Coca-Cola အတွက် အထူးသီးသန့်လျှပ်စစ်ထရပ်ကား 


Coca-Cola အတွက် အထူးသီးသန့်လျှပ်စစ်ထရပ်ကား 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Tesla Semi ဘက်ထရီသုံး လျှပ်စစ်ထရပ်ကားများကို Pepsi အဖျော်ယာမကာလုပ်ငန်းကြီးက သုံးစွဲမည် ဖြစ်ကြောင်း Tesla က မကြေညာခင်မှာ Coca-Cola အဖျော်ယမကာလုပ်ငန်းအတွက် ဘက်ထရီသုံး လျှပ်စစ်ထရပ်ကားများ ထုတ်လုပ်ပေးနေတဲ့ Renault က သရော်ခဲ့တဲ့အကြောင်း Myanmar Automobile Guide မှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ Read more


Pepsi အတွက် ဘက်ထရီသုံး လျှပ်စစ်ထရပ်ကားTesla Semi များကို Tesla က ၂၀၂၂ ဒီဇင်ဘာလ ၁ ရက်မှာ စတင်ပေးအပ်မှာ ဖြစ်ပါတယ်။ 
ဘက်ထရီသုံး လျှပ်စစ်ထရပ်ကားများကို တွင်တွင်ကျယ်ကျယ် အရင်ဆုံး သုံးစွဲခဲ့တာ Coca-Cola  ဖြစ်ပါတယ်။
Pepsi က အားသွင်းရုံ ထူထောင်နေချိန်မှာ Coca-Cola က ဘက်ထရီသုံး လျှပ်စစ်ထရပ်ကားများဖြင့် လုပ်ငန်းလည်ပတ်နေပါပြီ။
ပြင်သစ်အခြေစိုက် Renault နှင့် အမေရိကန်အခြေစိုက် Tesla တို့က အီဗီကဏ္ဍရဲ့ အကြီးစားမော်တော်ယာဉ် အပိုင်းအကန့်ကို မောင်းဝင်ကြတာ ဖြစ်ပါတယ်။ 
Tesla က Tesla Semi ကို ၂၀၁၇ မှာ ကြေညာခဲ့ပြီး ၂၀၂၂ ဒီဇင်ဘာလ လဆန်းမှာ ၁၅ စီးကို ပထမအသုတ်အဖြစ် Pepsi ကို  ပေးအပ်မှာ ဖြစ်ပြီး Pepsi က အမေရိကန်မှာ သုံးစွဲသွားမှာ ဖြစ်ပါတယ်။
 Renault လှျပ်စစ်ထရပ်ကားများကို Coca-Cola က ဥရောပမှ ဘယ်လ်ဂျီယံမှာ သုံးစွဲပါတယ်။
 Tesla Semi နှင့် နှိုင်းယှဉ်လျှင် Renault လျှပ်စစ်ထရပ်ကားက ခရီးတာ ပိုနည်းပါတယ်။
 “Coca-Cola Truck” က ခရီးတာ ၂၀၀ ကီလိုမီတာအထိ သွားနိုင်ပါတယ်။ ယခင်သုံးစွဲခဲ့တဲ့ ဒီဇယ်အင်ဂျင် ထရပ်ကားများက ခရီးတာ ၁၅၀ ကီလိုမီတာအထိသာ ရတဲ့အတွက် လျှပ်စစ်ထရပ်ကားက ကီလိုမီတာ ၅၀ ပိုများပါတယ်။
Coca-Cola Truck ကို မြို့တွင်း Coke ဖျော်ရည်များ လိုက်လံပေးပို့ရန် ရည်ရွယ်ထားပါတယ်။
ညဘက် ရပ်နားထားချိန်မှာ အားသွင်းထားပြီး နောက်တစ်နေ့မှာ တစ်နေကုန် သုံးစွဲနိုင်ပါတယ်။


 Coca-Cola ရဲ့ လိုအပ်ချက်များနှင့်အညီ ထရပ်ကားကို အထူးသီးသန့် ဒီဇိုင်းထုတ်ထားပါတယ်။ ထို့ပြင် စွမ်းအင်သုံးစွဲမှု ထိရောက်ရန်၊ Coke ဖျော်ရည်များ အတင်အချပြုရာမှာ သက်သောင့်သက်သာ ရှိစေရန်၊ ယာဉ်မောင်း ဘေးကင်းရေးတို့အတွက်လည်း ဒီဇိုင်းမှာ ထည့်စဉ်းစားပေးထားပါတယ်။ ၃၆၀ ဒီဂရီ စနစ်များလည်း တပ်ဆင်ပေးထားပါတယ်။ ကားထဲမှ အပြင်သို့ လှမ်းပြောဖို့ စပီကာစနစ်လည်း တပ်ဆင်ပေးထားပါတယ်။
 Source SCMP 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 272 times