ယင်းကားအမျိုးအစားများသည်ခရီးသည်ခုနှစ်ယောက်နှင့်အထက်တင်ဆောင်နိုင်သကဲ့သို့ကားအနောက်ဘက်တွင်လည်းကုန်ပစ္စည်းတင်နိုင်သောကြောင့်CrewCabဗန်ကားများသည်စီးပွားရေးလုပ်ငန်းများအတွက်အသုံးဝင် လှပါသည်။
ယခုကားများသည် အသင်းအဖွဲ့နှင့် လုပ်ငန်းများအတွက်အမှန်တကယ်အသုံးဝင်သည့်ကားများဖြစ်သည်။
ယခုလက်ရှိဈေးကွက်ထဲတွင်အကောင်းဆုံး Crew Cab ဗန်ကား (၁၀) စီးထဲမှာ နှစ်စီးကို ဖော်ပြပေးလိုက်ပါသည်။
(1) Mercedes-Benz Vito Crew
ယင်းကားအမျိုးအစားသည် သမားရိုးကျ Panel Van၊ Crew Cab၊ MPV(Multi-purpose Vehicle)၊ သို့မဟုတ် RV (အပန်းဖြေနားနေစရာ အတွင်းခန်းပါဝင်သော Recreational Vehicle)၊ ကိုယ်ထည်ပုံစံရရှိနိုင်သကဲ့သို့ ရှေ့ဘီးယက်စနစ်၊ ဒါမှမဟုတ် နောက်ဘီးယက်စနစ်ကိုလည်းရွေးချယ်ရရှိနိုင်ပါသည်။
ကားကိုယ်ထည်ပုံစံပေါ်မူတည်ပြီးကိုယ်ထည်အလျားသုံးမျိုးကွဲပြားသော်လည်းကိုယ်ထည်အမြင့်မှာအတူတူပဲ ဖြစ်ပါသည်။
Mercedes-Benz Vito မိုဒယ်၏ Crew Cab version ခရီးသည်ခြောက်ယောက်အထိလိုက်ပါစီးနင်းနိုင်ပါသည်။
(2) Citroen Berlingo Crew Van
ပြင်သစ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Citroen ၏အသေးစား Crew Cab ကားမိုဒယ် Berlingo ဗန်၏ ကားအတွင်းခန်းမှာခရီးသည်ငါးယောက်လိုက်ပါစီးနင်းနိုင်ပြီးမြင်းကောင်ရေ၇၅ကောင်အားမှ၁၂၀အားအထိထုတ်လုပ် ပြီး Euro 6 အဆင့်ဒီဇယ်အင်ဂျင်များကို Manual ဂီယာငါးချက်၊ ခြောက်ချက်၊ သို့မဟုတ် Auto ဂီယာခြောက်ချက်နှင့် တွဲဖက်တပ်ဆင်ထားပါသည်။
ကားအတွင်းခန်းမှာဒုတိယမြောက်ထိုင်ခုံတန်းနေရာမှာပြတင်းပေါက်မှန်မပါဝင်သောကြောင့်ကားနောက်ခန်းခရီးသည်အတွက်နည်းနည်းမှောင်သယောင်ထင်ရပါသည်။
ထို့ပြင်ဒုတိယခုံတန်းကို အသုံးမပြုပါက ခေါက်သိမ်းထားနိုင်တာကြောင့် ပစ္စည်းထားစရာနေရာပိုတိုးလာစေပါသည်။