အကောင်းဆုံး Crew Cab ဗန်ကား ၁၀ စီး


ယင်းကားအမျိုးအစားများသည် ခရီးသည်ခုနှစ်ယောက်နှင့်အထက် တ်ဆောင်နိုင်သကဲ့သို့ ကားအနောက် ဘက်တွင်လည်း ကုန်ပစ္စည်းတင်နိုင်သောကြောင့် Crew Cab ဗန်ကားများသည် စီးပွားရေးလုပ်ငန်းများအတွက် အသုံးဝင်လှပါသည်။

ယခုကားများသည် အသင်းအဖွဲ့နှင့် လုပ်ငန်းများအတွက်အမှန်တကယ်အသုံးဝင်သည့်ကားများဖြစ်သည်။

ယခုလက်ရှိဈေးကွက်ထဲတွင်အကောင်းဆုံး Crew Cab ဗန်ကား (၁၀) စီးထဲမှာ သုံးစီးကို ဖော်ပြပေးလိုက်ပါသည်။

(1) Nissan NV200 Combi

Nissan မှထုတ်လုပ်လိုက်သော NV200 Combi သည်ယင်းလိုအတန်းအစားတူကားများထဲတွင် ပစ္စည်းထားစရာ နေရာအကျယ်ဝန်းဆုံးဖြစ်ရုံသာမက ခရီးသည်ငါးယောက်မှ ခုနှစ်ယောက်ထိလိုက်ပါစီးနင်းနိုင် သောကြောင့် အသေစား Crew ဗန်ကားတစ်စီးဟု ဆိုနိုင်ပါသည်။

NV200Combi မှာသမားရိုးကျလောင်စာဆီသုံးအင်ဂျင်သာမက နာမည်ကျော် Nissan leaf ၏ညစ်ညမ်း ဓာတ်ငွေ့ကင်းစင်သော Zero Emission Drivetrain ကိုအသုံးပြုထားသည့် လျှပ်စစ်စွမ်းအင် အပြည့်သုံး ဗားရှင်း e-NV200 Combi ကိုလက်ရှိဈေးကွက်ရှိ အကောင်းဆုံး Crew Cab ဗန်ကားထဲတွင်အပါအဝင်ဖြစ်ပါသည်။

(2) Renault Trafic Crew Van

ပြင်သစ်ကားထုတ်လုပ်ရေးကုမ္ပဏီ Renault ၏အဆိုအရ ၂၀၁၄ ခုနှစ်ထုတ်လုပ်ခဲ့သော Trafic ၏မျိုးဆက်သစ်မိုဒယ်မှာ သူ့လိုအတန်းအစားဗန်ကားများထဲတွင် ကားအတွင်းခန်း ပစ္စည်းထားစရာနေရာ အကျယ်ဝန်းဆုံးကားမိုဒယ်ဖြစ်ပါသည်။

ခရီးသည်ခြောက်ယောက်လိုက်ပါစီးနင်းနိုင်သော Crew Cab အမျိုးအစား Renault Trafic Crew van မှာမြင်းကောင်ရေ ၉၀ အားမှ ၁၄၀ အားအထိစွမ်းအင်ထုတ်လုပ်ပေးနိုင်မည့် ဒီဇယ်အင်ဂျင်လေးမျိုးကို ရွေးချယ်ရရှိနိုင်ပြီး ပျမ်းမျှဆီစားနှုန်းက တစ်ဂါလန်ကို ၄၆ ဒသမ ၃ မိုင်နှုန်းဖြစ်ပါသည်။

(3) Vauxhall vivaro Doublecab

Renault Trafic နှင့်ဆင်တူသော Vauxhall vivaro Doublecab ကိုငါးယောက်စီးအတွင်းခန်းနှင့် ရနိုင်သကဲ့သို့ကားနောက်ခန်းတွင်ခရီးသည်သုံးယောက်ဆံ့ခုံတန်းရှည်ပါဝင်သော ခြောက်ယောက်စီးအတွင်းခန်းကိုလည်းရွေးချယ်ရရှိနိုင်ပါသည်။

ကားကို အလျား အရှည်၊ အတိုနှစ်မျိုးရရှိနိုင်ပြီး အလျားရှည်ဗားရှင်း Sportive ဗားရှင်းမှာတော့ ကားကိုယ်ထည်အရောင်အတိုင်းဖန်တီးထားသော ကားဘမ်ပါများနှင့် အလွိုင်းဘီးများအပါအဝင် ကိုယ်ထည် တစ်ခုလုံးကို ဒီဇိုင်းပိုပြီးလှပအောင်အသားပေးဖန်တီးထားပါသည်။

Read 2738 times