ယင်းကားအမျိုးအစားများသည် ခရီးသည်ခုနှစ်ယောက်နှင့်အထက် တ်ဆောင်နိုင်သကဲ့သို့ ကားအနောက် ဘက်တွင်လည်း ကုန်ပစ္စည်းတင်နိုင်သောကြောင့် Crew Cab ဗန်ကားများသည် စီးပွားရေးလုပ်ငန်းများအတွက် အသုံးဝင်လှပါသည်။
ယခုကားများသည် အသင်းအဖွဲ့နှင့် လုပ်ငန်းများအတွက်အမှန်တကယ်အသုံးဝင်သည့်ကားများဖြစ်သည်။
ယခုလက်ရှိဈေးကွက်ထဲတွင်အကောင်းဆုံး Crew Cab ဗန်ကား (၁၀) စီးထဲမှာ နှစ်စီးကို ဖော်ပြ ပေးလိုက်ပါသည်။
(1) Ford Transit Double Cab
ဘက်စုံအသုံးပြုနိုင်သည့် Transit ကားမိုဒယ်၏ ပုံစံမျိုး၊ အရွယ်အစားမျိုးစုံထဲတွင် Crew Cab ပုံစံလည်း ပါဝင်ပါသည်။
Transit ၏ Crew Cab version ဖြစ်သည့် Transit Double Cab ဗန်ကား၏ အတွင်းခန်းမှာ ခရီးသည်ခုနှစ်ယောက်အထိလိုက်ပါစီးနင်းနိုင်ပြီးထိုင်ခုံဒုတိယတန်းတွင်လူလေးယောက်ဆံ့ ကြောင်းသိရသည်။
ယင်းမိုဒယ်တွင်အလယ်အလတ်စား Wheel base နှင့် Wheelbase ပိုရှည်အောင်ထပ်တိုးထားသော Extended Wheelbase များသာမက ပစ္စည်းများများဆံ့အောင်ခေါင်မိုးမြင့်မြင့်နှင့် Wheelbase ရှည်ရှည်ဖန်တီးထားသည့်
Extended High Roof ကိုလည်းရရှိနိုင်ပါသည်။
(2)Volkswagen T6 Transporter Kombi
Volkswagen သည် ၂၀၁၅ ခုနှစ်မှ Transporter ဗန်ကားမိုဒယ် T5 မှ T6ကိုပြောင်းလဲဖန်တီးခဲ့ရာ အပြောင်းအလဲကြီးကြီးမားမားမပြုလုပ်ပဲလိုအပ်သည့် အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့ပါသည်။
သို့သော် T6 မှာ အကောင်းဆုံးနှင့် စွမ်းအင်အပြည့်ဝဆုံးဗန်ကားများထဲတွင် တစ်စီးအပါအဝင်ဖြစ်ပါသည်။
T6 Transporter ၏ Crew Cab ဗားရှင်းမှာ Wheelbase အရှည်နှင့်အတို ပုံစံနှစ်မျိုးသာမကပုံမှန်ခေါင်မိုး၊ သို့မဟုတ် ထပ်မြှင့်ထားသည့်ခေါင်မိုး၊ ငါးယောက်စီးအတွင်းခန်း၊ သို့မဟုတ် ခြောက်ယောက်စီးအတွင်းခန်း တို့နှင့်လည်းရရှိနိုင်ပါသည်။