အီးဗီများဖြင့် အစားထိုးရန် ComfortDelGro ဒေါ်လာ ၆ ဘီလီယံ သုံးမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ComfortDelGro ကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌ Lim Jit Poh သည် သမားရိုးကျ လောင်စာဆီဖြင့် လက်ရှိ ပြေးဆွဲနေသော ဘတ်စ်ကားများနှင့် တက္ကစီများကို လျှပ်စစ်ကားများဖြင့် အစားထိုးရန်အတွက် ကန်ဒေါ်လာ ၆ ဘီလီယံခန့် သုံးစွဲရန် မျှော်လင့်ထားကြောင်း ကုမ္ပဏီ နှစ် ၂၀ ပြည့် ညစာစားပွဲတွင် ပြောကြားသည်။ ပြောင်းလဲမည့် အစီအစဉ်အတွက် အချိန်ကာလကိုမူ မပြောကြားပါ။
ယခင်က လုပ်ကိုင်ခဲ့ဖူးပြီး လုပ်ငန်းရပ်ထားသည်မှာ နှစ်ပေါင်း ၂၀ ဝန်းကျင်ရှိပြီဖြစ်သော မော်တော်ယာဉ် ဖြန့်ဖြူးရေးလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ရန် အလေးအနက် ချိနဆနေကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် ComfortDelGro သည် ရေကြောင်းနှင့် လေကြောင်း ပို့ဆောင်ရေးတို့ကို လော့ဂျစ္စတစ်နှင့်အတူ တိုးချဲ့ လုပ်ကုိင်မည်ဟု Lim က ပြောကြားသည်။
မော်တော်ယာဉ် ပင်ကိုမောင်းနှင်စွမ်းရည် အသုံးပြုရန် ကန်ဒေါ်လာ သန်း ၃၀ ဖယ်ထားကြောင်းလည်း ၎င်းက ပြောကြားသည်။
ComfortDelGro သည် ပထမအနှစ် ၂၀ အတွင်း ကြုံတွေ့ခဲ့ရသည်ထက် ပိုမိုခက်ခဲသော အနာဂတ်ကို ရင်ဆိုင်ရလိမ့်မည်ဟု Lim က သတိပေးသည်။
Source Yahoo Finance
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U