ယခုနောက်ပိုင်း တင်သွင်းလာသော အဆင့်မြင့်ကားများတွင် CVT (Continuously Vari-able Transmission) ဟုခေါ်သော အော်တိုဂီယာစနစ်ပါရှိလာပါသည်။
စီဗီတီစနစ်ကို အကျိုးရှိရှိ အသုံးပြုရမည့် နည်းလမ်းအမျိုးမျိုးကို ဖော်ပြလိုက်ပါသည်။
CVT auto-matic transmission သည် သတ်မှတ်၍ မရသော ဂီယာအချိုးများကို အသွင်တူအောင် ပြောင်းလဲပေးနေခြင်းဖြစ်သည်။
မန်နျူရယ်နှင့် ဂီယာခြောက်ချက်ကို ပြောင်းလဲအသုံးပြုသည့်အတိုင်း စီဗီတီက အလိုအလျောက် အသွင်တူအောင်ပြုလုပ် ပေးသွားခြင်းဖြစ်သည်။
ထို့ကြောင့် မန်နျူရယ်နှင့် မောင်းနှင်မည်ဆိုလျှင် ဂီယာလက် တံကို M မှာထား အသုံးပြုရမည်ဖြစ်ပြီး ထိုအရာက Manual mode ကို ရွေးချယ်ခြင်းဖြစ်သည်။
အော်တိုဂီယာနှင့် မောင်းနှင်မည်ဆိုလျှင် automatic mode ဖြစ်သော D နေရာကို ထားပြီး အသုံးပြုရမည် ဖြစ်ပါသည်။
ဘရိတ်မနင်းဘဲ အရှိန်လျှော့ချ
ဂီယာပြောင်းလဲမှုတစ်ခုကို ပြုလုပ်ရန် ဘရိတ်ကို အများကြီးလျှော့ချခြင်းသည် မန်နျူရယ် ဂီယာကို လုံးလုံးအသုံးပြုသော အခြေအနေမှာ ပိုပြီး လုံခြုံစိတ်ချစေပါသည်။
ထိုအရာသည် မတ်စောက်သော တောင်ကုန်း အဆင်းများ သို့မဟုတ် လမ်းချော်သည့် အနေအထားမျိုးမှာ နံပါတ် နှစ်ဂီယာမှ စတင်ပြောင်းသည့် အခါများတွင် ဖြစ်သည်။
နေ့တိုင်းကြုံတွေ့ရသော မီးပွိုင့်များ သို့မဟုတ် တုန်ခါနှုန်းများသော နေရာများ နီးကပ်လာသည့်အခါ ဘရိတ်ကို တအားဖိနင်းခြင်းကို ရှောင်ကြဉ်သင့်ပါသည်။
စီဗီတီစနစ်က ဂီယာကို လက်နှင့်ပြောင်းသော ပုံစံမျိုးမဟုတ်ဘဲ ယာဉ်၏ အရှိန်နှုန်းပေါ် လိုက်ပြီး အသွင်တူအောင် အလိုအလျောက်ပြောင်းလဲပေးနေခြင်း ဖြစ်သည်။
မန်နျူရယ်နှင့် အော်တို
Manual mode နှင့် မောင်းနှင်သည့်အခါ D နေရာကို ပြန်ရွှေ့ပြီး အော်တိုဂီယာ စနစ် (automatic mode) ကို ပြောင်းနိုင်ပါသည်။
ထိုအခါ ယာဉ်သည် အလိုအလျောက်ဂီယာပြောင်းလဲသည့်စနစ်နှင့် လီဗာ၏ အနေအထားကို အာရုံခံသိရှိပြီး အလိုအလျောက် ပြောင်းလဲပေးနေပါသည်။
ထိုကဲ့သို့ ခလုတ်ကို M မှ D ကို ပြောင်းလဲပြီး ယာဉ်၏ အရှိန်ကို မြှင့်တင်နိုင်ပါသည်။
ဂီယာကို အသုံးပြုသည့်နည်းလမ်းများ
မတ်စောက်သည့် အဆင်းများတွင် အင်ဂျင်ကို အရှိန်လျှော့ချသည့် (engine braking) စနစ်ကို အသုံး ပြုခြင်းက ဘရိတ်စနစ်များ အပူလွန်ကဲခြင်းကို ကာကွယ်ပါသည်။
ယာဉ်ကို သက်သောင့်သက်သာရှိသော အမြန်နှုန်းအတိုင်းဖြစ်စေရန် ဂီယာတံကို မိမိ၏ လက်ဝဲဘက်ကို ဆွဲချရခြင်းဖြစ်သည်။
အော်တိုဂီယာတွင် ထိုခလုတ်ကို အသုံးပြုရန်မလိုဘဲ အလိုအလျောက် ဆောင်ရွက်ပေးခြင်းဖြစ်သည်။
စလိုးဒေါင်း (slow down) များကို ကျော်ဖြတ်သည့်အခါ ဘရိတ်အစား ဂီယာကို အသုံးပြုသင့်ပါသည်။
ထိုပြင် မတ်စောက်သည့် ကုန်းအဆင်းများတွင်လည်း ဂီယာကို အသုံးပြုသင့် နှင်းများ၊ ရေခဲများနှင့် လမ်းချောသည့် မျက်နှာပြင်များတွင် နံပါတ် နှစ်ဂီယာကို အသုံးပြုရမည်ဖြစ်ပါသည်။
မိမိ ခြေထောက်ကို ဘရိတ်ပေါ်တွင်တင်ထားပြီး မိမိ၏ ညာဘက်ဆီကို ခလုတ်ဆွဲပြီး နံပါတ် နှစ် ဂီယာနှင့် ချိတ်ဆက်ပြီး ဘရိတ်ဆီက ခြေ ထောက်ကို မ,တင်ရမည်ဖြစ်သည်။
Off Road လမ်းကြမ်းခရီးများတွင် manual mode M မှာထားပြီး မန်နျူရယ်နှင့် မောင်းနှင် ရပါမည်။
အပြင်မှာ ဖြတ်ကျော်သည့်အခါ နံပါတ်တစ် ဂီယာ သို့မဟုတ် နံပါတ်နှစ် ဂီယာကို အသုံးပြုသင့်ပါသည်။