အောက်တိုဘာ ၁ ရက်မှစ၍ ထရပ်နှင့်ဘတ်စ်များ Custom Duty တိုးမြှင့် ကောက်ခံမည်


အောက်တိုဘာ ၁ ရက်မှစ၍ ထရပ်နှင့် ဘတ်စ်များကို Custom Duty ၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အကောက်ခွန်ဦးစီးဌာန အနေဖြင့် အောက်တိုဘာ ၁ ရက်မှစ၍ ပြည်ပမှ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် Custom Duty  ပြောင်းလဲကောက်ခံမည်ဖြစ်ရာ ထရပ်နှင့် ဘတ်စ်များကိုလည်း လက်ရှိကောက်ခံနေသည့် ၃ ရာခိုင်နှုန်းအစား ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံ မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်ရန်အတွက် CKD စနစ်ဖြင့် တင်သွင်းလာသော ထရပ်နှင့် ဘတ်စ်များကိုလည်း ၃ ရာခိုင်နှုန်းမှ ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်းသိရသည်။

 

ယာဉ်အပိုပစ္စည်းများ၏ အကောက်ခွန်နှုန်းထားက ၅ ရာခိုင်နှုန်းဖြစ်ပြီး CBU, CKD စနစ်နှင့် တင်သွင်းသည့် ထရပ်နှင့်ဘတ်စ်များကိုတော့ ၃ ရာခိုင်နှုန်းသာရှိသောကြောင့် အခွန်နှုန်းထားကို တိုးမြှင့်ကောက်ခံခြင်း ဖြစ်ပါသည်။

ထရပ်နှင့်ဘတ်စ်များကို Custom Duty တိုးမြှင့်လိုက်သည့်အခါတွင် ပြည်တွင်းထုတ်လုပ်မှုကို ဦးစားပေးသည့်အနေဖြင့် CKD စနစ်ဖြင့် ထုတ်လုပ်တပ်ဆင်မည့် ကားများအတွက် ၇ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ထားပြီး အလုံးစုံတင်သွင်းသည့် CBU ကားများကိုတော့ ၁၀ ရာခိုင်နှုန်း ပြောင်းလဲကောက်ခံမည် ဖြစ်ပါသည်။

ထရပ်များကို Custom Duty တိုးမြှင့်ကောက်ခံမည်ဖြစ်သောကြောင့် မီနီထရပ်များမှာ လက်ရှိပေါက်ဈေးထက် ကျပ်ငါးသိန်းဝန်းကျင် ဈေးမြင့်တက်သွားဖွယ်ရှိသကဲ့သို တစ်တန်အထက်ထရပ်များလည်း CIF တန်ဖိုးအပေါ်မူ တည်ကာ ကျပ် ခုနှစ်သိန်းမှ ၁၀ သိန်းအထိဈေးမြင့်တက်သွားမည်ဖြစ်စာ်

ထို့ပြင် CIF တန်ဖိုးများသည် Prime Mover များမှာ ကျပ် ၁၅ သိန်းမှ သိန်း လေးဆယ်အထိဈေးးများမြင့်တက် နိုင်ဖွယ်ရှိကြောင်း ကားတင်သွင်းသူများထံမှ သိရသည်။

Read 2678 times