နော်ဇယ်ထိပ်ဖျားမှာ ဒီဇယ်ဆီကိုအမှုန်အမွှားလေးတွေပုံစံဖြာထွက်လာပါတယ်။ နော်ဇယ်ဆီဖြန်းတဲ့ပုံစံမှန်ဖို့ နော်ဇယ်ဖိအား Pressure ကို ချိန်ညှိပေးရပါတယ်။

ဒီဇယ်အင်ဂျင်မှာသုံးတဲ့ အင်ဂျင်ဝိုင်ကို၊ သီးသန့်သုံးရပါတယ်။ မာတီဂရိတ်အင်ဂျင်ဝိုင် SAE LOW -30 (သို့မ ဟုတ်) 15w-40 လောက်သုံးပါ။ မိုင် ၅,၀၀၀ လောက်သုံးပြီးတိုင်း အင်ဂျင်ဝိုင်အသစ်လဲပေးပါ။ ဆီစစ်ဗူး ပါတစ်ခါ တည်းလဲပေးပါ။ဒီဇယ်ကားများမှာ အရေးကြီးတဲ့အချက်က အင်ဂျင်ရေမဆူစေဖို့ ဂရုစိုက်ပေးပါ။ ရေတိုင်ကီ၊ ဝါတားပိုက်၊ ဝါးတားပန့်၊ ပန်ကာကြိုး၊ Coolant အရည်တို့ကို ဂရုစိုက်ပါ။ တိုင်မင် Belt ကြိုးသုံးတဲ့ အင်ဂျင်များ ကီလိုမီတာ (၈၀၀၀၀ မှ ၁၀၀၀၀၀) ကြားမှာ Belt ကြိုးအသစ်လဲပေးပါ။ ရေတိုင်ကီလေဝင်ပေါက်တွေထဲမှာ သဲတွေ၊ ဖုန် တွေ၊ အမှိုက်တွေပိတ်ပြီး အင်ဂျင်အပူချိန်မြင့်တတ်ပါတယ်။ မီးတိုင်မင်ဖြစ်ပါက မှန်မှန်သန့်ရှင်းပေးပါ။ လေစစ်ပိတ်နေလျှင် အင်ဂျင်အသက်ရှုကျပ်တက်ပါတယ်။

Credit;ခရူဇာ(Auto-Trade)

Read 4163 times