Datsun ကမ္ဘာတစ်လွှား ထုတ်လုပ်မှု အိန္ဒိယတွင် နိဂုံးချုပ်


Datsun ကမ္ဘာတစ်လွှား ထုတ်လုပ်မှု အိန္ဒိယတွင် နိဂုံးချုပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Nissan သည် Datsun အမည်ကို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တန်ဖိုးသင့် အမှတ်တံဆိပ်တစ်ခုအဖြစ် ပြန်လည်အသက်သွင်းပေးပြီး ၂၀၁၃ ခုနှစ်တွင် တစ်ဖန်ပြန်လည်မွေးဖွားပြီးနောက် သက်တမ်း ၉၁ နှစ်အတွင်း ဒုတိယအကြိမ်အဖြစ် Datsun ကို နိဂုံးချုပ် အဆုံးသတ်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံတွင် မော်တော်ယာဉ် ထုတ်လုပ်ရေးလိုင်းမှ နောက်ဘိတ်ဆုံး Datsun ကို ထုတ်လုပ်ခဲ့ပါတယ်။

ထုတ်လုပ်သမျှ မော်ဒယ်အားလုံးမှာ Nissan အမှတ်တံဆိပ် သုံးတဲ့ မူကို မကျင့်သုံးခင်မှာ Datsun အမှတ်တံဆိပ်ဖြင့် ကားများကို မူလက ၁၉၃၁ မှ ၁၉၈၆ အထိ ထုတ်လုပ်ခဲ့ပြီး နိုင်ငံပေါင်း ၁၉၀ မှာ ရောင်းချခဲ့ပါတယ်။
၂၇ နှစ်ကြာ Datsun အမှတ်တံဆိပ် ရပ်နားထားရာမှ ၂၀၁၃ ခုနှစ်မှာ ထွန်းသစ်စဈေးကွက်များအတွက် Datsun အမည်ကိုတန်ဖိုးနည်း ကားမော်ဒယ် အမှတ်တံဆိပ်အဖြစ် Nissan Motor က   ပြန်လည်အသက်သွင်းခဲ့ပါတယ်။
Nissan ကားပုံစံဟောင်းများကို အခြေခံပြီး နောက်ဖက်ဖွင့် hatchback မော်ဒယ် ၂ မျိုး၊ wagon ၁ မျိုးကို အခြေခံအားဖြင့် လိုအပ်တဲ့ လုပ်ဆောင်ချက်အင်္ဂါရပ်များဖြင့်သာ ၎င်းမော်ဒယ် ၃ မျိုးကို ထုတ်လုပ်ပြီး ကားများကို စျေးသက်သက်သာသာဖြင့် စျေးကွက်တင်ပါတယ်။ ရောင်းအားက မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ပါ။

ပြန်လည်မွေးဖွားလိုက်သော Datsun မော်ဒယ်များဟာ ယာဉ်တိုက်မှုစမ်းသပ်မှုများတွင် "သုည" ကြယ်ပွင့်ဘေးကင်းရေးအဆင့်သတ်မှတ်ချက်ကိုသာ ရရှိသဖြင့် ကာကွယ်မှု ညံ့ဖျင်းသည့်အတွက်လည်း အပြစ်တင်ခံခဲ့ရပါတယ်။

Nissan က ကုမ္ပဏီမှာ အရှုံးပြနေတဲ့ အပိုင်းကဏ္ဍများကို ဆက်လက် လုပ်ကိုင်ခြင်း မပြုတော့ဘဲ ပြန်လည်ဖွဲ့တည်တဲ့အခါ ၂၀၂၀ ပြည့်နှစ်တွင် အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့မှ Datsun စက်ရုံများကို ပိတ်သိမ်းလိုက်ပါတယ်။ 

အိန္ဒိယနိုင်ငံတွင် Datsun Go hatchback နှင့် Datsun Go+ wagon တို့ကို ၂၀၂၁ ခုနှစ်တွင် ထုတ်လုပ်မှု နိဂုံးချုပ်လိုက်ပါတယ်။ ထိုအခါ Datsun Redigo city hatch မော်ဒယ် တစ်မျိုးတည်းသာ ကျန်ပါတော့တယ်။ ၎င်းမော်ဒယ်ကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ထုတ်လုပ်မှု အဆုံးသတ်လိုက်ပါတယ်။


Datsun က အိန္ဒိယဈေးကွက်မှာ ဈေးကွက်ဝေစု ၀.၀၉% မျှသာ ရရှိခဲ့ပါတယ်။ 
Source drive.com
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 2137 times