ကမ္ဘာ့ဈေးကွက်ထဲ မရောင်းစဖူး အရောင်းထူးတော့မယ့် Crown  ၄ မျိုး


ကမ္ဘာ့ဈေးကွက်ထဲ မရောင်းစဖူး အရောင်းထူးတော့မယ့် Crown 

 

ဂျပန်ပြည်တွင်းဈေးကွက်တွင် Toyota ရဲ့ အထင်ကရမော်ဒယ်ဖြစ်တဲ့ Crown ကို အမေရိကန် အပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် ပထမဆုံးအကြိမ် ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

"ဒီ Crown မိသားစုအသစ်ကို ဂျပန်နိုင်ငံမှာတင်မဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းမှာ ပထမဆုံးအကြိမ်အဖြစ် ရောင်းချမယ်ဆိုတာကို ဒီနေ့ကြေညာရတာ အရမ်းစိတ်လှုပ်ရှားမိပါတယ်” လို့  Toyota ရဲ့ အမှုဆောင်အရာရှိချုပ် Akio Toyoda က သတင်းထောက်များအား သောကြာနေ့(ဇူလိုင် ၁၅ ) တွင် ပြောကြားခဲ့ပါတယ်။ 

(၁၆) ခုမြောက် မျိုးဆက် Crown ကို ၂၀၂၃ ဇန်နဝါရီလမှာ ထုတ်လုပ်ဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။ ၄ မျိုး ထုတ်လုပ်ပါမယ်။

high-riding sedan (Crossover concept)

high-riding hatchback (Sport concept),

low-slung sedan (Sedan concept), 

 high-riding wagon (Estate concept)

တို့ ဖြစ်ပါတယ်။ 

Crossover ကို အရင်ဆုံး ထုတ်လုပ်ပြီး နိုင်ငံပေါင်း ၄၀ နီးပါးမှာ ရောင်းချပါမယ်။ ဂျပန် ပြည်တွင်းဈေးကွက်မှာ ဈေးအသက်သာဆုံးဗားရှင်းက ယန်း ၄.၃၅ ($31,000) ဖြစ်ပါတယ်။ 

၁၈ လအတွင်း sport, sedan, estate တို့ကို တစ်မျိုးပြီးတစ်မျိုး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ 

Toyota Motor Corp. က တစ်နှစ်ကမ္ဘာ့ရောင်းအား စီးရေ ၂ သိန်း ရည်မှန်းထားပါတယ်။

သောကြာနေ့ မိတ်ဆက်ပွဲမှာ အသေးစိတ်အချက်အလက်များ ပြောကြားခဲ့ခြင်း မရှိပေမဲ့ ပါဝါထရိန်း နှစ်မျိုးကိုတော့ အသိပေးသွားပါတယ်။ နှစ်မျိုးစလုံး ဟိုက်ဘရစ်များ ဖြစ်ကြပြီး လျှပ်စစ်မော်တာပါဝါကို နောက်ဘီးမှာ ပေးအပ်ထားပါတယ်။ ပုံမှန်ပါဝါထရိန်းမှာ အင်ဂျင်က 2.5-liter ဆလင်ဒါ ၄ လုံး ဖြစ်ပါတယ်။ ပါဝါပိုကြီးတဲ့ ပါဝါထရိန်းမှာ turbocharged 2.4-liter  ဆလင်ဒါ ၄ လုံး အင်ဂျင် သုံးထားပါတယ်။ အင်ဂျင်နှင့် မော်တာ နှစ်မျိုးပေါင်း 340 hp အထိ ရနိုင်ပါတယ်။ 

 

Crown ရဲ့ သမိုင်းကြောင်းက Toyota ရဲ့ သမိုင်းတစ်ခု ဖြစ်ပြီး ပထမဆုံး ဆီဒင်ကို ဂျပန်ပြည်တွင်း ဈေးကွက်မှာ ၁၉၅၅ မှာ ရောင်းချခဲ့ပါတယ်။ “Some day a Crown”  ဆိုတဲ့ စာသားဖြင့် ကြော်ငြာခဲ့ပါတယ်။ ပြည်ပမှာတော့ လူသိနည်းပါတယ်။ 

ဂျပန်မှာ စည်းစိမ်ပြ ကားအဖြစ် သတ်မှတ်ထားပါတယ်။ 'တစ်နေ့ကျရင် ငါ ခရောင်း ဝယ်စီးနိုင်သူ ဖြစ်ရမယ်" လို့ အံခဲ ကြတဲ့ ကား ဖြစ်ပါတယ်။

ကုမ္ပဏီထူထောင်သူ Kiichiro Toyoda ကိုယ်တိုင် Crown ဂျပန့်ဂုဏ်ဆောင် Crown  လို့ အမည်ပေးခဲ့ပါတယ်။ 

ဂျပန်ပြည်တွင်းဈေးကွက်ထဲမှာသာ ရောင်းချခဲ့ပြီး အများဆုံး ရောင်းရတဲ့ နှစ် ၁၉၉၀ မှာ နှစ်စဉ် စီးရေ ၂ သိန်းကျော် ရောင်းချရပါတယ်။ ယမန်နှစ်က Crown ဆီဒင် စီး‌ရေ ၂၁,၀၀၀ ကိုသာ ရောင်းချခဲ့ပါတယ်။ 

 

Toyota Motor Corp. ရဲ့ ကားမော်ဒယ်အားလုံးအတွက် တစ်နှစ်ကမ္ဘာ့ရောင်းအား စီးရေ ၁၀ သန်းခန့်ရှိပါတယ်။ 

 

#MyanmarAutomobileGuide
 Telegram Channel
https://t.me/Guid4U

Source: motorauthority

မှတ်တမ်း ဗီဒိယို

Myanmar Automobile Guide

Read 7197 times