Cybertruck ဝယ်ယူသူများ 'ပြန်လည်ရောင်းချသူ မရှိရ ' မူဝါဒ မလိုက်နာလျှင် Tesla က တရားစွဲဆိုမည်


Cybertruck ဝယ်ယူသူများ 'ပြန်လည်ရောင်းချသူ မရှိရ ' မူဝါဒ မလိုက်နာလျှင် Tesla က တရားစွဲဆိုမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တက်စလာ ဆိုက်ဘာထရပ် ဝယ်ယူသူများကို ကားလက်ခံရရှိသည့်ရက်မှစ၍ တစ်နှစ်မပြည့်မချင်း ပြန်လည်ရောင်းချခြင်းမပြုပါဟု သဘောတူမှသာ ရောင်းချပေးမည် ဖြစ်သည်။


အကယ်၍ Cybertruck ပိုင်ရှင်သည် ကားကို လက်ခံရရှိပြီး  ပထမတစ်နှစ်အတွင်း ၎င်း၏ ဆိုက်ဘာထရပ်ကို ရောင်းချလိုပါက တက်စလာသို့ စာဖြင့် အကြောင်းကြား အသိပေးရမည်။
တက်စလာမှ ကျင့်သုံးသည့် ပြန်လည်ရောင်းချသူ မရှိရ မူဝါဒ no-reseller policy မှ ကင်းလွတ်ခွင့် ပြုပါရန် လျှောက်ထားရမည် ဖြစ်သည်။
ထိုအခါ တက်စလာက ဆိုက်ဘာထရပ်ကို ပြန်လည် ဝယ်ယူပေးမည်။ 
အကယ်၍ တက်စလာက မဝယ်ဖို့ ဆုံးဖြတ်ခဲ့လျှင် တက်စလာအစား အခြားသူတဦးဦးကို ရောင်းချခွင့်ပေးကြောင်း ကုမ္ပဏီ၏ သဘောတူ ခွင့်ပြုချက်ကို စာဖြင့် ကားပိုင်ရှင်ထံ အကြောင်းကြား အသိပေးမည်။ ထိုအခါ ကားပိုင်ရှင်သည် တက်စလာအစား အခြားသူတဦးဦးထံ ရောင်းချနိုင်ပြီ ဖြစ်သည်။

နောက်ထပ်တမျိုး ဆိုးဆိုးဝါးဝါး ဖြစ်နိုင်သည်မှာ တက်စလာက ကားကို မဝယ်၊ အခြားသူထံ ရောင်းချခြင်းကိုလည်း သဘောမတူ ခွင့်မပြုခြင်း ဖြစ်သည်။ ထိုသို့ဆိုပါက တနှစ်ပြည့်အောင် စောင့်ပြီးမှ ရောင်းချနိုင်မည် ဖြစ်သည်။

ဝယ်ယူသူ သဘောတူလိုက်နာရမည့် သတ်မှတ်ချက်များမှာ ---

Cybertruck စစချင်းတွင် အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်နိုင်မည် ဖြစ်သဖြင့် ကားလက်ခံ ရရှိပြီး တနှစ်အတွင်း ရောင်းချခြင်းမပြုရန် ကားဝယ်ယူသူက သဘောတူရမည်။ အကြောင်းကြောင်းကြောင့် ကားလက်ခံ ရရှိပြီး တနှစ်အတွင်း မဖြစ်မနေ ပြန်ရောင်းရမည်ဆိုလျှင် တက်စလာထံ စာဖြင့် အကြောင်းကြားပါမည်ဟု ဝယ်ယူသူက သဘောတူရမည်။
တက်စလာက ပြန်လည်ဝယ်ယူရန် ကျိုးကြောင်းဆီလျော်သည့်  အချိန်အတိုင်းအတာတခု အချိန်ယူသည်ကို ဝယ်ယူသူက သဘောတူရမည်။
ကားသည် ဖြစ်သင့်ဖြစ်ထိုက်သော ဟောင်းနွမ်းပျက်စီးမှုသာ ရှိရမည်။
ပြန်ဝယ်သည့် ဈေးနှုန်းသည် မူလဝယ်ယူစဉ်က ဈေးနှုန်းမှ မောင်းနှင်ထားသည့် ခရီးတာအရ တမုင်လျှင် $0.25 ဈေးလျှော့မည်။ ထို့ပြင် တက်စလာမှ Used Vehicle Cosmetic and Mechanical Standards စံညွှန်းများနှင့် ကိုက်ညီအောင် ပြုပြင်ပေးရသည့် စရိတ်ကိုလည်း နုတ်ပယ်မည်။ 

အကယ်၍ တက်စလာက ကားကို ဝယ်ဖို့ ငြင်းဆိုမည်ဆိုလျှင် အခြားသူထံ ရောင်းချနိုင်မည် ဖြစ်ပြီး တက်စလာထံမှ သဘောတူခွင့်ပြုကြောင်း အကြောင်းကြားစာကို လက်ခံရရှိပြီးမှသာ ရောင်းချရမည်။
တားမြစ်အမိန့်ကို မလိုက်နာလျှင် $50,000 သို့မဟုတ် ကားရောင်းချခြင်း၊ လက်ပြောင်းလက်လွှဲပြုခြင်းမှ ရသည့်ငွေ၊ ၎င်းနှစ်ခုအနက် များရာကို တက်စလာက ဥပဒေကြောင်းအရ တရားစွဲဆိုပြီး ရယူမည် ဖြစ်သည်။
ထို့ပြင် နောက်နောင်တွင် တက်စလာထံမှ ကားဝယ်ယူခွင့် ပိတ်ပင်ခြင်းကိုလည်း အရေးယူဆောင်ရွက်နိုင်ဖွယ် ရှိပါသည်။

 


 
မှာကြားထားသူများထံ ဆိုက်ဘာထရပ် ကားအပ်နှံပွဲကို နိုဝင်ဘာလ ၃၀ ရက်တွင် ကျင်းပမည်ဟု ကြေညာထားပြီး ဖြစ်သော်လည်း တက်စလာသည် ဆိုက်ဘာထရပ် ရောင်းဈေးကို ယခုအထိ မကြေညာရသေးပါ။ 

Source tesla
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 839 times