ပြည်တွင်း ကားထုတ်လုပ်မှုကို ဦးစားပေးသည့် အနေဖြင့် လူစီးကားများကို Custom Duty လျှော့ချပေးမည်


ပြည်တွင်းကား ထုတ်လုပ်မှုကို ဦးစားပေးသည့် အနေဖြင့် CKD စနစ်ဖြင့် ထုတ်လုပ်မည့် လူစီးကားများကို Custom Duty လျှော့ချပေးမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

MIC ခွင့်ပြုချက်ဖြင့် အခွန်ကင်းလွတ်ခွင့် ကာလရှိနေသော ကုမ္မဏီများမှလွဲ၍ အသစ်ဝင်ရောက် လာမည့် ကုမ္မဏီများနှင့် အခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးသွားသည့် ကုမ္မဏီများကို Custom Duty ကောက်ခံတော့မည် ဖြစ်သည်။

လက်ရှိအချိန်တွင် CBU ကားများနှင့် ပြည်တွင်းတွင် တပ်ဆင် ထုတ်လုပ်မည့် CKD ကားများကို အခွန်နှုန်း တစ်မျိုးတည်း ကောက်ခံနေသော်လည်း အောက်တိုဘာ ၁ ရက်မှစ၍ CKD ကားများကို အခွန်လျှော့ပေါ့ပေး မည် ဖြစ်သည်။

ပြောင်းလဲ သတ်မှတ်လိုက်သည့် အခွန်နှုန်းထားများတွင် CKD စနစ်ဖြင့် တင်သွင်းလာသည့် ၂၀၀၀ စီစီနှင့်အောက် ကားများကို ၃၀ ရာခိုိင်နှုန်းမှ ၁၀ ရာခိုင်နှုန်း၊ ၂၀၀၀ စီစီနှင့်အထက်ကားမျာကို ၄၀ ရာခိုင်နှုန်း လျှော့ချ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

အကောက်ခွန်နှုန်းထား အသစ်မှာ အလုံးစုံတပ်ဆင်ပြီး တင်သွင်းလာသည့် CBU ကားနှင့် ပြည်တွင်းမှာ တပ်ဆင် ထုတ်လုပ်မည့် CKD ကားကို အခွန်ရာခို်င်နှုန်း သီးခြားသတ်မှတ်ထားပါသည်။

ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာစေရန် CKD စနစ်ဖြင့် တင်သွင်းမည့် ကားများကို အခွန်ရာခိုင်နှုန်း လျှော့ချပေးလိုက်ခြင်း ဖြစ်သည်ဟု အကောက်ခွန်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

မြန်မာနိုင်ငံတွင် လူစီးကားများကို SKD စနစ်ဖြင့်သာ ထုတ်လုပ်နိုင်ပြီး CKD စနစ် ကူးပြောင်းနိုင်မှသာ အခွန်သက်သာခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

CKD စနစ်ကို မကူးပြောင်းနိုင်သေးဘဲ SKD စနစ်ဖြင့် ထုတ်လုပ်မည် ဆိုပါက CBU အတိုင်း အခွန်ပေးဆောင် ရမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
 

Read 11923 times