အော်တိုဂီယာနဲ့ မန်နူရယ်ဂီယာ နှိုင်းယှဉ်ခြင်း


အော်တိုဂီယာဘောက်ဆိုတာ အခုခေတ်ကားတွေမှာ အသုံးများလာတဲ့ ဂီယာဘောက်တစ်မျိုးပဲ ဖြစ်ပါတယ်။ အဆိုပါဂီယာဘောက်ကို 1921 ခုနစ်မှာ အဲဖရက်ဟော်နာဆိုတဲ့သူက စတင်တီထွင်ခဲ့တာဖြစ်ပြီး 1923 ခုနစ်နောက်ပိုင်းမှာတော့ US ကားတွေမှာ စတင်အသုံးပြုခဲ့ပါတယ်။

သူနဲ့နှိုင်းယှဉ်မည့် မန်နူရယ်ဂီယာဘောက်ကတော့ ဟိုးပဝေသနီကပင် အသုံးပြုခဲ့တာပါ။ ကားသမိုင်းကိုလဲ မန်နူရယ်ဂီယာဘောက်နဲ့ပဲ ပွဲထုတ်ခဲ့တာပါ။ ကနဦးကားတွေရဲ့ ဂီယာဘောက်တွေဟာ နောက်ကိုပြန်မောင်းတဲ့ reverse ဂီယာ မပါရှိပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာပြန်လည်ဆန်းသစ်ပြီး Back ဂီယာကို ထည့်သွင်းခဲ့ပါတယ်။ အခုမျက်မှောက်ခေတ် အဆင့်မြှင့် ကားတွေမှာတော့ Back ဂီယာကို အင်ဂျင်ရဲ့ ရုန်းအားပေါ်မူတည်ပြီး High Reverse (သို့) Low reverse စတဲ့ mode နှစ်ခုကို တပြိုင်နက် ထည့်သွင်းထားပါတယ်။ ဒီနေရာမှာ အဲ့ဒီအပိုင်းအဓိကပြောမှာမဟုတ်ပဲ အော်တိုနဲ့မန်နူရယ် ကွာခြားချက်အချို့ကိုပဲ အဓိကထားရှင်းသွားမှာပါ။

အော်တိုဂီယာဘောက်ဟာ အများအားဖြင့် ဓာတ်ဆီအင်ဂျင်နဲ့သာ တွဲဖက်တပ်ဆင့်လေ့ရှိပြီး အသုံးပြုတဲ့ပုံစံက ရိုးရှင်းလွန်းပါတယ်။ အဓိကကတော့ ဆီစားသက်သာနှုန်း သက်သာပါတယ်။ ဒါပေမဲ့ အသုံးပြုတဲ့သူတွေ ကြိုက်နှစ်သက်ရတဲ့ အဓိကအချက်က သက်တောင့်သက်တာ မောင်းနှင်ရတာပါပဲ။ လက်တွေ့အသုံးပြုတဲ့ customer တစ်ယောက်ကို မေးမြန်းဖူးပါတယ်။ သူ့ရဲ့ အဓိကအဖြေက manual မောင်းနှင်ရတာ ရေရှည်မှာ ဒူးညောင်း ခါးနား စတာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ Auto ကတော့ အဆိုပါ ဒုက္ခတွေ ကင်းဝေးစေပြီး သက်တောင့်သက်သာ ရှိစေပါတယ်။ ဆီစားနှုန်းကတော့ အရမ်းကြီးမသိသာပါဘူး။ ဒါပေမဲ့ Theory အရကော Practical အရကော နှိုင်းယှဉ်ရင်တော့ Automatic Transmission က ဆီစားသက်သာစေပြီး စီးပွားရေးအရ တွက်ခြေကိုက်ပါတယ်။

မန်နူရယ်ဂီယာဘောက်ကတော့ တော်တော်များများ သိရှိကြတဲ့အတိုင်း အော်တိုလိုတော့ မောင်းနှင်ရတာ Clutch ပါတဲ့အတွက် Clutch နင်းရတာ ဂီယာထိုးရတာ အလုပ်ရှုပ်စေပါတယ်။ ဒါပေမဲ့ မန်နူရယ်ကို ကြိုက်တဲ့သူတွေ အများသားပါ။ တကယ် ကားမောင်းရတဲ့ Driving Feel ကတော့ မန်နူရယ်မောင်းရတာပါပဲ၊ မန်နူရယ်ကို ဒီဇယ်နဲ့တွဲဖတ်ပြီးအတွေ့များပါတယ်။ ဒါပေမဲ့ ဓာတ်ဆီနဲ့လည်း တွဲဖတ်အသုံးပြုပါသေးတယ်။ ကားကြီးတွေမှာတော့ မန်နူရယ် ဒီဇယ် ဒီလိုပဲ လာလေ့ရှိပါတယ်။ သို့ပေမဲ့ အခုနောက်ပိုင်း ကားကြီးတွေမှာ အဆင့်မြင့်ဂီယာဘောက်တွေကို တွဲစပ်အသုံးပြုရတာ တွေ့ရပါတယ်။ စက်ပြင်ဆရာကြီးတွေ အပြော Escot Transmission ဒါဟာ မန်နူရယ်ကို လျှပ်စစ်ကွန်ပြူတာနည်းပညာ ပေါင်းစပ်ထားတဲ့ ဂီယာဘောက်ပါပဲ။

Automatic Transmission နဲ့ Manual Transmission နှိုင်းယှဉ်ရာဝယ်

Auto ဟာ ဆီစားသက်သာတယ်၊

Auto ဟာ Manual ထက် အလေးချိန်နဲနဲလေးပိုပေါ့တယ်၊

မောင်းနှင်ရတာ လွယ်ကူပြီး Safe ဖြစ်ပါတယ်၊

Auto ဟာ Manual ပြုပြင်ရတာ ရှုပ်ထွေးပြီး အနူစိတ်ပါတယ်၊

Auto ဟာအသုံးပြုရတာ လွယ်ကူတဲ့အတွက် Manual ထက်လူကြိုက်ပိုများပါတယ်။

ပြုပြင်ထိန်းသိန်းမှုအပိုင်းမှာတော့ Auto ဟာ Manual ထက် ဈေးပိုပြီးကြီးပါတယ်။ ဂီယာဘောက် နှစ်ခုလုံးမှာရှိတဲ့ အတွင်းကိရိယာတန်ဆာပလာများကတော့ ရှုပ်ထွေးစွာပါရှိပါတယ်။

Manual မှာ Clutch ပါဝင်ပြီး Auto မှာကျတော့ Clutch အစား Torque Converter လို့ခေါ်တဲ့ လိမ်လှည့်အားပြောင်းဘူး ပါဝင်လာပါတယ်။ ကားတစ်စီးလုံးရဲ့ Shaft power ကို အဆိုပါ Coverter ကပဲမြှင့်တင်ပေးပါတယ်။Manual မှာ Main set ထဲမှာ သုံးထားတဲ့ Gear အများစုက Helical / Spur စတဲ့ gear အမျိုးစားတွေဖြစ်ပြီး အရေတွက်များစွာပါဝင်ပါတယ်။ Synchronizer ကနေတဆင့်ထိန်းချုပ်လုပ်ဆောင်ပေမဲ့ Auto မှာတော့ Planet gear set ထဲမှာ gear အများစုနဲ့ Clutch ပြားတွေနဲ့ ထိန်းချုပ်မောင်းနှင်ပါတယ်။ gear အရေးတွက်များစွာပါရှိတာကတော့ Manual ပါ။

Manual မှာ gear အချက်ရေကြားမှာ လူကပဲ ထိန်းချုပ်မောင်းနှင်ပေးပြီ Auto မှာကျတော့ Valve body ကနေ Oil pressure နဲ့ Vehicle ရဲ့ လိုအပ်တဲ့ အခြေနေအလိုက် အရှိန်ပြောင်းစနစ်နဲ့ အလိုအလျာက်မောင်းနှင်ပေးပါတယ်။Auto မှာ Electrical ပိုင်းတွေ ပါဝင်ပေမဲ့ Manual မှာတော့ မပါဝင်ပါဘူး။ ယခုနောက်ပိုင်းမှာတော့ Manual မှာလည်း ဆင်ဆာတွေအတွက် သီးသန့်ဝါယာရင်းပိုင်းတွေ ပါရှိလာပါတယ်။ Auto မှာတော့ TCU / TMS လို့ခေါ်တဲ့ Transmission Control Unit ပါဝင်လာပါတယ်။ Manual မှာ Clutch နင်း ဂီယာထိုး စတဲ့ Driving Feel ကိုခံစားရပေမဲ့ Auto မှာလဲ အဲ့ Feel ရှိပါတယ်။ Shift knob ပါဝင်ပါတယ် ဒါပေမဲ့ အပြည့်ဝတော့ ခံစားရမှာ မဟုတ်ပါဘူး။

Credit;Original writer

Read 2983 times