ကားကီးရီမုတ်ကို လေးကြိမ်ဆက်တိုက်နှိပ်ရင် ဖြစ်လာမည့်အချက်များ


အယ်လ်ဖတ်၊ ဆယ်လ်စီယာ၊ ဟာရီယာ၊ ပါဂျဲရိုး(ဖားပြုတ်) စသည့် ကားများ၏ အသုံးဝင် ကီးရီမုတ်function တစ်ခုကို ဖော်ပြထားပါသည်။

ကားအပြင်ရောက်ပြီးမှ လော့ခ်(lock )ချမည်ဆိုပြီး ကားကို ပြန်ကြည့်လိုက်သည့်အခါနောက်တံခါးမှန်များ မပိတ်ရသေးခြင်းမျိုးဖြစ်တတ်ပါသည်။

ထိုအခါတွင် ကားထဲပြန်ဝင်၊ သော့ဖွင့်၊ မှန်များပြန်တင်၊ တံခါးပြန်ပိတ်၊ လော့ခ်ချအလုပ်များမရှုပ်ရအောင် ကီးရီမုတ်နှင့် ဖြေရှင်းနို်င်ပါသည်။

ယင်းကီးရီမုတ်၏ခလုတ်(lock button) ကို ဆက်တိုက်လေးကြိမ် နှိပ်လိုက်ပြီး ဖိထားလိုက်ပါ။

မတင်ရသေးသည့်တံခါးမှန်များ အလိုလိုတက်လာမည်ဖြစ်ပြီး တံခါးလော့ခ်များချပေးပါလိမ့်မည်။

ဘက်ကြည့်မှန် ခေါက်မသိမ်းမိခဲ့လျှင်တောင်မှ ခေါက်သွားပေးမည်ဖြစ်သည်။

ကားကိုနေပူထဲတွင် ရပ်ထားခဲ့မိလျှင် ပြန်လာသည့်အခါမျိုးတွင် အဝေးမှ key remote နှင့် unlock button ကိုလေးကြိမ်ဆက်တိုက်နှိပ်ပြီး ဖိထားလိုက်ပါ။

တံခါးလေးပေါက်စလုံးမှ မှန်များကို သူ့အလိုလိုချပေးပါလိမ့်မည်။

ခေါက်သိမ်းထားသည့် ဘက်ကြည့်မှန်ကိုပါ ပြန်ဖွင့်ပေးသွားမည်ဖြစ်သည်။

လေပူများကုန်လောက်သည့် အခါမှ ကားထဲဝင်ပါက အဆင်ပြေစေပါသည်။

Read 10113 times