DiDi က တစ်မူထူးခြား ပင်ကိုမောင်းနှင် တက္ကဆီမော်ဒာသစ် ၂၀၂၅ တွင် စတင်ပြေးဆွဲမည်


DiDi က တစ်မူထူးခြားတဲ့ ပင်ကိုမောင်းနှင် တက္ကဆီမော်ဒာသစ် ၂၀၂၅ တွင် စတင်ပြေးဆွဲမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တက္ကဆီအငှား ဝန်ဆောင်မှု နည်းပညာလုပ်ငန်း DiDi Global သည် တရုတ်ကားထုတ်လုပ်သူများနှင့်အတူ ၎င်း၏ကိုယ်ပိုင် မောင်းသူမဲ့တက္ကစီများကို တီထွင်ထုတ်လုပ်နေသည်ဟု ဆိုသည်။
၎င်းပင်ကိုမောင်းနှင် တက္ကဆီများကို ၎င်း၏ တက္ကဆီ ခေါ်ပေးသည့် ဝန်ဆောင်မှုတွင် ၂၀၂၅ မှာ စတင်သုံးစွဲရန် အစီအစဉ် ရေးဆွဲထားသည်။

DiDi Global မှ ဖန်တီးသည့် ပင်ကိုမောင်းနှင် ရိုဘော့တက္ကဆီကို DiDi Neuron ဟု အမည်ပေးထားသည်။ ယာဉ်နောက်ဘက်တွင် ရိုဘော့လက်တံ တစ်ချောင်းပါသည်။ အထြပ်အပိုးကို ကားပေါ်သို့ တင်ပေးနိုင်သည်။ ကားစီးသူ အိပ်ပျော်နေပါက နှိုးပေးနိုင်သည်။

ဘေဂျင်းအခြေစိုက် DiDi Global သည် Kargobot အမည်ရှိ ပင်ကိုမောင်းနှင် ထရပ်ကားလုပ်ငန်းကိုလည်း ကြေညာခဲ့သည်။ အစီး ၁၀၀ ကျော်ဖြင့် ဝန်ဆောင်မှု ပေးအပ်နေသည်ဟု ဆိုသည်။
ယင်းထရပ်ကားများသည် ထောက်ပံ့ပို့ဆောင်ရေး လော့ဂျစ္စတစ်နှင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများကို အဓိကထား လုပ်ဆောင်နေကြောင်း DiDi က ပြောကြားသည်။


DiDi က မော်တော်ယာဉ် ပင်ကိုမောင်းနှင် စွမ်ူရည်အတွက် ဟဒ်ဝဲ hardware ၂ မျိုး ထုတ်လုပ်ထားသည်။ တစ်မျိုးကို တရုတ်နည်းပညာလုပ်ငန်း Benewake နှင့် အတူလက်တွဲပြီး လုပ်ကိုင်သည်။ ၎င်းဟဒ်ဝဲအမည်မှာ DiDi Beiyao Beta LiDAR ဟူ၍ ဖြစ်သည်။ 
LiDAR သည်  Light Detection and Ranging နည်းပညာကို ဆိုလိုသည်။ 
LiDAR စနစ်သည် လေဆာရောင်ခြည်များ ထုတ်လွှတ်သည်။ မျက်နှာပြင်နှင့်ထိပြီး ပြန်ရောက်လာသည်ကို ဖမ်းယူပြီး ကြားအကွာအဝေးကို သိသည်။ ထို့ပြင် ပြန်ရောက်လာသည့် ရောင်ခြည်တန်းများကို ချင့်ချိန်ပြီး ရုပ်လုံးဖော်သည်။ ထိုနည်းလမ်းဖြင့် ကားပတ်ဝန်းကျင်တွင် ရှိနေသည့်အရာများကို အကွာအဝေးနှင့်တကွ သိသည်။
ကားပတ်ဝန်းကျင်တွင် မည်သည့်အရာများ ရှိနေသည်ကို အချိန်နှင့်တပြေးညီ သိနေဖို့နှင့် သ‌ဘောပေါက်ဖို့သည် ကား၏ ပင်ကိုမောင်းနှင် စွမ်းရည်အတွက် အလွန်အရေးကြီးသည်။
နောက်ထပ် ဟဒ်ဝဲတစ်မျိုးမှာ ပင်ကိုမောင်းနှင် မော်တော်ယာဉ်အတွက် တွက်ချင့်သည့် ပလက်ဖောင်းဖြစ်ပြီး Orca ဟု အမည်ပေးထားသည်။ 

 DiDi သည်  အလိုအလျောက်မောင်းနှင်ရေး ဌာန
ကို ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ထို့နောက် DiDi မှ အပြည့်အဝ ပိုင်ဆိုင်သည့် လက်အောက်ခံ လုပ်ငန်းတစ်ခု အဖြစ်သို့ ခွဲထုတ်လိုက်သည်။
ထို့နောက် SoftBank အပါအဝင် ကုမ္ပဏီပြင်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ရယူခဲ့သည်။ တရုတ်နိုင်ငံ နေရာအချို့တွင် ရိုဘော့တက္ကဆီကို စမ်းသပ်သည်။ ၂၀၂၃ မတ်လတွင် ရိုဘော့တက္ကဆီ စီးပွားဖြစ် ပြေးဆွဲခြင်း စတင်သည်။ 
တရုတ်အစိုးရကလည်း အားပေးသည်။ ပေကျင်းနှင့် ကွမ်ကျို မြို့ကြီးများတွင် ရိုဘော့တက္ကဆီများ စမ်းသပ်ပြေးဆွဲရန် ခွင့်ပြုပေးထားသည်။
Baidu , WeRide , Pony.ai အစရှိသည့် ကုမ္ပဏီများက ရိုဘော့တက္ကဆီများ စမ်းသပ်ပြေးဆွဲကြသည်။
Source cnbc
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 207 times