အင်ဂျင်အအေးခံရည်(Coolant)



အင်ဂျင်အအေးခံရည်(coolant)တွင်ရေ(water)၊ ရေအလွယ်တကူမခဲစေရန်သုံးသည့်ဓာတုဆေးရည်(antifreeze) နှင့် SCA(Supplemental Cooling Additives) ဟုခေါ်သည့်သံချေးတတ်ခြင်း၊ သံချေးစားခြင်းမှကာကွယ်ပေးနိုင်ရန်အသုံးပြုသော additives များနှင့် cooling system အတွက်လိုအပ်သောအခြား additives များရောနှောပါ၀င်သည်။

Coolant ၏အဓိကတာဝန်မှာ

(၁) အင်ဂျင်မှထွက်ရှိလာသောအပူကိုသယ်ဆောင်လာပြီးရေတိုင်ကီတွင်ပြင်ပလေဖြင့်အအေးခံရန်

(၂)အင်ဂျင်နှင့်အအေးခံစနစ်(cooling system) ကိုသံချေးတက်ခြင်းနှင့်သံချေးစားခြင်းမှကာကွယ်ပေးနိုင်ရန်နှင့်

(၃)အေးသောရာသီဥတုအခြေအနေများတွင် coolant အေးခဲသွားခြင်းမှကာကွယ်ပေးနိုင်ရန်တို့ဖြစ်ပါသည်။

ရေသည်အခြားသောအရည်များထက်အပူကိုပို၍စုပ်ယူနိုင်သော်လည်းပင်လယ်ရေမျက်နှာပြင်အခြေအနေတွင် ၁၀၀ ဒီဂရီစင်တီဂရိတ်တွင်ရေဆူပြီး “၀” ဒီဂရီစင်တီဂရိတ်တွင်ရေခဲသည်။

ရေသည်ခဲသွားလျှင်မူလရှိသောထုထည်ထက် ၉ ရာခိုင်နှုန်းခန့်တိုးလာလေ့ရှိသည်။

ထို့ကြောင့်အင်ဂျင်အတွင်းရေခဲလျှင်အင်ဂျင်ဘလောက်တုံး၊ စလင်ဒါဟက်နှင့်ရေတိုင်ကီတို့အလွယ်တကူကွဲအက်စေနိုင်သည်။

Antifreeze ၏အရည်ခဲမှတ်မှာ ၁၈ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။

Antifreeze ၅၀ ရာခိုင်နှုန်းနှင့်ရေ ၅၀ ရာခိုင်နှုန်းရောထားသော coolant ၏အရည်ခဲမှတ်မှာ ၃၇ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး အရည်ဆူမှတ်မှာ ၁၀၃ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။

Antifreeze ရ၀ ရာခိုင်နှုန်းနှင့်ရေ ၃၀ ရာခိုင်နှုန်းရောထားသော coolant ၏အရည်ခဲမှတ်တွင် ၆၄ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီးအရည်ဆူမှတ်မှာ ၁၀၇ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။

Coolant တွင် antifreeze ပါ၀င်မှုအချိုးအစားများလေလေအရည်ဆူမှတ်မြင့်လာလေလေဖြစ်သည်။

သို့သော် coolant တွင် antifreeze ပါ၀င်မှုအချိုးအစား ရ၀ ရာခိုင်နှုန်းအထိသာအရည်ခဲမှတ်ပို၍ နိမ့်ကျစေပြီး ရ၀ ရာခိုင်နှုန်းကျော်သွားပါကအရည်ခဲမှတ်ပြန်၍မြင့်တက်လာစေသည်။

Antifreeze ပါ၀င်မှုများလျှင် coolant ၏အပူစုပ်ယူမှုကျဆင်းပြီးအအေးခံနိုင်မှုစွမ်းဆောင်ရည် ကျဆင်းလာနို်င်သည်။

ထို့ကြောင့်အင်ဂျင်ထုတ်လုပ်သူအများစုသည် coolant ကိုရေချည်းသက်သက်အသုံးပြုခြင်းကို recommend လုပ်လေ့မရှိဘဲ antifreeze ၅၀ ရာခိုင်နှုန်းနှင့် ရေ ၅၀ ရာခိုင်နှုန်းရောထားသော coolant ကိုသုံးရန် recommend လုပ်ကြသည်။

၎င်း antifreeze ၅၀ ရာခိုင်နှုန်းနှင့်ရေ ၅၀ ရာခိုင်နှုန်းရောထားသော coolant သည် cooling system ၏လိုအပ်သောအပူကူးပြောင်းခြင်းနှင့်အေးခဲမှုကြောင့်ဖြစ်ပေါ်လာနိုင်သောအင်ဂျင်အစိတ်အပိုင်းများပျက်စီးခြင်း တို့နှစ်ခုကြားတွင်သင့်တော်မျှတသောအရောအနှောအချိုးဖြစ်သည်။

ထို့ကြောင့်အသင့်ရောစပ်ပြီးထုတ်လုပ်ထားသော coolant အရည်များကိုရေထပ်မရောသင့်တော့ပါ။

Read 1432 times