City Bus နှင့် Mini Bus များကို Daewoo Bus Myanmar မှထုတ်လုပ်မည်


မတ်လအတွင်း Daewoo City Bus အမျိုးအစား Bs 106 ကားနှင့် Lestar Mini Bus များကို Daewoo က ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် Daewoo Bus Myanmar Co.Ltd မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်က အဆိုပါအတိုင်းပြောကြားခဲ့ရာ နိုင်ငံတကာအဆင့် Producation Line များကို နိုင်ငံတကာအဆင့်မီ ကားစက်ရုံများ၏ စံချိန်စံညွှန်းအတိုင်းတပ်ဆင်ထားကြောင်း သိရပါတယ်။ “ Production Line အားလုံးရဲ့ အင်ဂျင်နီယာတွေကိုလည်း ကိုရီးယားနိုင်ငံကို ပညာတော်သင် စေလွှတ်ပြီး တပ်ဆင်ပုံအဆင့်ဆင့်ကို လေ့လာသင်ကြားစေခဲ့ပါတယ်၊ ဒါ့ပြင် မြန်မာနိုင်ငံမှာ စက်ရုံဖွင့်တဲ့အခါမှာ ကိုရီးယားနိုင်ငံ Daewoo က အင်ဂျင်နီယာတွေကိုယ်တိုင် လာရောက်ပြသပေးဦးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။ အဆိုပါထုတ်လုပ်မှှုကို စက်မှှုဝန်ကြီးဌာနမှ နှစ်ရှည်ငှားရမ်းထားသည့် ထောက်ကြန့် ရှိမြေဧက ၁၄ ဧကပေါ်တွင် တည်ဆောက်ထားသော စက်ရုံတွင် SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတွင် ထုတ်လုပ်မည့် Daewoo City Bus Bs106 ကားနှင့် Lestar Mini Bus များသည် ကိုရီးယားနိုင်ငံရှိစက်ရုံတွင် ထုတ်လုပ်သည့် စနစ်များအတိုင်း တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ပြီး ပြည်တွင်းဈေးကွက်အပြင် အရှေ့တောင်အာရှရှိ လိုအပ်မှှုရှိသော နိုင်ငံများသို့ပါ တင်ပို့ရောင်းချသွားရန် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း မန်နေဂျင်းဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်က ပြောကြားခဲ့ပါတယ်။ ဈေးနှှုန်းများအနေဖြင့် Daewoo City Bus က Bs 106 တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၈၅၀၀၀ ခန့် Lestar Mini Bus တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၄၅၀၀၀ ခန့် ကျသင့်မည်ဖြစ်ကြောင်းသိရပါတယ်။ စက်ရုံမှ တစ်နှစ်လျှင် ကားအစီးရေ ၅၀၀ ထုတ်လုပ်ရန်လျာထားပြီး အမျိုးအစား နှစ်မျိုးရှိသည့် အနက် ဈေးကွက်လိုအပ်ချက်ပေါ်မူတည်ကာ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Daewoo အနေဖြင့် SKD စနစ်ဖြင့် ကားတပ်ဆင်ထုတ်လုပ်လျက်ရှိသည့် နိုင်ငံများမှာ ကိုရီးယားနိုင်ငံ ၊ တရုတ်နိုင်ငံ ၊ ဗီယက်နမ်နိုင်ငံ ၊ ကာစ္စစတန်နိုင်ငံ ၊ ပါကစ္စတန်နိုင်ငံ ၊ ထိုင်ဝမ်နှင့် မြန်မာနိုင်ငံတို့တွင် ထုတ်လုပ်နေခြင်းဖြစ်ပါတယ်။ ထို့ပြင် Daewoo အနေဖြင့် Daewoo Bus Myanmar Service Centre များကို ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် တို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Source;Myanmar Bussiness Today

Read 578 times