Consignmentစနစ်ယာဉ်များကိုနယ်လိုင်စင်ပေးခြင်းကြောင့်နယ်လိုင်စင်မော်တော်ယာဉ်ဈေးနှုန်းကျဆင်း


လက်ရှိတွင်ပြည်တွင်းတွင်Consignmentစနစ်ဖြင့်မော်တော်ယာဉ်အရောင်းပြခန်းနှင့်အရောင်းစင်တာများမှတင်သွင်းထားသောယာဉ်များကို

ငွေကျပ်သိန်း၃၀ ဖြင့်လည်းကောင်း၊ ၂၀၀၀ မော်ဒယ်မှ ၂၀၀၅ မော်ဒယ်အထိမော်တော်ယာဉ်များကို ငွေကျပ်သိန်း ၆၀ ဖြင့်လည်းကောင်းပေးဆောင်စေပြီး နယ်လိုင်စင်ဖြင့်မှတ်ပုံတင်ပေးမည်ဖြစ်သောကြောင့်မော်တော်ယာဉ်ရောင်းဝယ်ဈေးကွက်တွင်နယ်လိုင်စင်ယာဉ်များ၏ဈေးနှုန်းမှာ များစွာကျဆင်းလာကြောင်းသိရသည်။

ယင်းနယ်လိုင်စင်များသည်အမျိုးအစားပေါ်မူတည်ပြီး မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိကျဆင်းသွားကြောင်းသိရသည်။

ထို့သို့သတင်းထုတ်ပြန်ချိန်တွင်နယ်လိုင်စင်ယာဉ်များ၏ဈေးနှုန်းကျဆင်းသကဲ့သို့ယင်းလုပ်ငန်းကိုအမှန်တ ကယ်အကောင်အထည်ဖော်မည့်ယခုနှစ်နှစ်လယ်ပိုင်းတွင် ယခုထက်နှစ်ဆခန့်ကျဆင်းနိုင်ကြောင်းသိရသည်။

ရန်ကုန်လိုင်စင်များမှာပြည်တွင်းရှိမော်တော်ယာဉ်ဝယ်ရောင်းဈေးကွက်မာျးတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှရန်ကုန်လိုင်စင်ချပေးထားခြင်းကိုယာယီပိတ်ထားသဖြင့်ထပ်မံမဝင်ရောက်နိုင်ခြင်းကြောင့်ယခုနှစ်နှစ်ဆန်း ပိုင်းမှစ၍လက်ရှိအချိန်ထိ လစဉ်ဈေးနှုန်းများမြင့်တက်နေကြောင်းသိရသည်။

Read 4999 times