ဒီဇယ်အင်ဂျင်သုံးမော်တော်ယာဉ်များတွင် အများဆုံးဖြစ်တတ်သော ချွတ်ယွင်းချက်များ


ဒီဇယ်အင်ဂျင်သုံး မော်တော်ယာဉ်များတွင် အများဆုံးဖြစ်တတ်သော ချွတ်ယွင်းချက်မှာ စက်နှိုးရခက်ခဲခြင်းနှင့် ရုတ်တရက်စက်သေသွားသော ပြဿနာများဖြစ်ပါသည်။

ဒီဇယ်အင်ဂျင်များ၏ သဘာဝသည် အကြမ်းခံပြီး စွမ်းအားကြီးမားသော်လည်း ပုံမှန်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

ဒီဇယ်ကားတစ်စီး ရုတ်တရက် စက်ထိုးရပ်သွားခြင်းသည် ဖြစ်ခဲလှသော်လည်း ဖြစ်တတ်သော ချွတ်ယွင်းမှု လက္ခဏာဖြစ်ပါသည်။

ဒီဇယ်ကား ဒရိုင်ဘာတစ်ဦးသည် အတွေ့အကြုံရင့်ကျက်ပါက အဘယ်ကြောင့် စက်ထိုးရပ်သွားသည်ကို နားလည်နိုင်ပါသည်။

ဒီဇယ်အင်ဂျင်တွင် Ignition စနစ်မပါ၍ မီးလောင်ပေါက်ကွဲမှုဖြစ်ရန်လုံလောက်သော အပူနှင့် အင်ဂျင် Compression ကောင်းရမည့်အပြင် Fuel Injection စနစ် ကောင်းမွန်မှန်ကန်ရပါမည်။

ဒီဇယ်အင်ဂျင်တစ်လုံး စတင်စက်နှိုးရန် ခက်ခဲစေသော အကြောင်းအရင်းများစွာရှိပါသည်။

အအေးဓါတ်လွန်ကဲသော ဆောင်းရာသီမျိုးတွင် စက်နှိုးရသည်မှာ ပို၍ ခက်ခဲတက်ပါသည်။

စက်နှိုးရခက်ခဲသောရောဂါနှင့် အပြစ်များကို သိရှိထားလျှင် ပြဿနာများကိုဖြေရှင်းနိုင်မည်ဖြစ်ပါသည်။

ဒီဇယ်အင်ဂျင်တစ်လုံး၏ အခြေခံသဘောတရားများကို သိရှိနားလည်ထားလျှင် ချွတ်ယါင်းချက်များကို ရှာဖွေရလွယ်ကူမည်ဖြစ်ပါသည်။

ဒီဇယ်အင်ဂျင်သည် ဓာတ်ဆီအင်ဂျင်ထက် Compressiion မြင့်မားသောကြောင့် စက်နှိုးမော်တာနှင့် ဘက်ထရီများအားကောင်းရသည်။

ရာသီဥတုအေးနေသော အခြေအနေတွင် Glow Plug များက ကြိုတင်အပူပေး၍ ကူညီရပါသည်။

ဒီဇယ်ဆီပို့စနစ်မှ ဆီလိုင်းများ ပိတ်ဆို့မနေစေရန်၊ လေမခိုစေရန်၊ ဆီထဲတွင် ရေများရောနှောမနေစရန် သတိပြုရမည်ဖြစ်ပါသည်။

Diesel Injection စနစ်သည် ဆီများ အထူးသန့်ရှင်းမှုကို ကြိုက်နှစ်သက်ပြီး အရည်အသွေးမမီသော ဒီဇယ်ဆီများတွင် ဖယောင်းနှင့် ဆာလဖာပါဝင်မှု များနေသောကြောင့် Injector (သို့မဟုတ်) Nozzie များတွင် ဒုက္ခပေးတက်ပါသည်။

ဒီဇယ်ကားတစ်စီး မော်တာဆွဲသော်လည်း စက်နှိုးရန် ခက်ခဲနေသော အားနည်းချက်များရှိပါသည်။

ကြိုတင်အပူပေးသော Glow Plug (Heat Plug ) များကောင်းရမည်ဖြစ်ပြီး လုံလောက်သော အပူမရပါက စက်စတင်နှိုးရန်ခက်ခဲပါသည်။

Glow မီးပေးရာတွင် Timer Relay က အချိန်ဖြတ်ပေးပြီး Glow ပလပ်တစ်လုံးကို အချိန်ကြာကြာလျှပ်စစ်ပါဝါပေးလိုက်လျှင် အပူလွန်ပြီး Glow Plug များ လောင်ကျွမ်းသွားတက်သည်။

ကားသော့ဖွင့်လိုက်လျှင် Glow မီးအပူပေးနေသည်ကို ကွိုင်ပုံသင်္ကေတဖြင့် ပြပါသည်။

အင်ဂျင်တစ်လုံးတွင် Glow Plug (၆) လုံးရှိပါက (၆) လုံးစလုံးကောင်း၍ အပူပေးနိုင်ရပြီး Glow Plug (၂) လုံးခန့် ညာနေလျှင် စက်နှိုးရခက်ခဲစေပါသည်။

အင်ဂျင် Compression ကောင်းရမည်ဖြစ်၍ Compression ကောင်း/မကောင်း Tester နှင့် တိုင်းတာစစ်ဆေးနိုင်ပြီး အင်ဂျင် Compression ကျဆင်းနေပါက အင်ဂျင်စတင်နိုးရန် လုံလောက်သော အပူပမာဏ မဖြစ်တော့ပေ။

Valve များ အထိုင်လုံခြင်း၊ Piston Ring များလုံခြင်း၊ ဂတ်စ်ကတ်လုံခြင်းစသော အချက်များ မပြည့်စုံပါက အင်ဂျင် Compression ကျဆင်းနေမည်။

Compression ကျနေသော ဒီဇယ်အင်ဂျင်သည် စက်နှိုးထိုင်းမည်ဖြစ်ပါသည်။

Starter Motor နှင့် ဘက်ထရီများး အားကောင်းမှ ဒီဇယ်အင်ဂျင်တစ်လုံး စတင်စက်နှိုးချိန်တွင် လှည့်အားကောင်းမည်ဖြစ်ပါသည်။

Motor လှည့်အားကောင်းမှ အင်ဂျင်ခပ်သွက်သွက်လည်မည်ဖြစ်ပါသည်။

ဘက်ထရီနှင့် စက်နှိုးမော်တာစနစ်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသော အစိတ်အပိုင်းများ ဖြစ်ပါသည်။

Fuel Injection လိုင်းတွင် ပန့်၊ နော်ဇယ်များ ကောင်းမွန်ပြီး ဆီပို့စနစ်မှန်ပါက အလွယ်တကူ ကားစက်နှိုးနိုင်မည်ဖြစ်သည်။

ခေတ်ဟောင်းဒီဇယ်စနစ်တွင် ပန့်နှင့် နော်ဇယ်များ အရည်အသွေးကောင်းမှ စက်နှိုးရလွယ်ကူမည်ဖြစ်ပြီး ဆီစက်ဘူးတွင် ဆီချေးများ၊ အနယ်အနှစ်များ ပိတ်နေပါက စက်နှိုးရခက်ခဲနေမည်ဖြစ်ပါသည်။

ဒီဇယ်အင်ဂျင်တစ်လုံး၏ Fuel Injection System တွင် လေခိုသွားခြင်း၊ ဆီထဲတွင် ရေများ ရောပါနေခြင်း၊ ဆီမသန့်ခြင်း၊ ဒီဇယ်စစ်ဘူးပိတ်ဆို့နေခြင်းစသော အားနည်းချက်များသည် ရုတ်တရက်စက်ထိုးရပ်သွားစေသော အကြောင်းအရင်းများဖြစ်ပါသည်။

အခြားဖြစ်နိုင်သော အချက်များမှာ Timing Belt ကြိုးပြတ်ခြင်းနှင့် Pump Stop Valve ကို ပါဝါ Supply လုပ်ပေးသော ဝါယာကြိုးအဆက်ပြတ်ခြင်း တို့ကြောင့်လည်း စက်ရပ်သွားနို်င်ပါသည်။

ဆီတိုင်ကီတွင် ဆီလက်ကျန် နည်းပါးနေသော အချိန်တွင် လမ်းမျက်နှာပြင် တိမ်းစောင်းမှု အခြေအနေများကြောင့် ဆီလိုင်းတွင် လေခို သွားနိုင်သည်။ ဒီဇယ်ဆီပိုက်လိုင်းတွင် လေခိုသွားပါက ပန့်နှင့်နော်ဇယ်များမှ ဆီ ဖြန့်ပေးသော ပမာဏ မမှန်တော့ဘဲ ဆီပြတ်ပြီး စက်သေ သွားတတ်သည်။

ဒီဇယ်ဆီဖြည့်စဉ်က မိုးရေများ ရောနှောပါသွားပါက ထိုရေများသည် ဆီပိုက်လိုင်း မှတစ်ဆင့် ပန့်၊ နော်ဇယ်များသို့ ရောက်သွားပြီး စက်သေစေနိုင် သည်။

ထို့ပြင်သန့်ရှင်းမှုမရှိသော ဆီများကြောင့် ဆီစစ်ဘူးတွင် ပိတ်ဆို့ပြီး ပန့်သို့ ဒီဇယ်ဆီများ မရောက် ပါက အင်ဂျင်ချောဆီ ငတ်ပြီး စက်သေ နိုင်သည်။

လူစီးကားလေးများမှ ဒီဇယ်ပန့် ပီနီယံကို Timing Belt ကြိုးနှင့်ချိတ်ဆွဲပြီး Cam Shaft တိုင်မင်အတိုင်း လည်ပတ်စေသည်။

ရာဘာ Belt ကြိုးသည် သက်တမ်း ပြည့်ပါက ပြတ်တတ်သည့် အမျိုးဖြစ်သည်။

တစ်ခါတစ်ရံ Timing Belt ကြိုးရာဘာအသားများကို စက်ဆီ၊ ချောဆီ၊ ဒီဇယ်ဆီများ ပေကျံပါက သက်တမ်း မပြည့်မီ ပျက်စီးသွားတတ်သည်။

အင်ဂျင်တစ်လုံး တိုင်မင်ကျ လည်ပတ်နိုင်ရန် Timing Belt ကြိုးသည် Cam Shaft နှင့် ဒီဇယ်ပန့်ကို လှည့်ပေး ရသည်။

ကြိုးပြတ်သွားပါက Timing Out သွားပြီး စက်ရပ်သွားမည့်အပြင် Cam Shaft နှင့် Valve များထောက်မိပြီး အင်ဂျင်ပါ ပျက်စီးသွားနိုင်သည်။

ဒီဇယ်အင်ဂျင် စက်သတ်ရန် ဆိုလိုနွိုက် Stop Valve ကိုကစား ပေးရသည်။

ယာဉ်မောင်းကားသော့ ပိတ်လိုက်ခြင်းသည် Stop Valve ကို လျှပ်စစ်ဖြတ် တောက်လိုက်ခြင်း ဖြစ်သည်။

ဆိုလိုနွိုက်ကွိုင်သို့ သွယ်တန်း ထားသော ကားသော့အုံမှ လာသော ၀ါယာကြိုး သည် အကြောင်း တစ်ခုခုကြောင့် ၀ါယာ အဆက်အသွယ် ပြတ်သွားပါက ကားသော့ ပိတ်လိုက်သကဲ့သို့ ဖြစ်သွား၍ Stop Valve ကိုပိတ်သွား စေသည်။

ဤကဲ့သို့ ၀ါယာ ဆက်သွယ်မှု ချွတ်ယွင်းချက် ဖြစ်ပါက ရုတ်တရက် အင်ဂျင်စက်သေ သွားတတ်ပြီး ဒီဇယ်ကားတစ်စီး စက်ထိုး ရပ်သွားပါက မော်တာဆွဲ၍ စက်ပြန် နှိုးကြည့်၍မော်တာတစ်ချက် ဆွဲရုံဖြင့် စက်ပြန် မနှိုးနိုင်ပါက ဘာကြောင့်ဖြစ်ရသည်ကို

အပြစ်ရှာဖွေ စုံစမ်းစစ်ဆေးရမည်။

လမ်းပေါ်တွင် ကားလိမ့် နေပါက အန္တရာယ် ကင်းသော လမ်းဘေး နေရာလွတ် တစ်ခုရှာပြီး ကားရပ်နားရမည်။

ကားစက်ပျက်၍ ရပ်ထားကြောင်း လမ်းပေါ်မှ အခြား ကားဆရာများ မြင်သာအောင် အချက်ပြထား ရမည်။

 

Read 6008 times