ဟိုင်းဝေးလမ်းမများတွင် အသုံးဝင်သည့် CRUISE CONTROL


ထိုခလုတ်လေးသည် ဂရိတ်မြင့်ကားများတွင် ပါ၀င်ပြီး ဟိုင်းဝေးလမ်းမများတွ် ဖြောင့်ဖြူးသည့်လမ်းများတွင် အလွန်အသုံးဝင်ပါသည်။

CRUISE CONTROL အမျိုးမျိုးရှိပြီး ကီလိုသတ်မှတ်ပေးထားသည့်အတွက်အရှိန်နှင့် မောင်းနှင်မှာကိုလည်း စိတ်ပူစရာမလိုတော့ပါ။

တချို့က ကီလို ၁၁၀ ထိသာမောင်းနှင်လို့ရသကဲ့သို့ ၁၂၀ ထိမောင်းနှင်လို့ရသည့် ကားများလဲရှိပါသည်။

Cruise ခလုတ်ကို On လိုက်ပါက ဒိုင်ခွက်ပုံစံလေးပေါ်လာပြီး တချို့က cruise ဆိုပြီး မီးလေးပြပေးပါသည်။

Cruise ခလုတ်ဘေးတွင် အပေါ်အောက်ခလုတ်တစ်ခုပါပါသည်။

ထိုခလုတ်လေးက ကီလို ၄၀ ရောက်ပြီဆိုလျှင် SET ဆိုသည့် အောက်ခလုတ်ကိုနှိပ်ပြီးတော့ သတ်မှတ်ခြင်း ဖြစ်ပါသည်။

နောက်မှ ကီလို လိုသသလို အပေါ်ခလုတ်ကို ထပ်တင်ပြီး ၁၁၀ ၊ ၁၂၀ အထိတင်လို့ရပါသည်။

ခလုတ်တစ်ခါနှိပ်လျှင် ၂ ကီလိုမှ ၁၀ ကီလိုအထိတတ်ပြီး ဖိနှိပ်ထားရင်လဲ ရပါသည်။

လီဗာနင်းစရာမလိုပဲ လက်က control ကပဲ ထိန်းကျောင်းမောင်းနှင်လို့ရပါသည်။

အပေါ်အောက် ဘေးတွင် CANCEL ဆိုတာပါပြီး အရှေ့ကသတ်မှတ်ထားသည့် ကီလိုကို ပြန်ဖြတ်ခြင်း ဖြစ်ပါသည်။

ဘရိတ်နင်းလိုက်ပါကလဲ CANCEL ဖြစ်သော်လည်း အပေါ်ကနှိပ်လိုက်ပါက ကီလိုအမြင့်ဆုံးနှင့် မောင်းနှင်ထားသည့် memory ကို ပြန်နင်းပေးမည်ဖြစ်ပါသည်။

လီဗာလုံးဝသုံးစရာမလိုပဲ ကားမောင်းနှင်နိုင်မည်ဖြစ်ပါသည်။

လူသက်သာစေသကဲ့သို့ SAFE ဖြစ်သော ခလုတ်ဖြစ်ပါသည်။

TOYOTA တွင် စတီယာရင်အတွင်းဘက်က ဘေးဘက်တွင် တွေ့တတ်ပါသည်။

အသုံးပြုပုံမှာ 60km လောက်တွင်ဘေးကဘုကလေးနှိပ်လိုက်ပါက ဒိုင်ခွက်တွင် အချက်ပြမီးလေးလင်းလာပါမည်။

အောက်တစ်ချက်ချလိုက်ပါက cruise စတင်အလုပ်လုပ်ပါပြီ။

အပေါ်တင်ပါက လီဘာတက်လာပြီး အောက်ဆိုလျှင် လီဘာလျှော့့ခြင်းဖြစ်ပြီး တစ်ချက်ကို 2km ကစားပါသည်။

ဖြုတ်ချင်ပါက အပေါ်ဆွဲမလိုက်လျှင်ပြုတ်ပြီး ဘရိတ်နင်းလိုက်ပါကလည်း ပြုတ်ပါသည်။

 

Read 5132 times