Foot Rest ဟုခေါ်သော Dead Pedal ခြေနင်းပြားအကြောင်း


ထည့်သွင်းပေးထားသော မရွေ့လျားနိုင်သော ရော်ဘာပြား၊ သို့မဟုတ် သတ္တုပြား ဖြစ်ပါသည်။

Dead Pedal များသည် ကားတွင် ဘာလုပ်ဆောင်ချက်များမရှိသော်လည်း ကားမောင်းသူအတွက် သက်သောင့်သက်သာရှိစေသော အရာဖြစ်သောကြောင့် ကားအတော်များများတွင် ထည့်သွင်းတပ်ဆင်ကြပါသည်။

Manual ဂီယာသုံး ကားများတွင် Dead Pedal ကို Clutch အသုံးပြုရခြင်း ချောမွေ့လွယ်ကူစေရန်အတွက် ထည့်သွင်းပေးထားသကဲ့သို့ Auto ဂီယာသုံးကားများတွင်လည်း ခြေထောက်ညောင်းသက်သာအောင်တင်ထား၍ရခြင်းကြောင့် Dead Pedal က အသုံးဝင်ပါသည်။

အကယ်၍ ကားတစ်စီးတွင် Dead Pedal မပါခဲ့လျှင် ဈေးကွက်ထဲတွင် ဝယ်ယူတပ်ဆင်အသုံးပြုနိုင်ပါသည်။

မော်တော်ကားခြေနင်းပြားများ၏ ကနဦး ဒီဇိုင်းမှာ Dead Pedal ဆိုသော အဓိကကျသော အစိတ်အပိုင်းတစ်ခုမဟုတ်ပေ။

၁၉၀၈ ခုနှစ်ဝန်းကျင်က မူလလက်ဟောင်း Ford Model T ကဲ့သို့ ကားများတွင်ဆိုလျှင် Dead Pedal များ မပါဝင်ဘဲ Upright Pedal System ကို အသုံးပြုထားပါသည်။

ခြေထောက်တင်ရန် နေရာထားပေးခြင်းအားဖြင့် Clutch သို့မဟုတ် ဘရိတ်ကို မှားယွင်းလုပ်ဆောင်မှုမရှိစေရန် Dead Pedal ကို ဖန်တီး အသုံးပြုခဲ့ကြခြင်းဖြစ်ပြီး Auto ဂီယာအများစုတွင် Dead Pedalတပ်ဆင်ပေးထားလေ့ရှိသော်လည်း ၁၉၉၈ မိုဒယ် Ford Focus လို ကားများတွင် Dead Pedal မပါဝင်ပေ။

Dead Pedal များသည် လုပ်ဆောင်ချက်နှစ်ရပ်ကို အဓိကလုပ်ဆောင်ပါသည်။

ပထမတစ်ချက်က ကားမောင်းသူအတွက် ခြေထောက်အညောင်းသက်သာစေရန် ဘယ်ခြေထောက်တင်စရာအဖြစ် အသုံးပြုနိုင်ခြင်းဖြစ်ပြီး နောက်တစ်ချက်မှာ Manual ဂီယာသုံးကားများတွင် Flywheel နှင့်

Disc များ အချိန်မတိုင်မီ ပွန်စားသွားစေနိုင်သော Half Clutch ဟုခေါ်သော ယာဉ်မောင်းနှင်စဉ်အချိန်အတွင်း အန္တရာယ်များသော အပြုအမူမျိုးပြုလုပ်ခြင်းကို ရှောင်ကြဉ်နိုင်ရန် အထောက်အကူပေးခြင်းသာဖြစ်ပါသည်။

ကားမောင်းသူ၏ ဘယ်ခြေထောက်ကို Dead Pedal ၏ ခပ်စောင်းစောင်း မျက်နှာပြင်တွင် တင်ထားခြင်းအားဖြင့်လည်း ကားမောင်းသူအနေနှင့် မောင်းနှင်ချိန်တွင် ဘရိတ်ကို အမှတ်တမဲ့ မနင်းမိစေရန်အထောက်အကူပြုခြင်းကြောင့် ကားတစ်စီးလုံးကို ကောင်းကောင်းထိန်းချုပ်မောင်းနှင်နိုင်စေပါသည်။

Dead Pedal များကို သတ္တုပြားပုံစံနှင့်သာမက ရော်ဘာပြားပုံစံနှင့်ပါ တွေ့မြင်နိုင်ပြီး တစ်ချို့ကိုတော့ ကားကြမ်းခင်းမှ မောက်တက်နေသော ပုံစံအဖြစ် တွေ့မြင်ရပါသည်။

နောက်တစ်မျိုးမှာ ပြိုင်ပွဲဝင် ကားတစ်ချို့တွင် တွေ့ရသော Dummy Pedal ခေါ် ခြေနင်းပြားအတုဖြစ်ပြီး ဘယ်လိုလုပ်ဆောင်ချက်မျိုးကိုမှ မလုပ်ပေးနိုင်သော်လည်း ကားခြေနင်းစနစ် Pedal System ၏ အစိတ်အပိုင်း တစ်ခုအဖြစ် တည်ရှိနေခြင်းသာ ဖြစ်ပါသည်။

 

Read 644 times