ဟိုက်ဂျက် ကားအမျိုးအစားမှာ ဖြစ်တတ်တဲ့ပြဿနာတချို့


ဟိုက်ဂျက်ကားအမျိုးအစားဟာ ဂျပန်အခြေစိုက် Daihatsu ကားကုမ္မဏီကထုတ်လုပ်ပြီး ပြည်တွင်းမှာအသုံးများတဲ့ကားအမျိုးအစားဖြစ်တယ်။

အင်ဂျင်ပါဝါ ၆၆၀ စီစီဖြစ်တဲ့အတွက် ဆီစားသက်သာတဲ့လုပ်ငန်းသုံးကားဖြစ်တယ်။ ဟိုက်ဂျက်ကားအမျိုးအစားမှာဖြစ်တတ်တဲ့ပြဿနာတချို့ကို ဖော်ပြပါတယ်။

၁။ ရေဆူတာ
၂၀၁၁ မော်ဒယ်လ် ဟိုက်ဂျက်မှာဖြစ်တာပါ။ မောင်းနှင်နေစဉ်မှာ အပူရှိန်လွန်ကဲပြီး ရေတိုင်ကီ (radiator)ထဲက ရေတွေဆူပွက်လာတာပါ။ ဝပ်ရှော့ပ်မှာစစ်ဆေးတဲ့အခါ cooling temperature sensor ပျက်စီးတာပါ။ အဲဒါကြောင့် coo-ling temperature sensor ကို အသစ်လဲလှယ်ရမှာပါ။

၂။ မီးမကူးတာ
၂၀ဝ၁ မော်ဒယ်ဟိုက်ဂျက်မှာဖြစ်တာပါ။ အင်ဂျင်က မီးမကူးတာ၊ ဆီမဖျန်းနိုင်တာတွေဖြစ်လာတာပါ။ ပြဿနာကတော့ engine control unit (ECU)က အလုပ်မလုပ်တာဖြစ်တယ်။

၃။ စက်နှိုးလို့ မရတာ
၁၉၉၅ မော်ဒယ်ဟိုက်ဂျက်ကို စက်စတင်နှိုးလို့မရတဲ့ပြဿနာပါ။ သော့ကိုလှည့်လိုက်တဲ့အခါ မီးလင်းလာပေမဲ့ စက်နိုးမလာတာပါ။ ပါဝါပေးတဲ့စနစ်က ချို့ယွင်းတာဖြစ်နိုင်ပါတယ်။ ဘက်ထရီကိုစစ်ဆေးရမှာပါ။ ဘက်ထရီငုတ်တိုင်တွေမှာ ချိတ်ဆက်တဲ့ဝါယာတွေကိုလည်း သန့်စင်ပြီး ချိတ်ဆက်မှုရှိမရှိ စစ်ဆေးရပါမယ်။

၄။ ဟိုက်ဒရောလစ်ဘရိတ်ပြဿနာ
၁၉၉၀ မော်ဒယ်လ် ဟိုက်ဂျက်မှာဖြစ်တာပါ။ ဟိုက်ဒရောလစ်ဘရိတ် (Hydro-lic Brakes)က ပုံမှန်အလုပ်မလုပ်တော့တာပါ။ ဘရိတ်စနစ်တစ်ခုလုံးကိုစစ်ဆေးရမှာဖြစ်ပြီး ဘရိတ် ဆီ ယိုစိမ့်မှုရှိမရှိကိုလည်း စစ်ဆေးရမှာဖြစ်ပါတယ်။ ဘရိတ်ဆီယိုစိမ့်တဲ့အတွက် ဘရိတ်ဖိအားကျဆင်းတာလည်းဖြစ်နိုင်ပါတယ်။

၅။ ဂီယာပြဿနာ
၂၀ဝ၇ မော်ဒယ် ဟိုက်ဂျက်မှာ အော်တိုဂီယာက ပုံမှန်အလုပ်မလုပ်တာပါ။ ဂီယာကို နံပါတ် ၃ အထိထားတဲ့အခါ အမြင့်ဆုံး တစ်နာရီ ရ၀ ကီလိုမီတာနှုန်းအထိမောင်းနှင်နိုင်ပါတယ်။ ဒါပေမဲ့ နံပါတ် ၃ ဂီယာကနေပြောင်းလဲလို့မရတာပါ။ အော်တိုဂီယာစနစ်မှာ ချို့ယွင်းချက်ရှိနေတာပါ။

၆။ ပါဝါစတီယာရင်ပန့်မ်
၂၀ဝ၃ မော်ဒယ်လ် ဟိုက်ဂျက်မှာ ပါဝါစတီယာရင် ပန့်မ် (power steering pump) ချို့ယွင်းတတ်တာပါ။ အသစ်လဲလှယ်ရမှာပါ။

၇။ ဆီစားနှုန်းများလာတာ
၂၀ဝ၇ မော်ဒယ်လ် ဟိုက်ဂျက်မှာ ဖြစ်တာပါ။ အိတ်ဇောက မီးခိုးထုတ်လွှတ်တာနည်းပါးပေမဲ့ဆီစားနှုန်းများလာတာပါ။ အခြားဟိုက်ဂျက်ကားတွေလောင်စာဆီ တစ်လီတာကို ၁၄ ကီလိုမီတာ မောင်းနှင်ရပေမဲ့ အဲသည်ဟိုက်ဂျက်ကတော့ လောင်စာဆီ တစ်လီတာကို ၁၁ ကီလိုမီတာသာမောင်းနှင်နိုင်ပါတယ်။

၈။ အင်ဂျင်ချက် မီးလင်းတာ
၂၀ဝ၃ မော်ဒယ်လ် ဟိုက်ဂျက်မှာအင်ဂျင်ချက်မီးလင်းလာတာပါ။ မောင်းနှင်ပြီး ငါးမိနစ်အတွင်းမှာ speedometer က အလုပ်မလုပ်တော့ဘဲ အင်ဂျင်ချက်မီးလင်းလာတာပါ။ Speedometer အလုပ် မလုပ်တာကတော့ ဝါယာရိန်းစနစ်ကိုစစ်ဆေးရမှာဖြစ်ပြီး အင်ဂျင်ချက် မီးလင်းတာကတော့ ကွန်ပျူတာထိုးစစ်ပြီး ပြစ်ချက်ရှာဖွေမှသာချို့ယွင်းချက်ရှိတဲ့အ စိတ်အပိုင်းကို အတိအကျသိနိုင်မှာဖြစ်ပါတယ်။

 

Read 3674 times