ကျပ်သိန်း ၁၃၀ နှင့် ၁၅၀ ဝန်းကျင်ပတ်လည်တွင်ရှိသော Daihatsu Atrai Minivan


Daihatsu Atrai Minivan ကို ၁၉၈၁ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ပါသည်။

အင်ဂျင်နှင့် နည်းပညာပိုင်းမှာ Daihatsu Hijet ကိုအခြေခံထားခြင်းဖြစ်ပြီး Minibus အသေးစားအဖြစ် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

ထိုကား၏ အမည်နာမကို ပြင်သစ်ဘာသာစကား Charming ၊ ဂျပန်လို Attria (စွဲဆောင်မှုနှင့် ပျော်ရွှင်မှုပြည့်ဝသော) ဆိုသည့် အဓိပ္ပာယ်နှင့် ပေးထားခြင်းဖြစ်ပါသည်။

ဥရောပမှာ Atria ကို Hijet နှင့်အပြိုင် မှာယူမှုများသည့်အတွက် ဈေးကွက်အောင်မြင်မှုရသော ကားအမျိုးအစားဖြစ်ပါသည်။

သို့သော် မြန်မာပြည်ကားဈေးကွက်တွင် ၆၆ဝ စီစီ Minivan များကို Wagon ကားများအတိုင်း အခွန်ကောက်ခံသည့်အတွက် Carry Truck များနှင့်ယှဉ်မယ်ဆိုလျှင် သိန်း ၄ဝ ခန့်ဈေးပိုများပါသည်။

အင်ဂျင်ပါဝါ ၆၆ဝ စီစီသာရှိသော်လည်း စက်ဆွဲအား ကောင်းပြီး အော်တိုဂီယာ ၄ ချက်ကို 2WD၊4WD နှစ်မျိုးထုတ်လုပ်ထားပါသည်။

2WD ၏ Chissis က ABA-S3231G ဖြစ်ပြီး 4WD ၏ Chissis က ABA-S331G ဖြစ်ပါသည်။

အင်ဂျင်မိုဒယ်ကတော့ KF-DET ဖြစ်ပြီး အမျိုးအစားက 3 Cylinder DOHC 12 Valves IC-Turbo အင်ဂျင်ဖြစ်ပါသည်။

Daihatsu Atrai က တစ်ခြား ၆၆ဝ စီစီ Minivan များထက် အတွင်း ဂရိတ်ပိုမြင့်ပါသည်။

ဘေး Slide Door အပါအဝင် တံခါး ၄ ချပ်ဖြစ်ပြီး ၅ ယောက်စီးအမျိုးအစားဖြစ်ပါသည်။

ပစ္စည်းတင်သည့် နောက်ခန်းကလည်း ကျယ်ဝန်းပြီး နောက်ထိုင်ခုံများကိုလည်း ခေါက်ပြီးအသုံးပြုနိုင်ပါသည်။

၂ဝ၁ဝ မိုဒယ် မှာ Custom Turbo R ၊Custom Turbo RS ၊ Custom Turbo RS Limited စသည့် ဂရိတ်များရှိပြီး ပါဝါတံခါး ၂ ချပ်နှင့် Aircon Auto ဖြစ်ပါသည်။

မှန်ချိုးမှန်ခေါက်၊ ဘက်မှန်မီးခြောက်နှင့် မှန်ကာလာလည်း ပါရှိပါသည်။

Limited ဂရိတ်မှာဆိုရင် ရှေ့နောက်ထိုင်ခုံလက်တင်ပါရှိသလို Push Start ဖြစ်တာများပါသည်။

၆၆ဝ Minivan များသည် ကားအနေအထားနှင့် အက္ခရာအပေါ်မူတည်ပြီး ၁ဝ သိန်းကနေ သိန်း ၂ဝ ကြား ဈေးကွာဟပါသည်။

Daihatsu Atrai Minivan မှာ Push Start ဖြစ်ပြီး ထိုင်ခုံလက်တင်ပါသည်ဆိုလျှင် သိန်း ၁၅ဝ ဝန်းကျင်ရှိပြီး ပုံမှန်ဂရိတ်မှာ သိန်း ၁၃ဝ ဝန်းကျင်ရှိပါသည်။

 

Read 1720 times