လျှပ်စစ်ကားကို Dewa’s smart app ဖြင့်အားသွင်းနိုင်


ဒူဘိုင်းလျှပ်စစ်နှင့် ရေအာဏာပိုင်ကုမ္ပဏီ (Dubai Electricity and Water Authority) (Dewa) က လျှပ်စစ်ကားကို Dewa’s smart app ဖြင့်အားသွင်းနိုင်ရန် အားသွင်းနေရာ (charging station) ၂၄၀ ခုတွင် တပ်ဆင်ထားပြီး QR code ကို scan ဖတ်ရုံဖြင့် အားသွင်းလို့ရ ကြောင်းဖော်ပြထားပါတယ်။

 

ဒီ၀န်ဆောင်မှုအပြင် EV Green Charger ရှိသောသူများသည် Dewa အားသွင်းနေရာများ (Dewa charging station )တွင် လည်းအားသွင်းနိုင်ပါတယ်လို့လည်း ဆိုပါတယ်။ ထုတ်လုပ်ရခြင်းအကြောင်းရင်းကတော့ Dewa ရဲ့ smart app ကို နောက်ဆုံးပေါ် နိုင်ငံတကာနည်းပညာဖြင့် အားစိုက်

ထုတ်လုပ်မှုအတွက် တိုးတက်အောင် မြင်အောင်လုပ်ဆောင်ပေးခြင်းပဲဖြစ်ပါတယ်။

 

သုံးစွဲသူများအတွက် အချိန်မရွေး ၊နေရာမရွေး လွယ်ကူသက်သာစေပြီး၊ လုံခြုံစွာ ဖြင့် လုပ်ဆောင်ပေးပါတယ်။ Dewa သည် EV Green Charger ကို ၂၀၁၅ ခုနှစ်တွင်စတင်ခဲ့ပြီး ဒူဘိုင်းတွင် လျှပ်စစ်မော်တော်ယာဉ်များအတွက် လွယ်ကူခြင်းနှင့် ပတ်ဝန်းကျင်ကိုထိန်းသိမ်းရန် ရေရှည်တည်တံ့သော

သယ်ယူပို့ဆောင်ရေးကို ထောက်ပံ့ပေးခဲ့ပါတယ်။ ထိုအချိန်မှစ၍ ဒူဘိုင်းတစ်ခွင်၌ EV အစိမ်းရောင်အားသွင်းစက် ၂၄၀ ကျော်တပ်ဆင်ခဲ့ပါတယ်။

 

ဤအားသွင်းစခန်း ( charging station) များ၏တည်နေရာများကို Dewa’s smart app၊ ဒစ်ဂျစ်တယ်မြေပုံပလက်ဖောင်းများတွင်တွေ့ နိုင်ပါတယ်လို့ ဆိုပါတယ်။ ၂၀၂၁ ဒီဇင်ဘာ ၃၁ ရက်အထိ EV Green Charger Initiative တွင်မှတ်ပုံတင်ထားသော စီးပွားဖြစ်မဟုတ်သော EV သုံးစွဲသူများ

အတွက် Dewa သည်အခမဲ့ လုပ်ဆောင်ပေးနေပါတယ်လို့လည်းသိရပါတယ်။

 

၎င်းလုပ်ဆောင်မှုကို အများပြည်သူ အားသွင်းတဲ့နေရာတွေမှာသီးသန့်ရရှိနိုင်ပြီး စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ထားသော သုံးစွဲသူများ၊ အစိုးရနှင့်အစိုးရမဟုတ်သော လုပ်ငန်းအဖွဲ့အစည်းများသည် နာရီ ကီလိုဝပ်တိုင်းအတွက်နိုင်ငံသုံးငွေ ၂၉ ပြား (fils) ပေးကြောင်းသိရပါတယ်။

 

By Myanmar Automobile Guide 

Ref:tradearabia

 

Read 405 times