ဘေးအန္တရာယ် ကင်းရှင်းရေးသည် ပထမ ဦးစားပေး အလုပ်ဖြစ်သည်။
အချို့့သော ယာဉ်မောင်းများသည် စက်ပျက်၍ ရပ်ထားသော နေရာသည် အန္တရာယ်မလွတ် ကင်းသော နေရာဖြစ်သည်ကို ဂရုမပြုမိကြဘဲ လမ်းဘေးတွင် ဖြစ်သလို ရပ်လိုက်ကြသည်။
နောက်ကား ၀င်တိုက်၍ မလိုလားအပ်သော Accident ဖြစ်ရသည်။
ညအချိန် မြင်ကွင်း မကောင်းသော အခြေအနေနှင့် ရာသီဥတု မကောင်းသော အခြေအနေများတွင် လမ်းဘေး ကားရပ်ထား ရသည်မှာ ပို၍ အန္တရာယ် များသည်။
အဝေးပြေး လမ်းမကြီးများတွင် လမ်းဘေး မလွတ်ကင်းသော နေရာ၌ ကားရပ်မိ၍ နောက်ကား ၀င်တိုက်မိသော အဖြစ်ဆိုးများ မကြာခဏ ဖြစ်ပေါ်နေသည်။
ဒီဇယ်ကား စက်ထိုးရပ်သွားစေနိုင်သော နောက် တစ်ချက်မှာ အင်ဂျင်အပူလွန်ကဲခြင်း ဖြစ်သည်။
ရေတိုင်ကီပေါက်၍ ရေယိုကျ နေသည်ကို မသိရှိလိုက်ဘဲ အင်ဂျင်အပူချိန် ရုတ်တရက် မြင့်တက်လာပါက အင်ဂျင် ဂျမ်းဖြစ်ပြီး စက်ထိုး ရပ်သွား တတ်သည်။
အင်ဂျင်အပူလွန်ကဲလျှင် အင်ဂျင်အတွင်းမှ သတ္တုပစ္စတင်များ ပွတက် လာပြီး အင်ဂျင် မရုန်း နိုင်တော့ဘဲ အင်ဂျင်ကျပ် သွားတတ်ခြင်းမှာ အင်ဂျင် Overheat ဖြစ်၍ စက်ထိုးရပ်ခြင်း ဖြစ် သည်။
အင်ဂျင်စက်ထိုး ရပ်သွားသည် အထိ ဖြစ်စေသော အကြောင်းတရားများကို ရှာဖွေစစ်ဆေး ရမည်။
စက်ဖုံးဖွင့်၍ မျက်မြင် စစ်ဆေးပြီး အင်ဂျင်အပူချိန်၊ အင်ဂျင်အနံ့၊ အင်ဂျင်အခြေအနေကို ကြည့်ပါ။
အင်ဂျင် မပူပါက Hand Pump ပြန်ရိုက်ကြည့်ပြီး ဒီဇယ်ဆီလိုင်းတွင် ဆီပြတ်လတ်နေပါက Hand Pump ရိုက်ကြည့်လျှင် ပျော့နေမည်။
ဆီလိုင်းတွင် လေခို/ လေအောင်းနေ ခြင်းရှိ/မရှိ ပန့်လေချူခေါင်းကို လျှော့ပြီး Hand Pump ရိုက်လျှင် လေခိုနေပါက လေနှင့်ဆီများ ရောနှော၍ အန်ထွက်လာမည်။
လေကုန်သွားလျှင် လေချူခေါင်းကို ပြန်လည် တင်းကျပ်လိုက်ပါ။
ဆီစစ်ဘူး အောက်ခြေမှ ရေဖောက်ချ၍ ရသော ပလပ်ပေါက်ကို ဖွင့်ကြည့်ပါ။
ဆီစစ် ဘူးထဲတွင် အနယ်ကျ နေသော ရေနှင့် အညစ်အကြေးများ ထွက်ကျ လာမည်။ ပလပ်ပေါက်ပြန်ပိတ်၍ Hand Pump ပြန်ရိုက်ပါ။
စက်နှိုးမော်တာ ဆွဲကြည့်၍ အင်ဂျင် လည်လျှင် Timing Belt ကြိုး မပြတ်ဘဲ ကြိုးပြတ်လျှင် အင်ဂျင် လုံးဝ လှည့်မရပါ။
အချို့သော ဒီဇယ်အင်ဂျင်များ၊ ချိန်းကြိုးနှင့် Cam Shaft ကိုလှည်စေလျှင် ဒီဇယ်ပန့်ကို ရာဘာ Belt ကြိုးနှင့်သာ လည် စေသည်။
Belt ကြိုးပြတ် / မပြတ် သိရှိ နိုင်ရန် ကာဘာ ဖွင့်ကြည့်၍ စစ်ဆေး ရမည်။
ဒီဇယ်ပန့် Stop Valve အလုပ် လုပ်/မလုပ် စစ်ဆေးရန် မှာ ကားသော့ အဖွင့်အပိတ် လုပ်၍ ဆိုလိုနွိုက် Valve ကစားသော အသံကို နားထောင်ကြည့်ရန် ဖြစ်သည်။
တစ်ခါတစ်ရံ ဆိုလိုနွိုက်ကွိုင် လောင်သွား၍ Valve အဖွင့်/ အပိတ် လုပ်၍ မရခြင်းလည်း ဖြစ်တတ်ပြီး ပန့် Stop Valve အလုပ်မလုပ်လျှင် စက်နှိုး၍ မရပါ။
ဆီလိုင်း၊ ဆီစစ်ဘူး၊ ရေတိုင်ကီအပူချိန်၊ Timing Belt ကြိုး၊ Stop Valve များ၊ Glow Plug မီးများ အားလုံး Ok ပြီး ဘက်ထရီနှင့် မော်တာ အားကောင်းပါက ကားစက် ပြန်နှို်း ကြည့်လျှင် ဒီဇယ်အင်ဂျင်စက်နိုး လာရမည်။