Daihatsu Hijet


Daihatsu ကုမ္ပဏီမှထုတ်လုပ်ထားသော Kei ကားအမျိုးအစား Hijet ကို Pick-up Truck အနေဖြင့်သာမက Microvan အဖြစ်နှင့်လည်းထုတ်လုပ်ထားပါသည်။

Daihatsu Hijet ကို Kei ကားအဖြစ်ထုတ်လုပ်ထာသောအင်ဂျင်ပါဝါ ၆၆၀ စီစီဖြစ်ပြီး 2WD,4WD နှစ်မျိုးစလုံးနှင့် ထုတ်လုပ်ထားပါသည်။

ယင်းကားကို ညာမောင်းတစ်မျိုးတည်းကိုသာ Automatic Gean Manual Gear နှင့်ထုတ်လုပ်ထားပါသည်။

အင်ဂျင်အမျိုးအစားမှာ KF3 Clinders 12 Valves DOHC အမျိုးအစားဖြစ်ပါသည်။

Hijet Pick-up ၏နောက်ဆုံးမိုဒယ်ကို၂၀၀၄ ခုနှစ်တွင်စတင်ထုတ်လုပ်ခဲသည်အတွက် ၂၀၀၄ မိုဒယ်တွင် ရုပ်ပြောင်းသွားပါသည်။

၂၀၀၇ မိုဒယ်နှင့်ထုတ်လုပ်သောနောက်ပိုင်းကားများတွင် ဘက်မှန်မှာ ကြွက်နားရွက်ပါသွားပါသည်။

လုပ်ငန်းသုံးကားဖြစ်သည့်အတွက် အတွင်းခန်းဖွဲ့စည်းပုံရိုးရှင်းပြီး ရေဒီယိုနှင့် စတူဒီယိုစနစ်စပီကာ နှစ်လုံးပဲပါရှိ ပါသည်။

Hijet Jumbo မှာခေါင်မြင့်ပြီး တစ်ခန်းခွဲကားများကဲ့သို့နောက်ခန်းတွင် ပစ္စည်းထည့်ရန် အခန်းများ ပါသွားပါသည်။

ယင်းကားတွင် အော်တိုဂီယာ၊ ပါဝါစတီယာရင်၊ အဲကွန်းပါရှီပါက ဂရိတ်ပြည့်ဖြစ်ပြီး ဂရိတ်မပြည့်သည့် ကားများတွင် အဲကွင်းပါပြီး ပါဝါစတီယာရင်မဖြစ်ပါ။

ဂရိတ်အနိမ့်ဆုံးကားများတွင် အဲကွန်းမပါသကဲ့သို့ပါဝါစတီယာရင်လည်းဖြစ်ပါသည်။

Daihatsu Hijet 2007 ကိုနယ်လိုင်စင်နှင့်ဝယ်ယူပါက ဂရိတ်အပြည့်ကို ကျပ် ၉၅ သိန်းဝန်းကျင်နှင့် ဂရိတ်လျော့ကားကို တင်သွင်းပါက ကျပ် ၈၅ သိန်းနှင့် သိန်းကိုးဆယ်ကြားတွင်ရှိပါသည်။

Read 9101 times