ကားအရောင်းစင်တာနှင့်ကားအရောင်းပြခန်းများမှ Consignment စနစ်ဖြင့်ကားအစီးရေ ၈၄,၀၀၀ ကျော်တင်သွင်း


ကားအရောင်းစင်တာနှင့်ကားအရောင်းပြခန်းများမှ Consignment စနစ်ဖြင့်ကားအစီးရေ ၈၄၀၀၀ ကျော်တင်သွင်းခဲ့ရာအရောင်းစာရင်းပြရန်အစီးခြောက်ထောင်ဝန်းကျင်ကျန်ရှိနေသေးကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်ပြည်ပမှမော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပြုရန် မော်တော်ယာဉ်အရောင်းစင်တာများကို ၂၀၁၁ ခုနှစ်၊စက်တင်ဘာလမှစ၍ ခွင့်ပြုပေးခဲ့ပြီးမော်တော်ယာဉ် အရောင်းပြခန်းများကိုလည်း ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှစ၍တင်သွင်းရောင်းချခွင့်ပေးခဲ့သည်။
ယင်းသို့ကားအရောင်းစင်တာများနှင့်ကားအရောင်းပြခန်းများကိုကားတင်သွင်သွင်းခွင့်စတင်ခွင့်ပြုပေးခဲ့သည့်အချိန်မှစ၍ ယခုနှစ်ဇူလိုင်လအထိကားအရောင်းပြခန်းများမှကားအစီးရေခုနှစ်ထောင်ကျော်တင်သွင်းထားပြီး ကားအရောင်းစင်တာများမှယာဉ်အို/ဟောင်းစလစ်ကပ်ဖြင့်အစီး ၆၄၀၀၀ ကျော်နှင့်ဖရီးပါမစ်ဖြင့်အစီး ၁၃၀၀၀ ကျော်တင်သွင်းထားကြောင်းသိရသည်။
အပ်ကုန်စနစ်နှင့်ကားအရောင်းပြခန်းများ၊ကားအရောင်းအစာရင်းပြရန်အစီးခြောက်ထောင်ကျော်ကျန်နေသေးပါသည်။
အရောင်းစာရင်းပြရန်ကျန်သည့်ကားများထဲတွင်စလစ်ကပ်ကားအစီးလေးထောင်ကျော်အထိရှိသည်ဟုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးကဆိုသည်။
အပ်ကုန်စနစ်ဖြင့်တင်သွင်းထားပြီးအရောင်းစာရင်းပြရန်ကျန်နေသေးသည့်ကားများထဲတွင်ကားအရောင်းပြခန်းများမှတင်သွင်းထားသည့်ကားများထဲမှအစီးခုနှစ်ရာကျော်နှင့်ကားအရောင်းစင်တာများမှတင်သွင်းထားသည့် စလစ်ကပ်ကားအစီးလေးထောင်ကျော်၊ဖရီးပါမစ်ကားအစီး ၁၅၀၀ ကျော်ပါ၀င်ကြောင်းသိရသည်။
 

Read 831 times