မောင်းသူမဲ့ ရိုဘိုတက္ကဆီ လူအကူအညီ ရယူကြောင်း အတည်ပြုပြောကြား
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
အမေရိကန် ထိပ်တန်းကားလုပ်ငန်းကြီး GM ပိုင်ဆိုင်သော Cruise ရိုဘိုတက္ကဆီ ဝန်ဆောင်မှုမှ ကားများသည် အမှန်တကယ်တွင် မောင်းသူမဲ့ကား မဟုတ်ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ရာ ရိုးရိုးရှင်းရှင်း မောင်းနှင်၍ မရသောနေရာကို ဖြတ်သန်းမောင်းနှင်ရန် အဝေးမှ ထိန်းကျောင်းပေးသည့် လူအကူအညီကို ရယူဖို့ လိုအပ်ကြောင်း Cruise မှ အတည်ပြုပြောကြားပါသည်။
မောင်းသူမဲ့ ရိုဘိုတက္ကဆီ ၁၅ စီးမှ အစီး ၂၀ အထိအတွက် အဝေးမှ အကူအညီပေးသူ တစ်ဦးကျ တာဝန် ချထားပါသည်။
တာဝန်ကျသူသည် ကားကို တိုက်ရိုက် မောင်းနှင်ပြီးထိန်းကျောင်းပေး၍ မရပါ။ မည်သို့မောင်းနှင်ရမည်ကို သွန်သင်ပေးခြင်းဖြင့်သာ ထိန်းကျောင်းပေးပါသည်ဟု Cruise စီအီးအိုနှင့်တည်ထောင်သူ Kyle Vogt သည် Hacker News တွင် တင်ပြခဲ့ပါသည်။
အောက်တိုဘာ ၂ ရက်က ဆန်ဖရန်စစ္စကိုမြို့၌ လမ်းသွားလမ်းလာတစ်ဦး ဒဏ်ရာရရှိခဲ့သော ယာဉ်တိုက်မှုဖြစ်ပြီးနောက် Cruise သည် ၎င်း၏ မောင်းသူမဲ့ ရိုဘိုတက္ကဆီများ အားလုံးကို ရုပ်သိမ်းထားပါသည်။ အာဏာပိုင်တို့ကလည်း မောင်းသူမဲ့ယာဉ် အသုံးပြုခွင့်ကို ရုပ်သိမ်းခဲ့ပါသည်။ ယာဉ်မောင်းတဦး အတူလိုက်ပါမှသာ မောင်းသူမဲ့ယာဉ်ကို လမ်းများပေါ် သွားလာရန် ခွင့်ပြုမည် ဖြစ်သည်ဟု ဆိုပါသည်။
အောက်တိုဘာလ ၂ ရက်တွင် ဖြစ်ပွားပုံမှာ လမ်းသွားလမ်းလာ လမ်းလျှောက်လာသူတဦးကို မောင်းသူပါသော ကားက တိုက်မိပြီး လွင့်စင်ခဲ့ရာ၌ Cruise ကား ရှေ့သို့ ကျရောက်ခဲ့သည်။ Cruise က တိုက်မိစရာ ရှိနေပြီဟု သိလိုက်ပြီး ဘရိတ်ကို အသားကုန် အုပ်လိုက်သည်။ ထို့နောက် လမ်းဘေးမှာ ကားကို ဘေးချပြီးရပ်ဖို့ မောင်းနှင်သည့်အခါ ပေ ၂၀ ခန့်အထိ ယာဉ်တိုက်ခံရသူ အတူပါသွားခဲ့သည်။
Cruise ကို ရပ်နားထားလိုက်ပြီ ဖြစ်သော်လည်း Google ၏ မိခင်ကုမ္ပဏီ Alphabet မှ စမ်းသပ်နေသည့် Waymo မောင်းသူမဲ့ကားများကို ဆက်လက်ခွင့်ပြုထားပါသည်။
ယခုနှစ်ပထမ ၉ လတွင် Cruise အတွက် GM က အကြမ်းအားဖြင့် ကန်ဒေါ်လာ ၁.၉ ဘီလီယံ အရှုံးခံပေးခဲ့သည်ဟု Cruise ပိုင်ရှင် GM က ပြောကြားပါသည်။
Source cnbc
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL