မော်တော်ယာဉ် သွင်းကုန်ပါမစ်များ ယခုလအတွင်း ကား ၁၁စီးသာရှိ


မော်တော်ယာဉ် သွင်းကုန်ပါမစ်များ ကို ဒီဇင်ဘာ ၂၅ ရက်အထိ လျှောက်ထားခွင့်ပြုထားသော်လည်း ယခု ၃ လအတွင်း တစ်ဦးချင်းအစီအစဉ် ဖြင့် တင်သွင်းသည့် ကား ၁၁ စီး သာရှိကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်များကို ဒီဇင်ဘာ ၂ရ ရက်အထိ လက်ခံဆောင်ရွက်ပေးမည် ဖြစ်ပြီး ထိုရက်မကိုင်မီ လျှောက်ထားသာပါမစ်များကို ၂၀၁၈ ခုနှစ် ၏ မော်တော်ယာဉ်တင်သွင်းခွင့် မိုဒယ် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပေးမည် ဖြစ်သည်။ 

ယခင်နှစ်ကုန်ကာလများက မိုဒယ်သတ်မှတ်ချက် အပြောင်းအလဲ ကာလတွင် တင်သွင်းခွင့်ပါမစ် ထောင် နှင့်ချီ လျှောက်ထားခဲ့ကြသော်လည်း ယခုနှစ်နှင့် လာမည့်နှစ်အကြားတွင် ထူးထူးခြားခြား အပြောင်းအလဲမရှိ သဖြင့် ဒီဇင်ဘာလအတွင်း ပါမစ် ၁၁ စောင်သာ လျှောက်ထားခဲ့ပြီး ဖရီးပါမစ်ဖြင့် ငါးစီး ယာဉ်အိုဟောင်း စလစ်ကပ်ဖြင့် ခြောက်စီး ပါဝင်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ တစ်ဦးချင်း အစီအစဉ်ဖြင့် မော်တော်ယာဉ်တင် သွင်းခွင့်ပါမစ် ၁,၆၃၉ စောင်သာ လျှောက်ထားခဲ့သည်။

ယခုလ အတွင်း တင်သွင်းရန်ပါမစ်လျှောက် ထားခြင်းထက် ကားအရောင်းပြခန်းများနှင့် ကားအရောင်းစင်တာ များမှ ဝယ်ယူခွင့်ပါမစ်လျှောက်ထား မှု ပိုများခဲ့ပြီး ၂၄၄ စောင် လျှောက် ထားခဲ့ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ်အတွက် မော် တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မို ဒယ်သတ်မှတ်ချက်များအရ ယာဉ် ၂ အို/ဟောင်းအစီအစဉ်ဖြင့် တင် သွင်းသည့် လူစီးယာဉ်များကို ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ကုန်တင်ယာဉ်များကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ် များကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ် အတွင်း(ဘယ်မောင်း) ကားများ တင်သွင်းခွင့်ပြုမည်ဖြစ်သည်။

လူပုဂ္ဂိုလ်တစ်ဦးချင်း အစီအ စဉ်ဖြင့် လူစီးယာဉ်များကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ကုန်တင်ယာဉ်များကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း (ဘယ်မောင်း) နှင့် ခရီးသည်တင် ယာဉ်များကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း(ဘယ်မောင်း) ကား များ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

Read 796 times