ကမ္ဘာကျော်ဘောလုံးသမား ခရစ်တီရာနိုရော်နယ်ဒို ပိုင်ဆိုင်ထားသော ကမ္ဘာကျော်မော်တော်ကား (၁၀)စီး


ရီးရဲမက်ထရစ်အသင်း၏ ရှေ့တန်းတိုက်စစ်မှူး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား တစ်ဦးဖြစ်သူ ခရစ်တီရာနိုရော်နယ်ဒို ပိုင်ဆိုင်ထားသော မော်တော်ကားများကို စုစည်းဖော်ပြထားပါသည်။

ရော်နယ်ဒိုသည် မော်တော်ကားဝယ်ယူစုဆောင်းခြင်းကို အထူးခုံမင်သူတစ်ယောက်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းလိုလို အသစ်ထွက်ရှိသော မော်တော်ကားအမျိုးအစားများကို ဝယ်ယူစုဆောင်းတက်သူ ဖြစ်သည်။

ရော်နယ်ဒိုသည် လက်ရှိတွင် ဝင်ငွေမြင့်မားနေသူတစ်ဦးဖြစ်ပြီး တစ်နှစ်ဝင်ငွေ ယူရို ၃၂ သန်း အသားတင် ရရှိပိုင်ဆိုင်ထားသည့်အလျောက် ကမ္ဘာ့စျေးအကြီးဆုံးကားများဖြစ်သည့် Lamborghini, Ferrari, Bentley,

Mercedes-Benz အစရှိသည့် ကမ္ဘာကျော်ကားများ အမြောက်အမြား ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်သည်။

ခရစ်တီရာနိုရော်နယ်ဒိုပိုင်ဆိုင်ထားသော ကားများ၏ တန်ဖိုးနှင့် အမျိုးအစားများကို ဖော်ပြထားပါသည်။

1 . Bugatti Veyron

ရော်နယ်ဒိုပိုင်ဆိုင်သောထိုကား၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ရ သန်း ရှိပါသည်။

 

2 . Lamborghini Aventador LP 700-4

ရော်နယ်ဒိုပိုင်ဆိုင်သောထိုကားကို ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၁၈၀၀၀ ပေး၍ ဝယ်ယူခဲ့ကြောင်းသိရပါသည်။

 

3. BMW M6

ရော်နယ်ဒိုသည် ၂၀၀၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၂၀၀၀ ဖြင့် BMW M6 ကို ဝယ်ယူခဲ့ကြောင်းသိရပါသည်။

 

4. Bentley Continental GTC

ရော်နယ်ဒိုသည် ထိုကားကို ၂၀၀၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၅၀၀၀ ဖြင့် ဝယ်ယူခဲ့ပါသည်။

 

5. Mercedes-Benz C-Class Sports Coupe

ရော်နယ်ဒိုပိုင်ဆိုင်သော ကားများစွာထဲမှ Mercedes-Benz C-Class Sports Coupe ကားကို ၂၀၀၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၅၀၀၀ ဖြင့် ဝယ်ယူထားကြောင်းသိရပါသည်။

 

6. Porsche Cayenne

ရော်နယ်ဒိုသည် ထိုကားကို ၂၀၀၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ရ၀၀၀၀ ဖြင့် ဝယ်ယူခဲ့ပါသည်။

 

7. Ferrari 599 GTB Fiorano

ရော်နယ်ဒိုသည် ထိုကားကို ၂၀၀၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၁၀၀၀၀ ဖြင့် ဝယ်ယူခဲ့ပါသည်။

 

8. Audi Q7

ရောနယ်ဒို၏ ကားများထဲမှ တစ်စီးဖြစ်သော Audi Q7 ကို ၂၀၀၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀၀၀၀ ဖြင့် ဝယ်ယူခဲ့ပါသည်။

 

9. Ferrari F430

ထို Sport Type အမျိုးအစားကို ရော်နယ်ဒိုက ၂၀၀၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ ဖြင့် ဝယ်ယူခဲ့ပါသည်။

 

 

10. Porsche 911 Carrera 2 S Cabriolet

ရော်နယ်ဒိုသည် ထိုကားကို ၂၀၀၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၁၀၀၀ ဖြင့် ဝယ်ယူခဲ့ပါသည်။

 

Read 17725 times