စင်ကာပူတွင် ယာဉ်မောင်း ရဖို့ တက္ကဆီလုပ်ငန်းများ ပူးပေါင်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အင်ဒိုနီးရှားမှ တက္ကဆီအငှားအက်ပ်လုပ်ငန်း Gojek သည် ယာဉ်မောင်းအကျပ်အတည်းကို ဖြေလျှော့ရန်အတွက် စင်ကာပူထိပ်တန်း တက္ကစီကုမ္ပဏီ ComfortDelGro နှင့် ပူးပေါင်းသည်။
ComfortDelGro သည် တက္ကဆီ စီးရေ ၁၀,၀၀၀ ဖြင့် ပြေးဆွဲနေသည်။
နှစ်နှစ်ကြာ ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီမှုသည် စင်ကာပူရှိ Gojek အက်ပ်သုံးစွဲသူများအား ၎င်အက်ပ်မှတစ်ဆင့် ComfortDelGro ၏ တက္ကစီယာဉ်များသို့ ငှားရမ်းနိုင်မည် ဖြစ်သည်။
စင်ကာပူမှ တက္ကဆီယာဉ်မောင်းများသည် နှစ်သက်ရာ တက္ကဆီအငှား ဝန်ဆောင်မှုအက်ပ်ကို ရွေးချယ်နိုင်မည်။ ComfortDelGro တွင် မောင်းနှင်နေသော ယာဉ်မောင်းအချို့သည် Gojek အက်ပ်တွင် စာရင်းပေးသွင်းထားကြပြီ ဖြစ်သည်။
အက်ပ်ကုမ္ပဏီနှစ်ခုသည် အခြားရင်းမြစ်များကိုလည်း မျှဝေသုံးစွဲကြရန် သဘောတူညီခဲ့ကြသည်။ အီးဗီများ အတူသုံးစွဲရန်၊ ယာဉ်မောင်းသင်တန်း၊ အာမခံ၊ ယာဉ်ပြုပြင်ထိန်းသိမ်းရေးတို့ကို လုပ်ငန်းတစ်ခုတည်းအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်သည်။
.
Gojek သည် စူပါအက်ပ် လုပ်ငန်း GoTo ၏ လက်တံတစ်ခု ဖြစ်သည်။ GoTo ၏ အခြားလက်တံ တစ်ခုမှာ အီးကောမတ်စ် ကုမ္ပဏီ Tokopedia ဖြစ်သည်။
Gojek နှင့် ၎င်း၏ စင်ကာပူအခြေစိုက် ပြိုင်ဘက် Grab တို့ကဲ့သို့သော အငှားယာဉ်ဝန်ဆောင်မှုအက်ပ်များသည် COVID-19 ကပ်ရောဂါကာလတွင် ယာဉ်မောင်းအများအပြားတို့သည် တက္ကဆီ ဆွဲစား၍ မရကြသဖြင့် အခြားအလုပ် ပြောင်းလုပ်ခဲ့ကြပြီး ယခုအခါ ယာဉ်မောင်းများနှင့် တက္ကဆီကားများ မလောက်ငှသည့် ပြဿနာကို ရင်ဆိုင်နေကြရသည်။
.
ယာဉ်မောင်း မလုံလောက်သည့်အတွက် တက္ကဆီကို အက်ပ်မှတစ်ဆင့် ငှားရမ်းသည့်အခါ စောင့်ရချိန်ကြာနေတတ်သည်။ အငှားများကြသော နာရီများတွင် ငှားရမ်းခ ဈေးမြင့်သည်။
တက္ကဆီ ငှားသူဦးရေ ပြန်များလာသည့်အခါ အဆင်ပြေစေဖို့ Gojek နှင့် Grab တို့သည် တက္ကဆီယာဉ်မောင်းများ ရဖို့ မက်လုံးများပေးသည်။ အကယ်စင်စစ် ကုမ္ပဏီနှစ်ခုလုံး အရင်းကြေမှတ်သို့ မရောက်ရှိဘဲ အရှုံးပြနေကြသည်။
.
နိုဝင်ဘာလ လအစောပိုင်းတွင် Grab မှ ဇူလိုင်လမှစက်တင်ဘာလအတွင်း ၎င်း၏ လစဉ်ပျမ်းမျှယာဉ်မောင်းဦးရေသည် ကိုဗစ်အကြိုကာလ ၂၀၁၉ ခုနှစ်၏ နောက်ဆုံးသုံးလပတ်တွင် ရှိနေသော ဦးရေ၏ ၈၀% သာ ရှိကြောင်း ပြောကြားခဲ့သည်။
.
Grab သည် အရှေ့တောင်အာရှနိုင်ငံ ရှစ်နိုင်ငံတွင် လုပ်ကိုင်လျက်ရှိရာ စာရင်းသွင်းထားသော ယာဉ်မောင်းမိတ်ဖက် စုစုပေါင်း ၅ သန်းကျော်ရှိသည်။
Gojek သည် အရှေ့တောင်အာရှနိုင်ငံ သုံးနိုင်ငံတွင် လုပ်ကိုင်လျက်ရှိရာ စာရင်းသွင်းထားသော ယာဉ်မောင်းမိတ်ဖက် စုစုပေါင်း ၂.၆ သန်းကျော်ရှိသည်။
Source Asia Nikkei
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U