ယခင်က အရောင်းပြခန်းများ၊ အရောင်းစင်တာများ consignment စနစ်ဖြင့် ကားတင်သွင်းခွင့်လျှောက်ထားရာ လိုင်စင်တစ်စောင်လျှင် ကားအစီးရေ ၅ စီးအထိသာ လျှောက်ထားခွင့်ပေးထားခဲ့ပြီး လိုင်စင်များ ဖောင်းပွနေ၍ လိုင်စင်တစ်စောင်ကို ကား၁၀ စီးအထိ လျှောက်ထားခွင့်ပေးခြင်းဖြစ်သည်ဟုဆိုသည်။
"အဓိက က အရောင်းစင်တာတွေက consignment စနစ်နဲ့ ကားတင်သွင်းလိုင်စင်လျှောက်ထားတာကို အရင်ကလိုင်စင်တစ်စောင် ကား ၅ စီးပေးလျှောက်ထားတာ၊ လိုင်စင်တွေပြန်စစ်တဲ့အခါ စစ်ဆေးရတာ မလွယ်ဘူး။ လိုင်စင်တွေက အရမ်းဖောင်းပွနေလို့ လိုင်စင်တစ်စောင်ကို ကား ၁၀ စီးအထိ လျှောက်ထားခွင့်ပေးတာပါ။" ဟု နေပြည်တော်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။