ပြည်ပမှလုပ်ငန်းသုံးကုမ္ပဏီလိုင်စင်ဖြင့်အမည်ပေါက်တင်သွင်းထားသည့် ကားများအားတည်ဆဲဥပဒေများအရတစ်ဆင့်ပြန်လည်ရောင်းချခွင့်မရှိသည်ကို ပြန်လည်ရောင်းဝယ်နေခြင်းကြောင့် သက်ဆိုင်ရာဌာနများ ပူးပေါင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးတွေ့ရှိပါကဥပဒေအတိုင်းအရေးယူသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှစုံစမ်း သိရသည်။
သို့သော်ကုမ္ပဏီအမည်ပေါက်ကားများအားပြန်လည်ဝယ်ယူသူများအနေဖြင့်သတ်မှတ်ထားသည့် အခွန်နှုန်းထားများပေးဆောင်စေပြီး အမည်ပေါက်အဖြစ်ပြန်လည်ပြောင်းလဲခွင့်ရှိကြောင်းသိရသည်။
ကုမ္ပဏီအမည်ပေါက်ကားများကိုလူအမည်ပေါက်ဆောင်ရွက်မည်ဆိုပါက ၂ ရာခိုင်နှုန်းမျာကုမ္ပဏီ၏ တင်သွင်းထားသည့်အပေါ်တွင်ကြိုတင်ဝင်ငွေခွန်အနေဖြင့်ကောက်ခံမည်ဖြစ်သောကြောင့်ခုနှိမ်ခွင့်ရမည် မဟုတ်ကြောင်းသိရသည်။
၂ ရာခိုင်နှုန်းကောက်ခြင်းမှာကုမ္ပဏီ၏လုပ်ငန်းပေါ်တွင်ကောက်ခြင်းဖြစ်ပြီး တင်သွင်းသည့်ကားများပေါ်တွင် ကောက်ခံခြင်းမဟုတ်ကြောင်းသိရသည်။
ယင်းကားကိုတစ်ဆင့်ပြန်လည်ဝယ်ယူသည့်အခါအမည်ပေါက်ပြုလုပ်မည့်သူကဝင်ငွေရမလမ်းမဖော်ပြနိုင်ပါက သတ်မှတ်ထားသည့်အတိုင်း အခွန်ပေးဆောင်ပြီးမှသာအမည်ပေါက်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
ဝင်ငွေခွန်ကောက်ခံရာတွင်ပြည်ပမှတင်သွင်းသောကားများသာမကပြည်တွင်းထုတ်ကားများကိုလည်း အခွန်ကောက်ခံနေပြီး ယခုဘဏ္ဍာနှစ်အစ ဧပြီလနှင့်မေလတတိယပတ်အထိ ကား၂၄၉၃ စီးအတွက်ဝင်ငွေခွန် ကျပ်သန်းပေါင်း ၄၁၂၂ သန်းကောက်ခံရရှိထားကြောင်းသိရသည်။