ကျပ်သိန်း ၁ဝဝ ကျော်ဖြင့် ရွေးချယ်သင့်သည့် Daihatsu Move


မြန်မာပြည် မီနီဝက်ဂန်ကားဈေးကွက်မှာ Daihatsu Mira ကို လူသိများပေမဲ့ ဒီကားနဲ့ အင်ဂျင်တူ ၊ အတွင်းခန်း Grade ပိုမြင့်ပြီး Safety ပိုဖြစ်တဲ့ Daihatsu Move ကတော့ တခြားမီနီကားလေးတွေထက် ဈေးနှုန်းပိုများပါတယ်။

Daihatsu Move က အင်ဂျင်ပါဝါ ၆၆ဝ စီစီပဲ ရှိပေမဲ့ စက်စွမ်းအားကောင်းမွန်ပြီး တခြား Kei ကားတွေထက်စာရင် Safety ပိုင်းမှာ အားသာချက်တွေရှိသလို ပုံစံလှတဲ့ အတွက် ဈေးအသင့်အတင့်နဲ့ ကားကောင်းစီးလိုသူတွေ အဖို့ သင့်တော်ပါတယ်။ ဂျပန်နိုင်ငံမှာ Daihatsu Move ကို ၁၉၉၅ ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့ပြီး သုံးနှစ်အတွင်းမှာ အစီးရေ ငါးသိန်းအထိ ရောင်းချနိုင်ခဲ့တဲ့အတွက် ရောင်းအားအကောင်းဆုံးကားတွေထဲမှာ ထိပ်ဆုံးစာရင်းကနေ ပါဝင်လာခဲ့ပါတယ်။

အပြင်ပိုင်း နဲ့ အတွင်းခန်း အပြင်အဆင်

Daihatsu Move၂၀၀၉ မိုဒယ်မှာ L-Grade ၊ H -Grade နဲ့ R - Grade သုံးမျိုးရှိပြီး R -Grade မှာ ရှလ်ပုံစံပြောင်းလဲသွားသလို နှင်းခွဲမီးလေးထောင့်ပုံစံ နဲ့ Auto Aircon ဖြစ်သွားပါတယ်။ Grade အားလုံးမှာ လေအိတ် နှစ်လုံးစီ ပါရှိပါတယ်။ Power Window လေးချက်ဖြစ်ပြီး နောက်မှန်မှာလည်း Wiper ပါရှိသလို မှန်အားလုံးက Original မှန်ကာလာ ဖြစ်ပါတယ်။ ကားကိုယ်ထည် ဆေးအရောင်အနေနဲ့ အနက် ၊ နီညို ၊ အဖြူ ၊ပုလဲ နဲ့ ရွှေအိုရောင်ဆိုပြီး အရောင်းငါးမျိုါ်ရှိပြီး R -Grader မှာ ခရမ်းရောင် နဲ့ ငွေမင်ရောင် နှစ်မျိုးပိုသွားပါတယ်။ Mira နဲ့ ကွာခြားတာက Move ရဲ့ နောက်မီးက ဒေါင်လိုက်ပုံစံသွယ်ပြီး ပိုရှည်သွားပါတယ်။

အင်ဂျင် အမျိုးအစား

Daihatsu Move က အင်ဂျင်ပါဝါ ၆၅၀ စီစီဖြစ်ပြီး ဆလင်ဒါသုံးလုံးထိုး Water Cooling lnline အင်ဂျင် အမျိုးအစား တပ်ဆင်ထားပါတယ်။ ဂီယာကတော့ Auto ဂီယာ လေးချက် ဖြစ်ပါတယ်။ ဆီတိုင်ကီကတော့ ၃၄ လီတာဆံ့ပြီး ဆီစားနှုန်းအနေနဲ့ တစ်လီတာကို ကီလိုနှစ်ဆယ်ကနေ ၂၅ ကီလိုအထိ မောင်းနှင် နိုင်ပါတယ်။

ဈေးနှုန်း

Daihatsu Move ၂၀၀၉ မိုဒယ် ရန်ကုန်လိုင်စင် ၊ နံပါတ်ထွက်ပြီးသား ကားတွေက ကျပ်သိန်း ၁၀၀ ဝန်းကျင်ရှိပြီး ၂၀၁၀ မိုဒယ် နဲ့ နောက်ပိုင်း အက္ခရာ အမြင့်ကားတွေကတော့ ကျပ်သိန်း ၁၂၀ နဲ့ ၁၃၀ ကြားမှာ ရှိပါတယ်။

 

 

 


 

Read 5307 times