တိုက်ရိုက်မဟုတ်သော ပစ္စည်းပေးသွင်းသူများကိုလည်း ဒိုင်ဟက်စုက နစ်နာကြေး ပေးမည်


တိုက်ရိုက်မဟုတ်သော ပစ္စည်းပေးသွင်းသူများကိုလည်း ဒိုင်ဟက်စုက နစ်နာကြေး ပေးမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Daihatsu သည် မော်တော်ယာဉ် စစ်ဆေးမှု ခံယူရာတွင်  မမှန်မကန်လုပ်ရပ်များ တွေ့ရှိပြီးနောက် ဂျပန်နိုင်ငံရှိ ၎င်း၏ ကားစက်ရုံများအားလုံးတွင် လုပ်ငန်းလည်ပတ်မှုကို လုံးဝရပ်တန့်ထားသည်။

ဂျပန်ကားထုတ်လုပ်သူ Daihatsu Motor က Daihatsu ၏ ထုတ်လုပ်မှု အားလုံး အပြည့်အဝ ရပ်နားထားမှုကြောင့် စီးပွားရေး ထိခိုက်ကြရသည့် တိုက်ရိုက်မဟုတ်သော ပစ္စည်းပေးသွင်းသူ ကုမ္ပဏီပေါင်း ၅,၀၀၀ ကျော်ကို နစ်နာကြေးပေးမည့် အစီအစဉ်တွင် ထည့်သွင်းရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

Daihatsu သည် ၎င်းထံ ပစ္စည်း တိုက်ရိုက်ပေးသွင်းသူများ ၄၀၀အတွက် နစ်နာကြေးပေးရန် အစီအစဉ်များကို  ပြောကြားခဲ့ပြီးနောက် တိုက်ရိုက်မဟုတ်သော ပစ္စည်းပေးသွင်းသူများကိုပါ နစ်နာကြေးပေးရန် စီစဉ်ခြင်း ဖြစ်သည်။ 

ဒိုင်ဟက်စုထံ ပေးသွင်းရန် ထုတ်လုပ်ထားပြီးဖြစ်သော ပစ္စည်းများအတွက် နစ်နာကြေး ပေးအပ်မည် ဖြစ်သည်။ ဝန်ထမ်းများ ဆက်လက်ခန့်ထားနိုင်ရန်အတွက်လည်း ထောက်ပံ့ကြေး ပေးမည် ဖြစ်သည်။
ယခုအခါ ‌နစ်နာကြေး ပေးအပ်မည့် အစ‌ီအစဉ်များကို သက်ဆိုင်ရာ ကုမ္ပဏီများကို ရှင်းလင်းတင်ပြနေသည်ဟု ကုမ္ပဏီက ပြောကြားသည်။ 
ကားထုတ်လုပ်သူ က သက်ဆိုင်သူတိုင်းကို ရိုးဖြောင့်စွာဖြင့် ဖြေရှင်းပေးသွားမည်ဟု ပြောကြားသည်။

မိခင်ကုမ္ပဏီ Toyota Motor က ဒိုင်ဟက်စုကို ဘဏ္ဍာရေး အထောက်အပံ့များ ပေးအပ်မည် ဖြစ်သည်။ 

Source NHK

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 264 times