ဒါဖြစ်တာ အရေးကြီးလားဆိုတော့ အရေးကြီးပါတယ်။ ဟိုက်ဝေးခရီးသွားရင်း ပျက်ရင် အတော်ဒုက္ခရောက်ပါတယ်။ မန်း မှုတ်ပြင်ခိုင်းလို့ရတာမဟုတ်။
ကားကို ဝပ်လျော့၊ မော်တာဆိုင် ရှိတဲ့နေရာထိ ဆွဲပြီးပြင်ရတာပါ။ ကိုယ်ဖြစ်တဲ့နေရာက ပြင် တက်တဲ့ဆိုင်ရှိဖို့လိုသလို လဲဖို့ပင်နီယံမရှိဘူးဆိုရင်လည်း ရန်ကုန်၊ မန်းလေးထိလှမ်းမှာပြင်ရမှာပဲဖြစ်ပါတယ်။ ပြင်စရိတ်က ဈေးမကြီးပါဘူး။ ဒါကြောင့် ကြိုတင်စစ်ဆေးပြင်ထားနိုင်ဖို့ ကိုယ်တွေ့ကြုံတာလေးမျှဝေတာပါ။
တကယ်ကတော့ Crown ကားတင်မဟုတ် Alphard, Wish, Ipsum,Harrier ကားတွေကလည်း စတက်မော်တာက တစ်ပုံစံတည်းဖြစ်ပီး အဲ့ကားတွေလည်း ဖြစ်တယ်လို့ပြောပါတယ်။ ကျွန်တော်ကတော့ ကံထူးတာလား တိုက်ဆိုင်တာလား မသိဘူး Crown 2004 ရော ၂၀၀၈ ရော ဝယ်ပီး ၁ ပတ်အတွင်းဖြစ် တာပဲ။ ပျော်စရာကြီး သူ့ပျက်ပုံက စက်နှိုးလိုက်လို့ မော်တာက တဝီးဝီးနဲ့အသံထွက်လည်ပြီး စက်မနိုးဘူးဆို သေချာတယ် စတက်ပင်နီယံေ ချာ် သွားတာပါ။ မော်တာလည်သံမထွက်ပဲ တက်တက်နဲ့အသံထွက် စက်မနှိုးဘူး ဆိုရင်တော့ စတက်ကာဗွန်က ဖြစ်တာပါ။
ပင်နီယံချော်သွားရင်တော့ ဘာမှလုပ်မရတော့ပါဘူး။ စတက်ကာဗွန်ချော်တာဆိုရင်တော့ ရှေ့တိုးနောက်ဆုတ်လုပ်ကြည့် ဒါမှမဟုတ်၊ မော်တာကို ခေါက်ပြီး ပြန်နှိုးကြည့်ရင်ရနိုင်ပါတယ်။ ဒါကလည်း ခဏရတာပါ နီးစပ်ရာမော်တာဆိုင် သွားပြင် ထားပါ။ စတက်ပင်နီယံချော်တာက ပိုအဖြစ်များတယ်လို့ ဆိုင်ကပြောပါတယ်။ သူ့အထဲမှာပါတဲ့ ခါးပတ်ပင်နီယံက ကော်နဲ့လုပ်ထား တာဖြစ်တဲ့အတွက် နှစ်ကြာလာရင် အမဲဆီခန်းပြီး ပင်နီယံလေးတွေစားကာ ချော်သွားတာလို့ပြောပါတယ်။
စတက်ပင်နီယံချော်ပြီဆို ဝပ်လျော့ဆရာခေါ် မော်တာဖြုတ်ပါ။ ပြီးလျှင်မော်တာကို စတက်မော်တာဆိုင်ကို ပို့ပြင်ခိုင်းပါ။ ကျွန်တော်ကတော့ဝပ်လျော့ဆရာကို မော်တာဖွင့်ခိုင်းပြီး အဲ့ပလပ်စတစ်ပင်နီယံကို ပြပြီး ကားပစ္စည်းဆိုင်မှာ ဝယ်ပါတယ်။ ၁ သောင်းပဲပေးရပါတယ်။ ပြီးမှမော်တာဆိုမှာ လဲခိုင်းပါတယ်။ လဲခိုင်းတဲ့အခါ ကာဗွန်ကောင်းမကောင်းပါ တစ်ခါတည် စစ်ခိုင်းပါတယ်။မကောင်းရင်တစ်ခါတည်းလဲဖို့ပါ။ကျွန်တော်ကကောင်းသေးတဲ့အတွက်မလဲပါဘူး။အရင်ကအပိုပစ္စည်းမလာတုန်းက မော်တာအလုံးလိုက်လဲရတာပါ မော်တာတစ်လုံး ၁၂၀ ၀၀၀ ထိပေးရပါတယ်။
မော်တာဆိုင်မှာ ပင်နီယံလဲ ဖြုတ်ဆေးခ ၇၀၀၀ ပဲပေးရပါတယ်။ ပြီးတော့ ဝပ်လျော့ဆရာပြန်တပ်ခိုင်း လက်ခ ၅၀၀၀ ပဲပေးရတဲ့ အတွက် စုစုပေါင်း ၂၂၀၀၀ ပဲကုန်ပါတယ်။ တစ်ချို့ဆိုင်တွေက အပြီးအစီးလုပ်ပေးတယ် ၄၅၀၀၀ ၊ ၅၀၀၀၀ လောက်အထိ တောင်းကြပါတယ်။
အဲ ကာဗွန်မကောင်းလို့လဲရမယ်ဆို ကာဗွန်က ၁၁၀၀၀ လဲခက ၅၀၀၀ မော်တာဖြုတ်တပ်ခ ၅၀၀၀ နဲ့ ၂၀၀၀၀ ပတ်ဝန်း ကျင်ပဲကုန်ပါတယ်။ တစ်ချို့ဆိုင်တွေကတော့ ကာဗွန်ဖြုတ်လဲခကို ၅ သောင်းလောက်အထိယူပါတယ်ခင်ဗျာ။
မလုပ်ခင်ဈေးမေးတာ ပိုကောင်းပါတယ်။ နားမလည်ရင် ပိုကြိတ်ပါတယ်။ တစ်ချို့သိန်းချီတောင်းပါတယ်။ မဖြစ်ခင်ဖြုတ်စစ် မကောင်းလဲထားသင့်ပါတယ်။ ခရီးဝေးထွက်ရင် ဒုက္ခမများရအောင်ပါ။