မြို့ပြသုံးမော်တော်ကားတစ်စီးကို သာမာန်မြို့ပြကားများထက် ပို၍ဆွဲဆောင်မှုရှိစေရန် ရှူးဖိနပ်ပုံစံ ထုတ်လုပ်ခဲ့သော Corbin Sparrow ကို ၁၉၉၉ ခုနှစ်တွင် Corbin ကားကုမ္ပဏီမှ စတင်ထုတ်လုပ် ခဲ့ကြောင်းသိရသည်။
စာကလေးငှက်(Sparrow) ဟုဆိုသည့်အတိုင်း Corbin Sparrow မှာလူတစ်ယောက်သာစီးနိုင်သည့် ကားသေးသေးလေးဖြစ်ပါသည်။
ကားအင်ဂျင်လည်ပတ်ရန် လောင်စာဆီမသုံးပဲ လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားပါသည်။
ကားဘီးမှာ သုံးဘီးသာရှိပြီး ရှေ့ဘက်တွင်နှစ်ဘီးနှင့် နောက်ဘက်တွင်တစ်ဘီးသာရှိပါသည်။
ကားမောင်းနှင်ရန်အတွက် AC နှင့် DC လျှပ်စစ်စွမ်းအင်နှစ်မျိုးစလုံးအသုံးပြုနိုင်ပြီး အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် မိုင်ခုနှစ်ဆယ်နှုန်းအထိအရှိန်မြှင့်တင်မောင်းနှင်နိုင်မည်ဖြစ်ပါသည်။
ဘက်ထရီစွမ်းအင်သုံး လျှပ်စစ်ကားတစ်စီးဖြစ်သည့်အတွက် ဝေးဝေးလံလံသွားရန် အဆင်မပြေသော်လည်း ဘက်ထရီအားအပြည့်ရှိပါက မိုင်လေးဆယ်ခရီးအကွာအဝေးလောက်အထိ မောင်းနှင်နိုင်မည်ဖြစ်ပါသည်။
ကားမှာ သေးသေးလေးဖြစ်သော်လည်း စီးကရက်မီးညှိပေါက်၊ Radio/CD Player၊ ပန်ကာ၊ အပူပေးစက်၊ ကားဟွန်း၊ အချက်ပြမီး၊ ထိုင်ခုံခါးပတ်၊ ရေသုတ်တံစသော ကားတစ်စီး၏ လိုအပ်ချက်မှန်သမျှ ပါဝင်ပါသည်။
တစ်ကိုယ်ရေးသုံး လျှပ်စစ်ကားငယ်လေး Corbin Sparrow ကို မိုဒယ်နှစ်မျိုးထုတ်လုပ်ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး Jelly Bean နှင့် Pizza Butt တို့ဖြစ်ပါသည်။
Jelly Bean မိုဒယ်မှာ ကားတံခါးတစ်ပေါက်သာပါသော်လည်း Pizza Butt မိုဒယ်မှာ ဘေးတံခါးအပြင် နောက်တံခါးလည်းပါဝင်ပြီး နာမည်ကျော်အမေရိကန်ပီဇာ Domino’s Pizza အတွက် အထူးလုပ်ထားကြောင်း သိရသည်။
ရုပ်ကြွင်းလောင်စာမသုံးသည့် မော်တော်ကားများတစ်ခေတ်ဆန်းစေရန်အတွက် Corbin Sparrow ကိုထုတ်လုပ် ခဲ့ခြင်းဖြစ်သည်။
၂၀၀၉ ခုနှစ်တွင် ကားဘက်ထရီကို လစ်သီယမ်အမျိုးအစားပြောင်းသုံးလိုက်သောကြောင့် ဘက်ထရီအား အပြည့်နှင့် မောင်းနှင်နိုင်သောခရီးအကွာအဝေးမှာ မိုင်ခြောက်ဆယ်အထိတိုးလာပါသည်။
တစ်ယောက်စီးကားအမျိုးအစားဖြစ်သည့်အပြင် Corbin Sparrow သည်ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်သော်ကြောင့် ခရီးဝေးသွားပါက မကြာခဏဘက်ထရီအား ပြန်ဖြည့်ရမည်ဖြစ်ကြောင်း သိရသည်။