CNG အိုး သက်တမ်းတိုးနှင့် ကြံ့ခိုင်မှုစစ်ဆေးပေးခြင်း အောက်တိုဘာလ (၄)ရက်မှ စတင်ဆောင်ရွက်ပေးလျက်ရှိ


လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးဓာတ်ငွေ့ဌာနမှ  CNG သုံး မော်တော်ယာဉ်များရှိ CNG အိုး သက်တမ်းတိုးခြင်းနှင့် ကြံ့ခိုင်မှုစစ်ဆေးပေးခြင်းကို အောက်တိုဘာလ (၄)ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဇူလိုင်လကုန်ပိုင်းတွင် ကိုဗစ်လှိုင်းကြောင့် စစ်ဆေးမှု ခေတ္တယာယီ ရပ်နားထားခဲ့ပြီး ယခု ပြန်လည်ဖွင့်လှစ် စစ်ဆေးပေးခြင်း ဖြစ်ပါသည်။ 
တစ်နှစ်တစ်ကြိမ် နှစ်ပတ်လည် စစ်ဆေးပေးသည် ဖြစ်ရာ၌
၆လပိုင်း ၇ လပိုင်း သက်တမ်းကုန် မော်တော်ယာဉ်များကို အရင်ဦးစားပေးပြီး စစ်ဆေးပေးသွားမည်။
 ၈လပိုင်း ၉ လပိုင်း ၁၀ လပိုင်း သက်တမ်းကုန် မော်တော်ယာဉ်များကို လောလောဆယ်တွင် သက်တမ်းကုန်သော်လည်း ဆက်လက်၍ ဓာတ်ငွေ့ ရောင်းချပေးသွားမည်။ 

 

 

ရုံးဖွင့်ရက်များတွင် တစ်ရက်လျှင် စီးရေ ၅၀ မှ ၆၀ အထိ
အင်းစိန် ရွာမရုံးတွင် မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ  စစ်ဆေးပေးနေပါသည်။ 

 

 

ယူဆောင်လာရမည့် စာရွက်စာတမ်း အထောက်အထားများ
CNG စာအုပ်
CNG  ကတ် (ကတ်နီ)
ယာဉ်၏ ဝှီးတက် (မူရင်း+ မိတ္တူ)
အုံနာဘုတ်  (မူရင်း+ မိတ္တူ)
လုပ်ငန်း အပိုင်း (၁/၂)  (မူရင်း+ မိတ္တူ)
တြိဂံ  (မူရင်း+ မိတ္တူ)
လာရောက်ဆောင်ရွက်သူ၏ မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင်  (မူရင်း+ မိတ္တူ)
 

Read 1237 times