မြိတ်တွင် ဆိုင်ကယ်တက္ကစီအသင်းဝင်ရောက်ပြီးပါက ခရီးသည်အမျိုးသားတစ်ဦး တင်ဆောင်နိုင်


မြိတ်မြို့နယ်တွင် ဆိုင်ကယ်တက္ကစီအသင်းဝင်ရောက်ပြီးပါက ခရီးသည်အမျိုးသားတစ်ဦး တင်ဆောင်နိုင်ကြောင်း မြိတ်မြို့နယ်၊သုံးဘီးယာဉ်နှင့် ဆိုင်ကယ်တက္ကစီ ထိန်းသိမ်းကြီးကြပ်ရေးအသင်းက ကြေညာချက် ထုတ်ပြန်ထားပါသည်။

မြိတ်မြိုတွင် အမျိုးသားနှစ်ဦးဆိုင်ကယ်တစ်စီးတည်း အတူမစီးရဟု ကြေငြာချက် ထုတ်ပြန်ခဲ့သဖြင့် ဆိုင်ကယ်တက္ကဆီသမားများ ဆိုင်ကယ်မဆွဲရတော့သဖြင့် ယခုကဲ့သို့ စီစဉ်ပေးခဲ့သည်ဟု သိရပါသည်။

ဆိုင်ကယ်တက္ကဆီသမားသည် အသင်းမှ စီစဉ်ပေးသည့် အင်္ကျီ၊ လည်ဆွဲကတ်၊ ဦးထုပ်မာ တို့ကို ဝတ်ဆင်ထားရမည် ဖြစ်သည်။
 


လျှောက်လွှာနှင့်အတူ ပူးတွဲပါရမည့် အထောက်အထားများ

- ရပ်ကွက်ထောက်ခံချက်
- ရဲစခန်းထောက်ခံချက်

A4 ဆိုဒ်ကူးရမည့် မိ္တ္တူ
- မှတ်ပုံတင်မိတ္တူ
- ယာဉ်မောင်းလိုင်စင်မိတ္တူ
- ယာဉ်ဝှီးတက်မိတ္တူ


ဆိုင်ကယ် ဓာတ်ပုံ
ရှေ့၊ နောက်၊ ဘေး
ဓါတ်ပုံ (၁ )ပုံ စီ ။
၆ လက်မ အရွယ်အစား


အသင်းဝင်၏
- လိုင်စင် ဓါတ်ပုံ (၂)ပုံ
- ကိုယ်ရေးအချက်အလက်



အသင်းဝင်ကြေ:
ကျပ် ၁၀,၀၀၀
လစဉ်ကြေး
ကျပ် ၅,၀၀၀

Read 419 times