သင့်ဆိုင်ကယ်ကိုကြိုက်တဲ့နေရာမှာသက်တမ်းတိုးနိုင်ပါပြီ


ဘယ်ပြည်နယ် ဘယ်တိုင်းမှာပဲလိုင်စင်ဝင်ခဲ့ပေမဲ့ လုပ်ငန်းအခြေအနေအရ သွားလာလုပ်ကိုင်ကြတဲ့အခါ အဆိုပါဆိုင်ကယ်တွေဟာ နေရာဒေသအသီးသီးကို ပျံနှံ့တည်ရှိသွားပါတယ်။

သက်တမ်းကုန်လို့လိုင်စင်သက်တမ်းပြန်တိုးတဲ့အခါ 1.9.2017 ရက်မှစ၍မော်တော်ဆိုင်ကယ်များ သက်တမ်းတိုးဆောင်ရွက်ရာတွင် ယာဉ်၏ကြံခိုင်မှုကိုပါစစ်ဆေးပီးမှသက်တမ်းတိုးခြင်းလုပ်ငန်းဆောင်ရွက်မည်ဟုဆိုထားတာကြောင့် မူလလိုင်စင်ဝင်ခဲ့တဲ့ရုံးကိုပြန်လာလုပ်ကြရတာမို့ ဆိုင်ကယ်ကြီးပြန်သယ်ယူလာဖို့ဒုက္ခတွေဖြစ်ကြပါတယ်။

ဒါပေမဲ့ သင့်ဆိုင်ကယ်ဟာ"ယ" ဒါမှမဟုတ် စောစောကပြောသလို"W"ဆိုခဲ့ရင်ဖြင့် သက်တမ်းတိုးဖို့မူလလိုင်စင်လုပ်တဲ့နေရာထိ ဆိုင်ကယ်ကိုယူသွားစရာမလိုတော့ပဲ မိမိလက်ရှိတည်ရှိရာ ကညနမှာ ဆိုင်ကယ်ကိုစစ်လို့ မူလရုံးကိုစာရွက်စာတမ်းပို့ပေးစေခြင်းဖြင့်သက်တမ်းတိုးခြင်းကိုဆောင်ရွက်နိုင်ပါတယ်။ ("ယ" "W"မဟုတ်တဲ့ဆိုင်ကယ်တော့မရပါ)။

သက်တမ်းတိုးတဲ့အခါ ဆိုင်ကယ်ပါသယ်သွားရမှာလားလို့မေးကြတဲ့ သူတွေအတွက်ဖော်ပြပေးလိုက်ပါတယ်။

Credit;ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read 2562 times