ကားတင်သွင်းမှုဆိုင်ရာ အကောက်ခွန်ဒဏ်ကြေးအသစ်ထဲတွင် Recon ဒဏ်ကြေးကိုပါ ဆက်လက်ကောက်ခံမည်


ကားတင်သွင်းမှုဆိုင်ရာ အကောက်ခွန်ဒဏ်ကြေးအသစ်တွင် Recon ဒဏ်ကြေးငွေအဖြစ် ကျပ်နှစ်သိန်း ဆက်လက်ကောက်ခံမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အကောက်ခွန်ဒဏ်ကြေး ပြင်ဆင်ရာတွင် လက်ရှိ သတ်မှတ်ထားသည့် ဒဏ်ကြေးနှုန်းထားများကို ပြင်ဆင်ရန်ရှိသော်လည်း Recondition ကားများကိုမူ လက်ရှိအတိုင်း ကောက်ခံနေသည့် ဒဏ်ကြေး ကျပ်နှစ်သိန်းကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ဒဏ်ကြေးပြင်ဆင်ချက်တွင် သတ်မှတ်ဘောင်အတွင်း မိုဒယ်နိမ့်ကားများ ၊ မိုဒယ်မြင့်ကားများကိုမူ ဒဏ်ကြေးများ ဖြေလျှော့မည်ဖြစ်ကြောင်း သိရသည်။

Recondition အချက်နှင့် မကိုက်ညီသော Used Car တွေကို လက်ရှိအတိုင်း ဒဏ်ကြေး ဆက်လက် ကောက်ခံမည် ဖြစ်ပါသည်။

ပြစ်ဒဏ်တော်တော်များများကိုတော့ ဒဏ်ကြေးဖြေလျှော့ပေးရန်ရှိပါသည်။

သို့သော် ရည်ရွယ်ချက်နှင့် ဒဏ်ကြေးသက်သာမှုအပေါ် အလွဲသုံးစားလုပ်သော ဖြစ်ရပ်များကို ပြစ်ဒဏ်အသစ် ပြဌာန်းသွားမည် ဖြစ်ပါသည်။

ဥပမာအနေနှင့် Type ကွဲလွဲကြေး သတ်မှတ်ချက်မည်ဆိုလျှင် ဖြစ်ရပ်ပေါ်မူတည်ပြီး ဒဏ်ကြေးကွဲပြားမှုရှိမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

လက်ရှိတွင် နှစ်အလိုက် ကောက်ခံသည့် ပြစ်မှုပြစ်ဒဏ်များ ၊ ဒဏ်ကြေးသတ်မှတ်ချက်များကို ဌာနအတွင်း လေ့လာသုံးသပ် ဆွေးနွေးမှုများပြုလုပ်နေပြီး ဒဏ်ကြေးသတ်မှတ်ချက်အသစ်ကြေငြာရာတွင်

သတ်မှတ်မိုဒယ်အောက်နိမ့်၍ တင်သွင်းသောကားများနှင့် Recondition ကားများအပေါ် ကောက်ခံနေသည့် ဒဏ်ကြေးနှုန်းထားများကို ပြင်ဆင်သွားမည် မဟုတ်ကြောင်း သိရသည်။

Read 5224 times